ဗိုလ်ချုပ် အောင်ကြီး၏ ဈာပန

ဗိုလ်ချုပ် အောင်ကြီး၏ ဈာပန

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စတင်ထူထောင်ခဲ့စဉ် ပါဝင်ခဲ့သော ဗိုလ်ချုပ် အောင်ကြီးခေါ် သခင် အောင်ကြီး(ပေါင်းတည်)၏ ဈာပနကို ယနေ့ နံနက် ၁၁ နာရီက ရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ကြီးသည် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

“ကျန်တဲ့သူတွေ သဘောထားကိုတော့ ကျွန်တော် မဆိုလိုပါဘူး။ ကျွန်တော့ အနေနဲ့ ပြောရရင် ဖေဖေဟာ တိုင်းပြည်အတွက်လည်း တာဝန်ကျေခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ပဲ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖေဖေ မကွယ်လွန်ခင် အသက်ရှိနေတဲ့ အချိန် တောက်လျှောက်လုံး တိုင်းပြည်နဲ့ ပတ်သတ်လို့ ဘယ်လို ကောင်းအောင် လုပ်ရမယ်၊ ဆောင်ရွက်ရမလဲ ဆိုပြီး အမြဲတမ်း သူက ကူညီရန် အဆင်သင့် ဆိုတဲ့ အခြေအနေမှာ ရှိနေတာပါ”ဟု သားဖြစ်သူ ဦးမင်းကျော်သူက မြန်မာအင်ဒီပဲန်ဒင့်ကို ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ကြီးသည် အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၂ဝ မိနစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ယနေ့ ကျင်းပသည့် ဈာပနသို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ ဆွေမျိုး မိတ်ဆွေများနှင့် သတင်းမီဒီယာများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာအင်ဒီပဲန်ဒင့်

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*