ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၇


မူးယစ်ဆေးဝါး ရောင်းချသူ၊ တစ်ဆင့် ပြန်လည် ရောင်းချသူတွေဆီမှ မူးယစ်ဆေးဝါးတွေနဲ့ အတူ လက်နက်၊ ခဲယမ်းများပါ ဖမ်းဆီး ရမိခဲ့ပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့တာပါ။

မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင် (၂) ရပ်ကွက်ရှိ စိုးဝင်း (ဘ) ဦးရှီကျင်ချဲ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာမှာ စိုးဝင်းနဲ့အတူ နေအိမ် အိပ်ခန်းရှိ ဗီရိုအတွင်းမှ ဘိန်းဖြူ ၁၂ ဒသမ ၅ ဂရမ်ခန့်၊ ICE ၂ ဂရမ်ခန့်၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၃၈ ပြားနဲ့ဘိန်းဆီခဲ ၆၀ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး စုစုပေါင်းငွေကျပ်၂၃သိန်းကျော်) တို့ကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချနေတဲ့ ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်၊ လမ်းသွယ် (၁) ရှိ နေအိမ်ကို သွားရောက်ရှာဖွေရာ 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၃၀၅ ပြား၊ ဘိန်းဖြူ ၅ ဂရမ်ခန့်၊ ICE ၃၁၀ ဂရမ်ခန့်နှင့် ဘိန်းဆီခဲ ၈၃၂ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂၆၈ သိန်းကျော်) တို့ကို ထပ်မံ သိမ်းဆည်း ရမိခဲ့ပါတယ်။ ဆက်လက်ပြီး ကွင်းဆက် သတင်းတွေအရ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ ဘိုင်ကြီး (ခ) ခင်မောင်ထွန်းဟာ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်း ကျေးရွာအုပ်စု၊ စည်ပင်သာယာ ကျေးရွာ၊ ပုဂံလမ်းရှိ နေအိမ်ကို ရှာဖွေရာ ဘိုင်ကြီးကို အိုက်ရွှေ၊ သိန်းအောင်တို့နဲ့ အတူ 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၈၅၈ ပြား၊ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက် ၂၉ ခွက် (ခန့်မှန်း ၃၄၈ ဂရမ်ခန့်)၊ ICE ၁ ကီလိုခန့်၊ Coldifed စာတန်းပါ ဆူဒိုအက်ဖ်ဖီဒရင်း ဆေးပြား ၁၃၀၀၀ ပြား၊ ဘိန်းဆီခဲ ၇၅၀ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၉၀၀၀ ကျော်)၊ STAR S.A cal 7.65-32 စာတန်းပါ စပိန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၈၃ တောင့်၊ Mark II အမျိုးအစား မော်တော်ယာဉ် အမှတ် YGN-7F/—- တစ်စီး၊ Luojia အမျိုးအစားနဲ့ Viva အမျိုးအစား မော်တော် ဆိုင်ကယ် နှစ်စီးတို့နဲ့အတူ တွေ့ရှိပြီး ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*