တွေ့ဆုံ​မေးမြန်းခြင်း — ရန်ကုန်၊ ဧပြီ ၂၊ ၂ဝ၁၃
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းအား မြန်မာ အင်ဒီပဲန်ဒင့်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယင်းက “ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်မှာပါ။ ဘယ်အချက်တွေ ပြင်မယ် ဆိုတာတော့ တိတိကျကျ မထွက်သေး ဘူး။ ပြန်လည်လေ့လာ စမ်းစစ်ဖို့ကော်မရှင် ဖွဲ့ဖို့ရှိတယ်။ ဘယ်သူတွေနဲ့ ဖွဲ့မယ်ဆိုတာတော့ လွှတ်တော်ထဲမှာ ရွေးနေပြီလား မသိဘူး။ ဘယ်သူတွေနဲ့ ဖွဲ့သင့်သလဲ ဆိုတာကို လွှတ်တော်မှာ ပြန်ဆုံးဖြတ် ကြမှာ အကြမ်းလျာထားပြီးတော့မှ လျာထားတဲ့သူတွေကို လွှတ်တော်ထဲ တင်မယ်။ လွှတ်တော်ထဲကျမှ ဝိုင်း စဉ်းစားပြီးတော့ အတည်ပြု တယ်။ အဲဒီကော်မတီက ဖွဲ့စည်းပုံကို လေ့လာ မယ်။ ဘယ်ဟာ တွေပြင်သင့်တယ်ဆို တာတော့ လွှတ်တော်ထဲမှာ တင်ပြ မယ်။ ကော်မတီရဲ့ အဖက်ဖက် က လေ့လာပြီးတော့မှ ပြင်သင့်သလား မပြင်သင့်သလားဆိုတာ တိုင်းပြည် လက်ရှိအခြေအနေကို ချိန်ထိုးပြီး တော့မှ စဉ်းစားကြမှာပေါ့။ အခုကာ လမှာ ဒီ Constitution နဲ့  ကိုက်ညီတဲ့ အချက်တွေနောက် ၁ဝ နှစ် လောက်ကြာတဲ့အခါမှာ တချို့ အချက်တွေက ကိုက်ညီချင်မှလည်း ကိုက်ညီမယ်။ အချိန်ကာလကို လိုက် ပြီးတော့ မှ ပြုပြင်ပြောင်းလဲ သင့်တာလည်း ရှိချင်ရှိမှာပေါ့။ တိုင်းပြည်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အတိတ်သမိုင်းက အတွေ့ အကြုံတွေ တိုင်းပြည်ရဲ့နိုင်ငံရေး ပထဝီ အနေအထားတွေ အဲဒါတွေ အပေါ်မှာ မူတည်ပြီးတော့မှ စွဲစွဲမြဲမြဲ ကိုင်ဆွဲထားရမယ့် အချက်တွေလည်း ဃသညျအငအကအငသည မှာ ပါပါတယ်။ မပြင်သင့်တဲ့ တချို့ အချက်တွေ ဆိုရင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်းပါတယ်။ ၁၉၄၇ ထဲက ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း ပါ တယ်။ ၂ဝဝ၈ မှာလည်းပါတယ်။ အနာဂတ်မှာလည်း ဆက်လုပ်ဦးမယ့် အချက်ပေါ့။ ဒါမျိုး အချက်တွေလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပါတယ်။ တချို့ဟာတွေကျတော့လည်း ပြင် သင့်တဲ့ အချက်တွေ ပါတယ်။ နည်း နည်းပါးပါးလည်း ရှိနိုင်တယ်။ ဥပမာ  ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ် တော့မှ နိုင်ငံခြားတပ်ကို ခြေချခွင့်မပြု ဘူးဆိုတာလည်း ကြုံတွေ့ခဲ့ရတဲ့ အတိတ်သမိုင်း အခြေအနေတွေ လက်ရှိ ကမ္ဘာ မျက်မှောက် အခြေအနေတွေ၊ နိုင်ငံရေးအခြေအနေတွေ၊ နိုင်ငံရေး ပထဝီအနေအထား ဒီအချက်တွေက တော့ အမြဲတမ်း ကိုင်စွဲနေရ ဦးမယ့် အချက်တွေ လို့ သတ်မှတ်ရတာပေါ့။ ဘယ်ဟာတွေ ပြင်သင့်တယ်၊ ဘယ် ဟာတွေ မပြင်သင့်ဘူး ဆိုတာတော့  လေ့လာစုံစမ်းရေး ကော်မတီဖွဲ့ပြီး လွှတ်တော်ကို ပြန်ချပြမယ်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တောင်မှ ၁ဝ နှစ်ကြာမှ ပြင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း ပြင်သင့် ပြင်ထိုက်တဲ့ အချက်ကလေးတွေ သေချာလေ့လာပြီး ဘယ်ဟာတွေ ပြင်သင့် ပြင်ထိုက်တယ် ဆိုတာတွေ ပါလိမ့်မယ်။ ကော်မရှင်နဲ့ လေ့လာ ပြီးတော့မှ ဆောင်ရွက်တာ ပိုကောင်း မယ်ပေါ့ ပွင့်ပွင့်လင်းလင်း ထင်သာ မြင်သာရှိမယ်”ဟု ဖြေဆိုခဲ့သည်။

ထို့နောက် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ကြိုတင်ပြင်ဆင်မှုနှင့် ပတ်သက်၍လည်း ဆက်လက်မေးမြန်း ခဲ့ပါသည်။ ထိုအခါ ယင်းက “ကျွန်တော်တို့ ခံယူထား တာက ပြည် သူလူထုရဲ့ အကျိုးစီးပွားကို ပြန်ကြည့် တဲ့ ပါတီကို သူတို့ရွေးချယ်မှာပဲ။ ဘယ်သူတွေ က ပြည်သူ့ အကျိုးကို တကယ်ဦးထိပ်ပန်ဆင်ပြီးတော့ ဆောင်  ရွက်ပေးသလဲ။ အဲဒီ့ အခန်းတွေက မူတည် ပြီးတော့မှ ရွေးမှာပေါ့။ တို့က ရွေးကောက်ပွဲကို ကြိုတင်ပြင်ဆင် တယ်ဆိုတဲ့ နေရာမှာ ရွေးမှမဟုတ်ပါ ဘူး။ ပြည်သူ့ပါတီဖြစ်တဲ့ အလျှောက် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တောက်  လျှောက်လုပ်နေရပါတယ်။ အဲဒီ့ ဆောင်ရွက်ချက်တွေဟာ တကယ် တော့ ၂ဝ၁၅ ခုနှစ်အတွက် ပြင်ဆင် တာပဲ။ ပြည်သူ့ လိုအပ်ချက်လေး တွေ ဖြည့်ဆည်းပေးနေတယ်။ ရည် ရွယ်ချက်ကဘာလဲ။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို သယ်ပိုးဖို့ ဖြည့် ဆည်းပေး နေတယ်။ ဥပမာ အဘတို့ တောင်ဥက္ကလာဆိုရင် ရေရရှိရေး၊ နွေ ရာသီမှာ ရေကို အဆင်ပြေပြေရရှိရေး ကို သက်ဆိုင်ရာ ဌာနက လုပ်ပေး သလို အဘတို့က တစ်ဖက်တစ်လမ်း က အောက်ခြေကနေ ဝိုင်းလုပ်ပေး တာပေါ့။ တစ်ခါတစ်လေအဲ့ဒီလိုအပ် ချက်လေးတွေဟာ သက်ဆိုင်ရာဌာန က သိပေမယ့် သူတို့ရဲ့ လုပ်ထုံးလုပ် နည်းအရ အဆင့်ဆင့်တင်ပြီးတော့ ချက်ချင်းကြီးရောက်မလာဘူး။ အဲဒီ အခါမျိုးမှာ ကျွန်တော်တို့က ကိုယ်တတ် နိုင်သလောက်ကို စိုက်ထုတ်ပြီးတော့ မှ ဝိုင်းပြီးလုပ်ပေးလိုက်ခြင်း အားဖြင့် ပြည်သူ့ အခက်အခဲလေးတွေ ဖြေရှင်း ပေးလိုက်မယ် ဆိုရင် ပြည်သူက အဘ တို့ကို နှစ်ခြိုက်မှာပေါ့။ ၁၃ ရပ်ကွက် မှာဆိုရင် ရေတွင်း ၂ တွင်းတူးပေး တယ်။ အဲဒီ့ ရေတွေကို အိမ်တိုင်ရာ ရောက် ပိုက်နဲ့ ပို့နိုင်ဖို့အတွက် ဆောင် ရွက်နေတာပေါ့။ အဲဒါမျိုးလေးတွေ က တကယ်တမ်းကျတော့ ပြည်သူ့ အကျိုးကို ဖော်ဆောင်သော လုပ်ငန်း  လုပ်နည်းနဲ့ ၂ဝ၁၅ ခုနှစ်အတွက်လို့ လည်းပြောလို့ ရတာပေါ့ဗျာ။ နောက် တစ်ခုကလည်း တောင်ဥက္ကလာပ ၁၅ ရပ်ကွက်မှာ စာသင်ကျောင်း တစ် ကျောင်းတော်တော်ကြီးကို ဟောင်း နွမ်းနေတာ ၁၉၆၅ ခုနှစ်က ဆောက် ထားတဲ့ စာသင်ကျောင်းဟောင်းနွမ်း နေတော့ အန္တရာယ်လည်းရှိလာတဲ့ အတွက် ပညာရေးဝန်ကြီး ဌာနကို တင်ပြပြီး အဘက အသစ်ပြန်ဆောက်နေ တယ်။ တခြားမြို့နယ်တွေ မှာလည်း အဲ့ဒီလုပ်ဆောင်မှုတွေ ရှိပါတယ်။ ကျောက်တန်းဒေသ ဘက်မှာ ၁၆ ကုတင် ဆံ့ တိုက်နယ်ဆေးရုံအဆောက်  အဦကို ကျွန်တော် စိုက်ထုတ်ပြီး ပြည်သူ လူထုနဲ့ ပူးပေါင်းပြီးတော့ ပြည်သူရဲ့ လှူဒါန်းငွေ နဲ့ ပါတီရဲ့ လှူဒါန်းငွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ရှိပါ တယ်။ ဒါမျိုးဆောင်ရွက်ချက်တွေ ကတော့ လာမယ့် ၂ဝ၁၅ ခုနှစ် အတွက် အားကောင်းစေမယ့် ဆောင် ရွက်ချက် ကြိုတင်ပြင်ဆင်မှု လည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် သူ့အဆင့်လိုက် အဆင့်လိုက် ဆောင်ရွက် ရမယ့် လုပ်ငန်းတွေ လည်း အခြား ပါတီများနည်းတူ ကျွန်တော်တို့လည်း ဆောင်ရွက်နေကြတာပေါ့။ နည်းနည်း လောက် လိုတဲ့အချိန်မှာ ဘာတွေ လုပ်မယ်။ နီးကပ် လာတဲ့ အချိန်ဘာ တွေ လုပ်မယ် သူ့အဆင့်လိုက် အဆင့်လိုက် သတ်မှတ် ထားပြီးတော့မှ ဆောင်ရွက်သွားကြမယ်ပေါ့။ သာမန် အားဖြင့်တော့ ပြည်သူ့ အကျိုး ဘယ်လောက် သယ်ပိုး နိုင်မလဲဆိုတာ မူတည် တာပေါ့။  နိုင်ငံတော် အစိုးရရော ပြည်သူလူထုရော ဒီမိုကရေစီ လမ်း ကြောင်းနဲ့ သွားမှပဲ ဖြစ်မယ် လို့ ယုံကြည်တယ်။ အစိုးရက ဦးဆောင် ပြီးတော့မှ ပြည်သူလူထုတွေ ကလည်း ကျင့်စဉ်တွေ ရင့်ကျက် လာအောင်လို့ ဝိုင်းဝန်းပြီး သွားနေကြတာပေါ့။ အဲဒီ အချိန်မှာ အောက်ခြေ လိုအပ်ချက် ကလေးတွေကို ပါတီ အနေနဲ့ ပြည်သူ လူထုနဲ့ ထိတွေ့ပြီးမှ ဖြည့်ဆည်း ဆောင်ရွက်ပေးတာ ဟာလည်း လာမယ့် ကာလ အတွက် ကြိုတင်ပြင် ဆင်မှုတွေပေါ့။ အသေးစိတ် လုပ်နေတဲ့ ဟာတွေတော့ လုပ်နေတယ် လို့ ပြောလို့ရပါတယ်” ဟု ရှင်းပြခဲ့သည်။

ဦးအောင်သိန်းလင်းသည် တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။

ယ-ဝဝ၇

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*