Police

ဗိုလ်တထောင်မြို့ နယ်အတွင်းဖြစ်ပွားခဲ့သည် ဗလီမီးလောင်မှုတွင် ဖြစ်ပေါ်ခဲ့သည့် အ ခြေအနေများအား သက် ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျစစ်ဆေးခဲ့ပြီး ၄င်းစစ် ဆေး တွေ ရှိချက်များအား သတင်းမီဒီယာများနှင့် နှစ်ကြီမ်တိုင်တိုင် တွေဆုံပြီး အဖြစ်မှန်များ ကို ပွင့်ပွင့် လင်းလင်းရှင်းလင်းတင်ပြခဲ့သော်လည်း သတင်းမီဒီယာများအနေဖြင့် တိုင်းပြည် ၏စတုမဏ္ဍိုင် ဟုသတ်မှတ်ထားသည့်အတိုင်း ပြည်သူများ ပွင့်လင်း မြင်သာမှုရှိစေပြီး လူထု ရုံကြည်မှုရှိစေရန် အဖြစ်မှန်များကို တင်ပြသင့်ကြောင်းအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ဖြစ်ပေါ်ခဲ့သည့် ဗလီမီးလောင်မှုတွင် ဗလီတာဝန်ခံနှင့်ကျောင်းသားများက မီးငြိမ်းသတ်ရာတွင် ၄င်းတို့၏ စောင်များ ကို ရေစွတ်ကာမီးငြိမ်းသတ်ခဲ့ကြောင်း၊ ကျောင်းသား များအိပ် ယာဝင်အသုံးပြုသည့်၊ခေါင်း စွတ် ဆောင်အချို့သည် ပန်းပွင့်ပါပိတ်စများဖြစ်ကြကြောင်း အင်တာနက် ဖေ့စ် ဘုတ်တွင်ဖေါ်ပြထားသည်မှာ အမျိုး သမီးအင်္ကျီတွေ့သည်ဟု သတင်းမှား ကိုဖေါ်ပြထားကြောင်း အဆိုပါ ပန်းပွင့်ပါပိတ်စသည်  အချို့ကျောင်းသား များ ညအိတ်ယာဝင်ချိန်ဝတ်ဆင်သည့် ပန်းပွင့်ပါ အင်္ကျီ များဖြစ်သည်ကို မိမိတို့စစ်ဆေးတွေရှိပြီး မီဒီယာများကို ရှင်းလင်းပြောကြား ခဲ့ပြီးဖြစ်ပါသည်။

မိမိတို့ အနေဖြင့် မီးသတ်မှတာ ဝန်ရှိသူ များ၊ ကျွမ်းကျင်းသူများ၏စစ်ဆေးချက်အရ လှေကားရင်းတွင် ထားရှိသည့် မီးအားမြှင့်စက်မှ လောင်ကျွှမ်း သည်ကိုစစ်ဆေးတွေရှိရကြောင်း ကျောင်းတွင်းရှိတံခါးများသည် သော့ခတ်ထားခြင်း၊ ပြူတင်းပေါက်များသည်လည်း သံတိုင်များ သံပန်းများ တပ်ဆင်ထားခြင်း တို့ကို တွေ့ရှိခဲ့ရပြီး မီးအားမြှင့်စက်မှစ တင်လောင်ကျွမ်းသည် ကိုယင်းမီးအားမြှင့် စက် အနီးအိပ်စက်ခဲ့သည့် ကျောင်း သားလေးများ၏ထွက်ဆိုချက်အရ အခိုင်အမာ သိရှိခဲ့ သည့်အတွက် မီးလောင်မှုသည် သာမန်ပေါ့စမှုကြောင့် လောင်ကျွမ်းခြင်းဖြစ်သည်ဟု မိမိတို့ အခိုင် အမာလက် ခံခဲ့သည်အပြင် ကျောင်း၏တာဝန်ရှိသူမှလည်း ဝန်ခံခဲ့ ကြောင်း၊ ဖြစ်စဉ် အမှန်များကိုလည်း ပွင့်ပွင့်လင်းလင်းတင်ပြခဲ့ပြီးဖြစ်သည့်အတွက် မီဒီယာများမှ အမှန်ကို အမှန် အတိုင်းတင်ပြေပေးရန်  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မေတ္တာရပ်ခံထားပါကြောင်း  သတင်းရရှိပါသည်။

ဝ၃ ၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*