ပြည်တွင်းသတင်း — မန္တလေး၊ ဇန်နဝါရီ ၁၂၊ ၂ဝ၁၃
ဆန္ဒမဲ ပေးပွဲ မြင်ကွင်း တစ်ခု

ဆန္ဒမဲ ပေးပွဲ မြင်ကွင်း တစ်ခု

စတင်စီစဉ် ဆောင်ရွက်ခြင်း မပြုမီ လုံလောက်သည့် ရက် သတ်မှတ်ထားမှု မရှိခြင်းနှင့် ပွင့်လင်းမြင်သာသော ဆန္ဒမဲပေးခွင့် မရရှိခဲ့ကြသဖြင့်သာ မြို့နယ်အလိုက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ပွဲများ ပြဿနာ ပေါင်းစုံ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက စတင်ကာ တိုင်းဒေသကြီး အလိုက် သက်ဆိုင်ရာ မြို့နယ်များအတွင်း ပြုလုပ်လျက် ရှိသော ရပ်ကွက် အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ပွဲများနှင့် ပတ်သက်၍ ဆန္ဒမဲပေး ခဲ့ရသည့် ဒေသခံ ပြည်သူများက ဆိုသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ပွဲ ကျင်းပရာတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ခရိုင်အတွင်းရှိ မြို့နယ် များတွင်လည်း တချို့သော ရပ်ကွက်/ကျေးရွာ များ မှအပ အများစုမှာ မဲသမာမှုများနှင့် ပွင့်လင်းမြင်သာ သော လုပ်ကိုင် ဆောင်ရွက်မှုများ မရှိကြသဖြင့် တိုင်းဒေသကြီးအချို့တို့တွင် မြို့နယ် အလိုက် ဆန္ဒဖော်ထုတ်ပွဲ များ ပြုလုပ်ခဲ့ ကြသလို မိမိတို့ဒေသတွင်လည်း ရပ်ကွက်/ကျေးရွာအလိုက် ဆန္ဒဖော် ထုတ်ပွဲများပြုလုပ်သွားရန် ဆန္ဒရှိကြ ကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ်(၁) ရပ်ကွက်နေ ပြည်သူတစ်ဦးက “စိတ်ကျေနပ်မှု ရှိသလား ဆိုတော့ နည်းနည်းလေး မှကျေနပ်မှု မရှိပါဘူး။ အခြေအနေ စောင့်ကြည့်နေတာပါ။ တချို့ရပ်ကွက်တွေမှာ လည်း ကျွန်တော်တို့ အတိုင်းပါပဲ။ အခြေအနေကို စောင့်ကြည့်နေကြတာပါ။ ဥပဒေနဲ့အညီ စည်းနဲ့ကမ်းနဲ့ ကြပ်ကြပ် မတ်မတ် ပြန်လုပ်ပေး ဖို့ တောင်းဆို ကြည့်မယ်။ မရရင်တော့ လမ်းပေါ် ထွက်သင့်ရင် ထွက်ရမှာပဲ” ဟု မကျေမနပ် ဆိုသည်။

သတ်မှတ်ထားရှိသော အချိန် တိုတောင်းခြင်း၊ ရွေးချယ်ခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ များကြား သိရှိနားလည်စေရန် ဆောင်ရွက်နိုင်မှု အားနည်းခြင်းနှင့် ထင်သာ မြင်သာသော အသိပေးအကြောင်း ကြားခြင်းများ မရှိခဲ့သည့်အတွက် ကြောင့်သာ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း “အိမ်တိုင် ရာရောက် အသိပေး အကြောင်း ကြားတာမျိုး မရှိပါဘူး။ ကားနဲ့ အော်သွားတာမျိုး လောက်ပဲ တွေ့ရတယ်။ သူတို့ ပြောတဲ့ အိမ်တိုင်ရာရောက် လိုက်လံ အသိပေးတာမျိုး မတွေ့ရပါဘူး” ဟု မဟာအောင်မြေ မြို့နယ် အတွင်း မဲပေးခဲ့ရသူ တစ်ဦးက ဆိုသည်။

ရပ်ကွက်ကျေးရွာအလိုက် မပြေလည်မှု များစွာရှိနေပါသော်လည်း အချို့သောရပ်ကွက်တွင်မူ တရား မျှတခြင်း၊ နည်းစနစ် ကောင်းမွန်ခြင်း တို့ကြောင့် ပြည်သူလူထု လိုလားသော အုပ်ချုပ်ရေးမှူးကိုသာ ရွေးချယ်နိုင် ခဲ့ခြင်းနှင့် ပြည်သူလူထု မလိုလားသော အုပ်ချုပ်ရေးမှူး ဖယ်ရှားခံရခြင်းတို့ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်ကတော့ ထူးတယ်ဗျ။ ခေတ်အဆက်ဆက် ဒီအုပ်ချုပ်ရေးမှူးနဲ့ပဲ အဆင်ပြေတယ်။ အခုလည်း ပြဿနာ တစ်စုံတစ်ရာ မရှိဘူး။ တစ်ရပ်ကွက်လုံးရဲ့ဆန္ဒနဲ့ သူ့ကိုပဲ ဆက်ပြီးရွေးလိုက်ကြတယ်” ဟု ချမ်းအေးသာစံ မြို့နယ် ဟေမာဇလ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့် ပတ်သက်၍ ရပ်မိရပ်ဖ တစ်ဦးက ဆိုသည်။

အဆိုပါရပ်ကွက်တွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် လက်ရှိအုပ်ချုပ်ရေးမှူး၏ မှန်ကန်သော လုပ်ငန်း ဆောင်ရွက် မှုကြောင့် အပြိုင်ဝင် ရောက်ရွေးချယ်မှု ပင် ပေါ်ပေါက် လာခြင်း မရှိဘဲ အေးအေး ချမ်းချမ်း ဖြင့် ရွေးချယ်ပွဲ ပြီးစီး သွားခဲ့ကြောင်း သိရသည်။

သို့ရာတွင် ထိုသို့သော အခြေ အနေမျိုးသည် တချို့သောရပ်ကွက် များတွင်သာဖြစ်ပေါ်ခဲ့ပြီး များသော အားဖြင့် မဲသမာမှု များနှင့် ထင်သာ မြင်သာသော လုပ်ဆောင် ချက်များ ဖြင့် ဆောင်ရွက်ပေးခြင်း မရှိကြသည်က များသဖြင့် နှစ်နှစ်သား အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ်ပြုလုပ်သော ပြည်သူလူထု ဆန္ဒမဲဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ပွဲသည် ယခုအတိုင်း ဆက် လက် လုပ်ဆောင်နေပါက ရပ် ကွက်/ ကျေးရွာအလိုက်သာမကဘဲ ထိုမှတစ်ဆင့် မြို့နယ်လုံးကျွတ် ဆန္ဒ ဖော်ထုတ်ခြင်းများအထိ ဖြစ်လာ နိုင်သည်ဟု နောင်ဖြစ်လာမည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသူအများစုက သုံး သပ်ကြသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*