ပြည်တွင်းသတင်း — မိုးကုတ်၊ ဇန်နဝါရီ ၅၊ ၂၀၁၇

မိုးကုတ်မြို့ ပြောင်းပြင်ကျေးရွာ အုပ်စု ကိုးလံကျေးရွာ အနီးရှိ မိုးကုတ်ပရိုက်(ဒ်) ကျောက်မျက် ရတနာ ကုမ္ပဏီပိုင် ကျောက်ပုတ်(၁) ကျောက်မျက် တူးဖော်ရေး လုပ်ကွက်တွင် ဇန်နဝါရီ ၅ ရက်တွင် ကျောက်တွင်း ဓါတ်လှေကား ပြုတ်ကျခဲ့မှုကြောင့် ကျင်းအလုပ်သမား ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက်၊ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် နေ့ဆိုင်း ကျောက်တွင်း လုပ်ငန်းလုပ်ကိုင်ရန် အနက်ပေ (၃၀၀) ခန့်ရှိ ကျောက်တွင်းသို့ ဓာတ်လှေကားအား အတင်အချ ပြုလုပ်စဉ် ဓာတ်လှေကား ချိတ်ထိန်းခလုတ် ပြုတ်ထွက်ပြီး ဓာတ်လှေကား အတွင်း စီးနင်းလိုက်ပါသည့် ငဖဲမြို့နယ်မှ ဝင်းဝင်းထွန်း၊ တင်ကိုဝင်း၊ ရန်နိုင်အောင်၊ စိုးသီဟနှင့် မင်းလှမြို့နယ်မှ ကျော်ရဲအောင်၊ ဒီမော့ဆိုမြို့နယ်မှ ဂျော်ကင်းဆိုသူ ကျင်းသား ၆ ဦးမှာ ဓာတ်လှေကား အတွင်းမှ အနက်ပေ ၃၀၀ ခန့်ရှိ ကျင်းထဲသို့ ပြုတ်ကျကာ ပွဲချင်းပြီး သေဆုံးခဲ့ကြရကြောင်း သိရသည်။

ထိုကျောက်တွင်း ဓာတ်လှေကား မတော်တဆမှု ၊ ကျင်းသား ၆ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ မိုးကုတ်မြို့ ကျပ်ပြင် နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အလားတူပင် ၂၀၁၆ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မိုးကုတ်မြို့ သဒွတ်သျှိုကျေးရွာ အုပ်စု ကျောင်ဆောင်ကျေးရွာ အနီးရှိ ရတနာရှင် ကျောက်မျက် ကုမ္ပဏီ၏ ကျောက်မျက် လုပ်ကွက်(၅.၃) တွင် ကျောက်တွင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျင်းသား ၆ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*