ပြည်တွင်းသတင်း — ရန်ကုန်၊ ဧပြီ ၃ရက်၊ ၂ဝ၁၃

ဧပြီလ ၂ရက်နေ့က ဗိုလ်တထောင်မြို့နယ် ၄၈လမ်း ဖြစ်ပွားခဲ့သည့် ဗလီမီးလောင်မှုတွင် မီးလောင် ထားသည့် အမျိုးသမီး အင်္ကျီစ တွေ့ရှိသည် ဟု ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ပြင်ပမီဒီယာသတင်းဌာန တစ်ခု မှလည်း ၄င်းတွေ့ရှိချက်ကို အစ္စလာမ် ဘာသာဝင်တစ်ဦး၏ပြောပြ ချက်အား သတင်းတွင်ဖေါ်ပြခဲ့သည့် အတွက်  ပြင်ပတွင် ယင်းသတင်းကြောင့်သံတယဖြစ်စရာ အဖြစ်ပြောဆိုသံများထွက် ပေါ်ခဲ့သည်၊ မီးလောင် မှုဖြစ် စဉ်အား သက်ဆိုင်ရာ အာဏာပိုင် အဖွဲအစည်းများ၏ စနစ်တကျ စစ်ဆေးပြီးတွေရှိချက်များကို ပြီးခဲ့သည့်ဧပြီ လ၂ရက် နေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးတို့က သတင်း မီဒီယာများ ရှေ့တွင် ဖြစ်စဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီးဖြစ်သည်။

ပြင်ပတွင်ဖြစ်ပေါ်နေသည့် အမျိုးသမီး အင်္ကျီစတွေ့ရှိသည်ဆိုသည့် သတင်းနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် ၄င်းသတင်း သည် ကောလာဟလ သတင်းတစ်ခု သာဖြစ်ပြီး မိမိတို့ စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်စစ်ဆေးခဲ့ရာတွင် ပန်းပွင့်များ ပါသည့် ခေါင်းအုံးစွပ် များသာတွေ့ရကြောင်း ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်၊

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)