ပြည်တွင်းသတင်း — ရန်ကုန်၊ ဇွန် ၂၆၊ ၂ဝ၁၂

ယနေ့ ဇွန် ၂၆ ရက်တွင် ကျ ရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဟံသာဝတီအဝိုင်း အနီးရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပြတိုက်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ နာယကက အဆိုပါ မူးယစ်တိုက် ဖျက်ရေး အထိမ်းအမှတ်ပြိုင်ပွဲများ ကို ကျောင်းသားလူငယ်များ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်လာမှုသည် မိမိတို့၏ ကျောင်းသား လူငယ်လေးများအား မူးယစ်ဆေးဝါး အသိပညာပေးမှု၏ အောင်မြင်မှု ဖြစ်ကြောင်း ပြောသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကို ရန်ကုန်တိုင်း ဒေသကြီးရှိ အခြေခံပညာကျောင်းများမှ ပါဝင်ယှဉ်ပြိုင်လိုသူ ကျောင်းသားလူငယ်များသည် မိမိ စိတ်ဝင်စားရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရည်ညွှန်းသည့် ကွန်ပျူတာပန်းချီ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာစသည့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရသည်။

ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်ဆွေက အဆိုပါ ဆုပေးပွဲ၏ ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးအတွင်း၌ ရှိသည့် လူငယ်များ စာပေ၊ အနုပညာဓလေ့များ လိုက်စားရာမှ မူးယစ်ဆေးဝါးအန္တရာယ်    ရှောင်ရှားနိုင်ပြီး နိုင်ငံအတွက် နောင်အခါတွင် ထူးချွန်ထက်မြက်သည့် လူ့ စွမ်းအားအရင်းအမြစ်များ    ပေါ်ထွက်လာစေရန် ရည်ရွယ်ကြောင်း ပြောသည်။

ပြပွဲတွင် ပြသထားသည့် မူးယစ်ဆေးဝါး ပုံများ

ပြပွဲတွင် ပြသထားသည့် မူးယစ်ဆေးဝါး ပုံများ

ပြပွဲတွင် ပြသထားသည့် မူးယစ်ဆေးဝါး ပုံများ

ပြပွဲတွင် ပြသထားသည့် မူးယစ်ဆေးဝါး ပုံများ

ပြပွဲတွင် ပြသထားသည့် မူးယစ်ဆေးဝါး ပုံများ

ပြပွဲတွင် ပြသထားသည့် မူးယစ်ဆေးဝါး ပုံများ

ပြပွဲတွင် ပြသထားသည့် မူးယစ်ဆေးဝါး ပုံများ

ပြပွဲတွင် ပြသထားသည့် မူးယစ်ဆေးဝါး ပုံများ

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးမှ ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းခြင်းကို အရှိန်ဟုန်ဖြင့်   ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းလုံးမှ ဘိန်း၊ ဘိန်းဖြူ၊ ဘိန်းနီ၊ ဆေးခြောက်၊ စိတ်ကြွမူးယစ်ဆေးများနှင့် ဓာတုပစ္စည်း အမျိုးစုံ ဖမ်းဆီးရမိခဲ့ရာ ရုံးတင်စစ်ဆေးသည့် အမှုပေါင်း ၂၆၁၂ မှု ရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၃၉၉၁ ဦးကို ဥပဒေအရ အရေးယူနိုင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ပြိုင်ပွဲတွင် တိုင်းအဆင့် ကာတွန်း (ပထမဆု)၊ တိုင်းအဆင့် ပိုစတာပြိုင်ပွဲ (အထူးဆု)၊ တိုင်းအဆင့် ပန်းချီပြိုင်ပွဲ (အထူးဆု) ရရှိသူ အ.မ.က (၃ဝ) လှိုင် မှ စတုတ္ထတန်း ကျောင်းသား မောင်အောင်ဘုန်းခန့်က““မူးယစ်ဆေးဝါး ဆိုတာ မကောင်းဘူး၊ လူကိုသေစေနိုင်တယ်””ဟု မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ““ကျန်းမာပျော်ရွှင် မူးယစ်စင်သည့် လူ့ဘောင်ဘဝဖြစ်လာဖို့ ကမ္ဘာတစ်ဝှမ်းလုံး ဝိုင်းဝန်း ဆောင်ရွက်စို့””ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ရန်ကုန် မြို့၊ အမှတ် ၁ ရဲတပ်ရင်း (လှော်ကား)တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဘိန်း ဝ.၁၂၇ ကီလို၊ ဘိန်းဖြူ ဝ.၄၈၈ ကီလို၊ ဆေးခြောက် ၁၉၈.၈၅၂ ကီလို၊ စိတ်ကြွဆေးပြား ၂၃၃.၂၈၂ ပြား၊ စိတ်ကြွဆေးမှုန့် ဝ.၂၆၂ ကီလို၊ ကဖင်း ဝ.ဝဝ၁ ကီလို၊ အိုက်စ် ၁.၃၃၃ ကီလို၊ ဘိန်းစာမှုန့် ၃၁၁.၃၃၁ ကီလို၊ အက်ဖီဒရင်း ၁.၂၅၁ ကီလို၊ ဒိုင်ယာဇီပမ် ဆေးပြား ၅၂၈၄၈၈ ပြား၊ ဒိုင်ယာဇီပမ် ထိုးဆေး ၆၈၁၇၈ ကီလို၊ မော်ဖင်း ထိုးဆေး ၄၇၆၇ ကီလို၊ Puprenorphine ထိုးဆေး ၄၃၃ ကီလို၊ Tramadol ဆေးပြား ၁၈၅၁ဝ၁ ပြား၊ Tramadol ထိုးဆေး ၂၄၉၄ ကီလို၊ Aiprazolan ဆေးပြား ၃ဝ၂ဝဝဝ ပြား၊ Sosegon ပုလင်း ၃၃၊ Loraz-epam ဆေးပြား ၁၃ ပြား၊ Keta-line ထိုးဆေး ၂၁၄၄ ကီလို စုစုပေါင်းတန်ဖိုး ၁၁,၉၇၆,၄၂၈,၁၁၆ ငွေကျပ် စုစုပေါင်း တစ်သောင်းတစ်ထောင် ကိုးရာခုနစ်ဆယ့်ခြောက်သန်းကျော်  (အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်)ကို ယနေ့ နံနက်ပိုင်းက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

 

ဝဝ၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*