ပြည်တွင်းသတင်း — ရန်ကုန်၊ မတ်၊ ၂၀၁၂

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြားဖြတ်ရွေးကောက်ပွဲအတွက် မြိှု့နယ်ရွေးကောက်ပွဲကော်မရှင်၏ မဲပေးနိုင်သည့်စာရင်းနှင့် NNDP (အမျိုးသား ဒီမိုကရေစီ ပါတီသစ်)၏  မဲစာရင်းမှာ ကွာဟလျက်ရှိကြောင်း NNDP ပါတီမှ ဦးဖုန်းမြင့်က ပြောကြားလိုက်သည်။

အမျိုးသား ဒီမိုကရေစီပါတီသစ် NNDP မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဖုန်းမြင့်က ““၂ဝ၁ဝ ရွေးကောက်ပွဲစာရင်းက ၉သောင်း ၅ထောင်ကျော်၊ အခု ၂ဝ၁၂ မှာ ၁၃၃ဝ၈၉ (တစ်သိန်းသုံးသောင်း)နီးပါး၊ ဒီစာရင်းကအတိအကျပဲ၊ ဒါ NLD က တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ထားတဲ့ စာရင်းပါ””ဟု ပြောကြား သွားခဲ့သည်။   သို့သော် မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းဇော်က ““လက်ရှိ​ နေထိုင်တဲ့ လူဦးရေက ၁၂၉၆၆၉ (တစ်သိန်း​နှစ်သောင်းကျော်)ဦး၊ မဲပေးနိုင်တဲ့ လူဦးရေက ၁ဝ၂၉ဝ၈(တစ်သိန်းကျော်)ဦးပါ၊ ဒီစာရင်းနဲ့ပဲ မဲပေးရမှာ”” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းဇော်မှ ပြောကြားသွားသည်။

ထိုမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂ဝရှိပြီး မဲရုံပေါင်း ၆၈ ရုံရှိကြောင်း၊ မဲစာရင်း၌ မိမိ၏အမည်မပါလျှင် ရပ်ကွက်ကော်မရှင်သို့ ၂၉ ရက်နေ့ အထိ နောက်ဆုံးထား၍ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါ တီ၊ NLD ပါတီ၊ ဒီမိုကရက်တစ် ပါတီ၊ NNDP ပါတီ၊ အမျိုးသားကွန်ကရက်ပါတီ စသည့်ပါတီ ၅ ခုယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

၀၁၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.