အမေရိကန်ပြည်ထောင်စု Las Vegas မြို့၊ MGM Grand တွင် ဇွန် ၁ဝ ရက်က ကျင်းပခဲ့သော ကမ္ဘာ့လက်ဝှေ့အဖွဲ့(World Bozing Orgainzation) ၏ ဝယ်လ်တာ ဝိတ်တန်း သရဖူလုပွဲတွင် လက်ရှိ ချန်ပီယံ ဖိလစ်ပိုင်လက်ဝှေ့ကျော် Manny Paccquiao အား စိန်ခေါ်သူ အမေရိကန်လက်ဝှေ့ကျော် Timothy Bradley က အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ အားကစားလောက အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကာ ပွဲရလဒ်ကို မရိုးမသား ပြုလုပ်ခဲ့သည်ဟု စွပ်စွဲမှုများပင် ပေါ်ပေါက်ခဲ့ရသည်။

ပက်ကွီယို နှင့် ဘရက်တ်လေ တို့ ထိုးသတ်ခဲ့ကြစဉ်

ပက်ကွီယို နှင့် ဘရက်တ်လေ တို့ ထိုးသတ်ခဲ့ကြစဉ်

WBO က နိုင်ငံတကာ လက်ဝှေ့ဒိုင်လူကြီး ငါးဦးကိုခေါ်ယူကာ ပွဲစဉ်တစ်လျှောက်လုံးကို ဗီဒီယိုဖြင့် ပြန်လည်ပြသ   အကဲဖြတ်စေသည်တွင် ဒိုင်လူကြီးငါးဦးစလုံးက Manny Paccquiao အနိုင်ရရှိကြောင်း တစ်ညီတစ်ညွတ်တည်း အဆုံးအဖြတ်ပေးခဲ့ကြသည်။ အဆိုပါ ပြန်လည်ဆုံးဖြတ်ချက်သည် ပွဲရလာဒ်ကို မပြောင်းလဲစေ နိုင်သော်လည်း မကျေပွဲ ပြန်လည်ထိုးသတ်လိုသော Paccquiao ၏ဆန္ဒကို ပြည့်ဝစေနိုင်မည် ဖြစ်သည်။

ဇွန် ၁ဝ ရက်က ကျင်းပခဲ့သော ၁၅ ချီပွဲစဉ်တွင် အမှတ်ပေးဒိုင်များ ဖြစ်ကြသည့် Duane Ford နှင့် C.J Ross တို့က ၁၁၅-၁၁၃ ဖြင့် Bradley ကို အနိုင်ပေးခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် Jerry Roth က ၁၁၅-၁၁၃ ဖြင့်ပင် Paccquiaoကို အနိုင်ပေးခဲ့သည်။ အမှတ်ပေးဒိုင်လူကြီး သုံးဦးအနက် နှစ်ဦးက Bradley ကို အနိုင်ပေးခဲ့ခြင်း ကြောင့် ခုနစ်နှစ်တာ ရှုံးပွဲမရှိစံချိန် တင်ထားသည့် လက်ရှိချန်ပီယံ Paccquiao မှာ သူ၏ချန်ပီယံခါးပတ်ကို လက်ပြောင်း ပေးအပ်ခဲ့ရသည်။

သတင်းမီဒီယာသမားများနှင့် ပရိသတ်တို့က Paccquiao အနိုင်ရသည်ဟု အငြင်းအခုံပြုခဲ့ကြသလို လက်ဝှေ့သမားနှစ်ဦးစလုံးအား စင်တင်ပေးခဲ့သည့် ပွဲစီစဉ်သူ Bob Arum ကိုယ်တိုင်ကလည်း Paccquiao အနိုင်ရထိုက်သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ သတင်းမီဒီယာ အချို့ကမူ လွန်ခဲ့သောခြောက်လခန့် က ကျင်းပခဲ့သည့် Paccquiao နှင့် စိန်ခေါ်သူ မက္ကဆီကိုလက်ဝှေ့ကျော် Juan Manuel Marquez တို့၏ ပွဲစဉ်တွင် Marquez အနိုင်ရသည်မှာ ထင်ရှားလှသော်လည်း အမှတ်ပေး ဒိုင်လူကြီးတို့၏ အဆုံးအဖြတ်က Paccquiao အား ကံကောင်းထောက်မစေခဲ့သည်ဟု    ထောက်ပြဝေဖန်ကာ အားကစားလောက၏ မှားယွင်းဆုံးဖြတ်မှု များကို ဖော်ထုတ်ပြသခဲ့သည်။

Ref:The Sun

ဝ၃၉

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*