တွေ့ဆုံ​မေးမြန်းခြင်း — ရန်ကုန်၊ မတ် ၂၉၊ ၂ဝ၁၃

တရားဓမ္မ စိုးမိုးမှ တရားဥပဒေ စိုးမိုးမည်ဟု ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြား၊ မည်သို့သော အကြောင်းကြောင့် မျှ ပြုပြင်ပြောင်း လဲရေး ခရီးစဉ်ကို နောက်ကြောင်းပြန်မလှည့်စေလို

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်၏ နောက်ဆက်တွဲဖြစ်စဉ်များ နှင့် ဆက်စပ်၍ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ)နှင့် တွေ့ ဆုံမေးမြန်းလျှောက် ထားခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။

မေး- လတ်တလော ဖြစ်ပေါ်နေတဲ့ ဆူပူ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး  ဆရာတော်ရဲ့ လမ်းညွှန် ဆုံးမမှုလေး သိချင် ပါတယ်။

ဖြေ- အကြမ်းဖက်မှုတွေ မဖြစ်ပွားဖို့အတွက် အဓိကအရေးအကြီးဆုံး ကတော့ တရားဓမ္မစိုးမိုးရေးနဲ့ တရား ဥပဒေ စိုးမိုးရေးပါပဲ။ တကယ်တော့ တရားဓမ္မစိုးမိုးမှ တရားဥပဒေ စိုးမိုးနိုင်တာပါ။ တရားဥပဒေကို လေးစား လိုက်နာချင်တဲ့စိတ်ရှိတာကိုကလည်း တရားဓမ္မပဲလေ။ ဘာသာတိုင်း၊ ဘာသာတိုင်း တရားဓမ္မစိုးမိုးရင် တရား ဥပဒေက အလိုလို စိုးမိုးပြီးသားပါပဲ။ လောကကြီး အေးချမ်းဖို့အတွက် လောကသားတွေအားလုံးရဲ့ စိတ် အစဉ်မှာ တရားဓမ္မနဲ့ တရားဥပဒေ၊ ဒီနှစ်ခုစိုးမိုးအောင် လုပ်ခြင်းဟာ အကြမ်းဖက်မှု မဖြစ်ပွားရေး အတွက်တင် မကဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အခြေခံအကျဆုံးရေ သောက်မြစ်ကြီးဖြစ်ပါတယ်။ ဗုဒ္ဓဝါဒ ဟာ အကြမ်းဖက်တဲ့ ဝါဒမဟုတ်ပါဘူး။ တစ်ဖက်က အကြမ်းဖက်လာ ရင်တောင် သည်းခံခွင့်လွှတ်တဲ့ ခန္တီ တရား လက်ကိုင်ထားရမှာပါ။ အကြမ်းဖက်တာနဲ့ မတုံ့ပြန်ဘဲ တရားဥပဒေ အတိုင်းပဲ တုံ့ပြန်ရမှာပေါ့။ တရားဥပဒေနဲ့ တုံ့ပြန်တာကို ခန္တီ တရား မရှိဘူးလို့ ပြောလို့မရပါဘူး။

မေး- တပည့်တော်တို့ ဗုဒ္ဓဘာသာဝင် တွေ နှလုံးသွင်းရမယ့် လမ်းညွှန်ချက် များရှိရင် မိန့်ကြားပေးပါ။

ဖြေ- ဗုဒ္ဓဘာသာဝင်တွေ လက်ကိုင် ထားရမယ့် ဆောင်ပုဒ်က “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားကြမည်”ဆိုတဲ့ ဆောင် ပုဒ်ဟာ အသင့်တော်ဆုံးပါပဲ။ မကောင်းတဲ့အလုပ်တွေမလုပ်ဘဲ ကောင်းတဲ့ အလုပ်တွေ လုပ်နေမှတော့ စိတ်လည်းဖြူစင် သန့်ရှင်းသွားပါပြီ။ နောက်ပြီး ရှေး အစဉ်အဆက် ကတည်း က “အရဟံ”ဆိုတဲ့ စကားလုံးလေး ကို ဗုဒ္ဓဘာသာဝင်အိမ်တွေ၊ ဆိုင်တွေ မှာ ရေးသားထားလေ့ရှိပါတယ်။ “အရဟံ” ဆိုတဲ့ စကားလုံးမြင်လိုက် တာနဲ့ ဘုရားကို သတိရပြီး အရဟံ ဂုဏ်တော်ပွားပြီးသား ဖြစ်သွားလို့ အင်မတန် အနှစ်သာရရှိပါတယ်။ ဒီလိုပဲ “ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ” ဆိုတဲ့ အမှတ်တံဆိပ်ဟာ သွေးလှစေတဲ့ အမှတ်တံဆိပ်။ စိတ်အေးချမ်းမှုကို ဖြစ်စေတဲ့အမှတ်တံဆိပ်။ ကုသိုလ် တရားတိုးပွားစေတဲ့ အမှတ်တံဆိပ် တွေပါ။ ဒီအမှတ်တံဆိပ် တွေကြောင့် တိုက်ချင်၊ ခိုက်ချင်၊ ဖျက်ဆီးချင်တဲ့ စိတ်သွေးကြွမှုတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။

မေး- ဆရာတော် အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးနဲ့ပတ်သက် ပြီး လုပ်ဆောင်မယ့် အစီအစဉ် ရှိပါသလား ။

ဖြေ- ဦးဇင်းတို့အနေနဲ့ သီးခြားလုပ် စရာ အထွေအထူးတော့ မရှိပါဘူး။ ပုံမှန်အတိုင်းပါပဲ။ စာရေးတာ၊ တရား ဟောတာ သူ့အချိန်နဲ့သူ လုပ်သွားရုံ ပဲရှိပါတယ်။ အဓိကတော့ မေတ္တာ တရားကို လက်ကိုင်ထားမယ်ဆိုရင် ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ဘာသာဝင် တွေအားလုံး အတူတူလက်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်းနေမယ်ဆိုရင် နေလို့ ရတာပေါ့။ ဒီတော့ ဘယ်ဘာသာဝင် မှ တခြားဘာသာရဲ့ ပျက်စီးရာပျက်စီး ကြောင်းကို မလုပ်စေချင်ပါဘူး။ တစ် ဖက်က ပျက်စီးအောင် လှုံ့ဆော်ရင် တခြားတစ်ဖက် ကလည်း တန်ပြန် လှုံ့ဆော်တတ်တာ လူ့သဘာဝ ပဲလေ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တတ်တဲ့ အတွက် ဘယ်ဘက်ကိုမှ အပြစ်မတင်ဘဲ ကိုယ့်ဘက်ကိုပဲ အကောင်းဆုံး ဖြစ်အောင် ပြုပြင်နေ ထိုင်သွားကြရင် ဘယ်လိုပဋိပက္ခမျိုး မှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။

မေး- မတ် ၂၈ ရက်က YMCA မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံဆု တောင်းပွဲမှာ အစ္စလာမ်ဘာသာဝင် တစ်ယောက် သာ မြန်မာနိုင်ငံနဲ့ တခြား နိုင်ငံစစ်ဖြစ်ခဲ့ ရင်တောင် မြန်မာနိုင်ငံ ဘက်မှ အသက်ပေး တိုက်ပွဲဝင် သွားမယ်လို့ ပြောပါတယ်။ ဒီအပေါ် အရှင်ဘုရားရဲ့ သဘောထားအမြင်ကို သိလိုပါတယ်ဘုရား။

ဖြေ- ဦးဇင်းတို့ နှစ်ပေါင်းများစွာ ကတည်းက မြန်မာတွေရော၊ မွတ် စလင်ရော၊ ခရစ်ယာန်ပါ စသဖြင့်ပေါ့ ဘာသာ အားလုံးကို မြန်မာနိုင်ငံထဲမှာ အဲဒီလို ခွဲခွဲခြားခြားမရှိဘဲ လူကိုလူလို မြင်ပြီးတော့ မိတ်ဆွေတွေအဖြစ်နဲ့ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြတာပဲ။ ရှေ့ လျှောက်ပြီးတော့လည်း ဒီအတိုင်းပဲ ပေါ့နော်။ မြန်မာနိုင်ငံမှာ နေတယ် ဆိုမှတော့ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားပဲပေါ့။ ဒီနိုင်ငံမှာ နေကြသူအချင်းချင်း တစ် မြေတည်းနေ၊ တစ်ရေတည်းသောက် ကြသူအချင်းချင်း မိတ်ဆွေတွေလို သဘောထားပြီးတော့ ညီရင်း အစ်ကို မောင် ရင်းနှမတွေလို မေတ္တာ စိတ်ထား လေးနဲ့ ဆက်ဆံသွားကြမယ်ဆိုရင် အမြဲတမ်း အတူနေထိုင် သွားလို့ ရတာပဲ။

မေး- ယခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တိုင်းသံဃနာယကအဖွဲ့အနေနဲ့ ဩဝါဒ ပေးဖို့ ဆရာတော်အနေနဲ့ တိုက်တွန်း အကြံပြုချက်တွေပေးဖို့ အစီအစဉ်ရှိ ပါသလားဘုရား။

ဖြေ- အဲတာတွေတော့ မရှိပါဘူး။ ဦးဇင်းက တစ်ပါးတည်းနေတဲ့ ပုဂ္ဂိုလ် ဆိုတော့လေ။ အဲဒီလိုအကြံပြုချက်၊ တိုက်တွန်း ချက်တွေ၊ ကြေညာချက် တို့ ထုတ်ပြန်ဖို့ မရှိပါဘူး။ သက်ဆိုင် ရာ တခြားတခြား သံဃာအဖွဲ့အစည်း တွေက ထုတ်ပြန်ချက်တွေရှိနေတာ ပဲ။ ဦးဇင်းက မရှိပါဘူး။ ကိုယ့်ကို အင်တာဗျူးလာမေးရင် ဖြေလိုက်တာ ပဲရှိတယ်လေ။

မေး- မြန်မာနိုင်ငံ အနာဂတ်အတွက် ဆရာတော်ရဲ့ မျှော်မှန်းချက်ကို သိချင်ပါတယ် ဘုရား။

ဖြေ- ဦးဇင်းတို့ အောင်မြင်စပြုနေတဲ့ ပြုပြင်ပြောင်းလဲရေးခရီးစဉ်ကို ဘယ်လို အကြောင်းတွေကြောင့် မှ နောက်ကြောင်း ပြန်မလှည့်စေ ချင်ပါဘူး။ မြန်မာ့နိုင်ငံရေး ဘယ်လို အကြောင်း ကြောင်းမှ နောက်ကြောင်း ပြန်မလှည့် ပါစေနဲ့လို့ နေ့စဉ်နေ့တိုင်း ဆုတောင်း နေပါတယ်။ သဘောထား တင်းမာသူ မှန်သမျှလည်း သဘောထား ပျော့ပြောင်း လာပါစေလို့ အမြဲမေတ္တာ ပို့သလျက်ပါ။ တစ်ခုပဲ မေတ္တာရပ်ခံချင် တာက သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် တို့ အဓိကခေါင်းဆောင်နှစ်ဦး ညီညီ ညွတ်ညွတ် လက်တွဲပြီး ဒီမိုကရေစီ နိုင်ငံတော် အဖြစ်နဲ့ ကောင်းမြတ်တဲ့ အပြောင်းအလဲတွေဖြစ်လာအောင် ကြိုးစားနေ ကြတာ အခုဆိုရင် တော်တော်တောင် အရှိန်ရနေပါပြီ။ မြန်မာနိုင်ငံကို အတုယူသင့်တယ်လို့တောင် တခြားနိုင်ငံတွေကို ကမ္ဘာက တိုက် တွန်းနေကြပြီလေ။

ယ.ဝဝ၎

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*