ကန်ဒေါ်လာ ၁၅ဝ,ဝဝဝ တန်ဖိုးရှိ ဒါလီ၏ ပန်းချီကား

ကန်ဒေါ်လာ ၁၅ဝ,ဝဝဝ တန်ဖိုးရှိ ဒါလီ၏ ပန်းချီကား ဓာတ်ပုံ- NY Times

နယူးယောက်မြို့ မက်ဟက်တန် အထက် အရှေ့ပိုင်းအရပ်ရှိ Venus Over Manhattan ပန်းချီအနုပညာပြခန်းမှ Salvador Dali ရေးဆွဲထားသော Cartel de Don Juan Tenorio အမည်ရှိ ပန်းချီကားကို အမျိုးသားတစ်ဦးမှ ဇွန် ၁၉ ရက်က ခိုးယူသွားခဲ့ကြောင်း ရေးသားထားပါသည်။ လုံခြုံရေး ကင်မရာမှတ်တမ်းကို ရဲတပ်ဖွဲ့မှ ထုတ်ပြန်ရာတွင် အသက် ၃၅ နှစ်နှင့် ၄ဝ ကြား ဆံပင်နောက်လှန်ဖြီးထားသော အမျိုးသားတစ်ဦးက သူ၏လက်ကိုင်အိတ်အတွင်း ထည့်ယူကာ မည်သူမှ သတိမမူမီ အေးဆေးစွာပင် ထွက်ခွာသွားကြောင်း၊ အဆိုပါလူအား ရဲတပ်ဖွဲ့မှ ရှာဖွေနေကြောင်း၊ အခိုးခံရသော ပန်းချီကား၏ကာလ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ဝ,ဝဝဝ မျှရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားခဲ့သည် ဟု ရေးသားထားသည်။

Ref: NY Times

ဝ၃ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*