တိုင်းရင်းသားသတင်း — ကချင်၊ ဇန်နဝါရီ ၁၄၊ ၂ဝ၁၃

စစ်ပွဲအတွင်း ကေအိုင်အေအစိုးရ မှ ဖမ်းမိထားသည့်အစိုးရတပ်မတော် တပ်သားများ ၂၃ ယောက်ကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်တွင် ကေအိုင်အေမှ ကိုယ့်ဒေသ ကိုယ် ပြန်နိုင်အောင် တရားဝင် ပြန်လွှတ် ပေးသည့် အခမ်းအနား ကျင်းပခဲ့သည်။

 “အခုခင်ဗျားတို့ ဒီမှာရောက်နေတာ တော်တော်ကြာပြီ။ အဲဒီလို ကြာလာတာနဲ့အမျှ ကျွန်တော်တို့ ခင်ဗျား တို့ကို ပြန်အပ်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ ကြားက အဖွဲ့အစည်းတွေနဲ့ ပြန်အပ်ဖို့လည်း ကြိုးစားတယ်။ အခုနောက်ဆုံး ဒီ ၈၈ ကျောင်း သားအဖွဲ့က ကိုမြအေးတို့ ခင်ဗျားတို့ကို ၂ ကြိမ်လောက် လာတွေ့ပြီးပြီ ထင်တယ်။ ကိုမြအေး တို့ကနေ တစ်ဆင့် ပြန်အပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် လက်ရှိအစိုး ရက ခင်ဗျားတို့ကို လက်ခံဖို့ မပြောလာဘူး။ လက်မခံနိုင်တဲ့ အနေအထား ဖြစ်နေတယ်။ ကိုမြအေးတို့ ကနေ တစ်ဆင့် ပြန်ကြားရ တာတော့ ခင်ဗျားတို့ဟာ တပ်မတော်သားတွေ မဟုတ်ဘူး။ တပ်မတော်ကနေ ခွင့်မဲ့ ထွက်ပြေးလာတဲ့ တပ်ပြေး တွေ ဖြစ်တယ် ဆိုပြီး တပ်မတော်ကနေ ဘယ်လိုမှ လက်မခံနိုင် ဘူး။ သုံ့ပန်း မဟုတ်ဘူးလို့ ငြင်းချင်တဲ့သဘော ရှိတယ်” ဟု ကေအိုင်အေ ဗိုလ်ကြီး ဦးဇော်တောင်က အဆိုပါ အခမ်းအနား တွင် ပြောကြားခဲ့သည်။

စစ်သုံ့ပန်း ၂၅ ယောက်တွင် ကလေးစစ်သား ၈ ယောက်ပါရှိ သည်။ အဆိုပါ ကလေး စစ်သား ၈ ယောက်ကိုမူ ILO (International Labour Organization) မှ တစ်ဆင့် မိဘထံပြန်ပို့ပေးမည်ဖြစ်ကြောင်း၊ အခြားစစ်သုံ့ပန်း ၁၅ ယောက် ကိုမူ ကေအိုင်အေမှ  ပို့နိုင်သည့်နေရာ အထိ လိုက်ပို့ပေးမည်ဖြစ်ကြောင်း၊ ကျန်ရှိသေး သည့် ခရီးကိုမူ  မိမိ နေရပ်ဒေသကို ပြန်ချင်သည့်လူတွေ ပြန်နိုင်ကြောင်း၊ မပြန်ချင်လျှင် မိမိ သဘောအတိုင်း ကြိုက်နှစ်သက်ရာကို ခရီးဆက်နိုင်ကြောင်း၊ လမ်း ခရီးစရိတ် အားလုံးကိုလည်း  ကေအိုင်အေမှ ထုတ်ပေးမည် ဖြစ်ကြောင်း ဗိုလ်ကြီး ဦးဇော်တောင် က ဆက်လက် ပြောဆိုသည်။

“ကျွန်တော်ဒီမှာနေတာ ၁ နှစ် နဲ့ ၁ လ ရှိပြီ။ ကျွန်တော်က ၁၆ နှစ်ကတည်းကနေ စစ်တပ်ထဲဝင်တာ ကလေး စစ်သားထဲမှာ ပါတယ်။ အိမ်ပြန်ရမယ် ဆိုတော့ တကယ်ပျော် တယ် စိတ်ထဲမှာ မပြောတတ်လောက် အောင် ပျော်တယ်။  အိမ်မပြန်ရတာ ၄ နှစ် ၅ နှစ်ရှိပြီ။ ကျွန်တော် ဘာမှ မသိဘဲ စစ်တိုက်ခဲ့တာတွေကို တကယ်ကို စိတ်မကောင်းဘူး။  အခုလို ကောင်းကောင်း ပြန်လွှတ်ပေးခဲ့တဲ့ ကေအိုင်အေအစိုးရကို တကယ်ကို ကျေးဇူးတင် တယ်။ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေး လည်း အမြန်ရပါစေ လို့ ဆုတောင်းပေးတယ်” ဟု စစ်သုံ့ပန်း များမှ ကိုချစ်ဦးနိုင်က ဆိုသည်။

စစ်သုံ့ပန်း ၂၅ ယောက်ထဲတွင် ကလေးစစ်သား ၈ ယောက် ပါဝင်ပြီး ထိုကလေးများကို ILO မှ တဆင့် မိဘများထံ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်

စစ်သုံ့ပန်း ၂၅ ယောက်ထဲတွင် ကလေးစစ်သား ၈ ယောက် ပါဝင်ပြီး ထိုကလေးများကို ILO မှ တဆင့် မိဘများထံ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်

ဝ၇၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*