မိတ္ထီလာ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မြင်းခြံသွားကားလမ်း ငါးလမ်းဆုံမြို့ဖြစ်သည့် မိတ္ထီလာမြို့ တွင် ပုဂ္ဂလိက ဘဏ်များ ဖွင့်ရန် အပြိုင်အဆိုင် စီစဉ်နေကြောင်း သိရသည်။ မိတ္ထီလာမြို့မှာ အရောင်းအဝယ် ဖွံ့ဖြိုး တိုးတက်ပြီး လူနေထူထပ်သော မြို့ကြီး ဖြစ်သည်။ ထို့အပြင် တပ်ရင်းတပ်ဖွဲ့များ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်း များလည်းရှိ၍ အထူးစည်ကား သောမြို့ဖြစ်သည်။ ထိုကဲ့သို့ စည်ကား တိုးတက်ပြီး စီးပွားရေး ဈေးကွက် ကျ၍ မိတ္ထီလာမြို့ တွင် ပုဂ္ဂလိက ဘဏ်များ၊ ကားအသင်းများ၊ ဆေးဆိုင်များ၊ စတိုးဆိုင်များ၊ အလှ ပြင်ဆိုင်များ အပြိုင်အဆိုင်လာရောက် ဖွင့်လှစ် ရောင်းချကြရာ အထူး စည်ကားလျက် ရှိပါသည်။

မိတ္ထီလာမြို့တွင် ကုန်သည်ပွဲ စားများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင် အများအပြားရှိသဖြင့် မိတ္ထီလာမြို့တွင် ပုဂ္ဂလိက ဘဏ်များ အပြိုင်အဆိုင် လာရောက်ဖွင့်လှစ် နေကြသည်။ ယခင်က မိတ္ထီလာ တွင် မြန်မာ့စီးပွားရေး ဘဏ်တစ်ခုတည်း ရှိရာမှ ၂ဝဝ၈ ခုနှစ်မှစ၍ ပုဂ္ဂလိကဘဏ်များ ဖြစ်သော ရိုးမဘဏ်၊ ကမ္ဘောဇ ဘဏ်၊ ဧရာဝတီ ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ်လာခဲ့သည်။ ထို့နောက် CB ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဘဏ်များ ဖွင့်လှစ်လာ ခဲ့ကြသည်။

ဤကဲ့သို့ မိတ္ထီလာမြို့တွင် စီးပွားရေး အချက်အချာ ကျပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သဖြင့် ပုဂ္ဂလိက ဘဏ်များ ဖြစ်သော အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် ကလည်း အသစ်ဖွင့်လှစ်ရန် မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်၊ ရန်ကုန်-မန္တလေး ကားလမ်းတွင် အဆောက်အဦသစ်ဖြင့် ဘဏ်ဖွင့်လှစ်ရန် စီစဉ်နေသည်။ ထိုနည်း လည်းကောင်း မြန်မာ့ရှေ့ဆောင် ဘဏ်ကလည်း မိတ္ထီလာမြို့၊ ရန်ကုန်-မန္တလေးလမ်း၊ လင်းဇင်းရပ်တွင် ဘဏ် ဖွင့်လှစ်ရန် အဆောက်အဦကြီး ဆောက် လုပ်နေသည်။ ထိုနည်းတူ အမရာဘဏ် ကလည်း မိတ္ထီလာမြို့၊ ရန်ကုန်-မန္တလေး ကားလမ်းဘေး၊ ပန်းထိမ်တန်းရပ်တွင် ဘဏ်သစ် ဖွင့်လှစ်ရန် အဆောက်အဦ တစ်ခု ဆောက်လုပ်နေသည်။ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၊ အမရာ ဘဏ်နှင့် မြန်မာရှေ့ဆောင်ဘဏ် ပုဂ္ဂလိက ဘဏ်ကြီး ၃ ခုသည် ၂ဝ၁၃ ခုနှစ် ဦးပိုင်းတွင် ဖွင့်လှစ်ရန်အတွက် အဆောက်အဦများ အပြိုင်အဆိုင် ဆောက်လုပ် နေကြသည်။

မိတ္ထီလာမြို့တွင် ယခုလက်ရှိ ပုဂ္ဂလိကဘဏ်များ ဖြစ်သော ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် CB ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဘဏ်တို့မှာလည်း ငွေ လွှဲသူ၊ ငွေပို့သူများဖြင့် အထူးစည်ကား နေသည်။ ယခုလက်ရှိ ပုဂ္ဂလိက ဘဏ်များတွင် မိတ္ထီလာမြို့မှ လုပ်ငန်းရှင် များသာမက ဝမ်းတွင်း၊ မလှိုင်၊ သာစည်၊ ပျော်ဘွယ်မြို့များမှ လုပ်ငန်းရှင် များကလည်း ငွေသွင်းငွေထုတ် လာရောက် လုပ်ကိုင် နေကြသည်ကို တွေ့ရသည်။

ဝ၅၂

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၃)

  1. Meiktila ဘဏ်ခွဲပြုလုပ်မည့် အမရာဘဏ်တွင် အလုပ်လုပ်ချင်ပါသည်။

  2. အလုပ်လျှောက်ထားပါသည်။ အလုပ်ရပါစေလို့နေ့တိုင်း ဆုတောင်းပါသည်။ ရရင်တော့ အရမ်းပျော်မိမှာပါ။ ကံကောင်းပါစေ… ရွှေဝတ်မှုံ

  3. အလုပ်လျှောက်ထားပါသည်။ ကံကောင်းပါစေလို့ ဆုတောင်းနေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

*