လူမှုရေးသတင်း — ရန်ကုန်၊ စက်တင်ဘာ ၂၃၊ ၂ဝ၁၂

မူးယစ်ဆေး အန္တရာယ်နှင့် စပ်လျဉ်း၍ လူငယ်များ မူးယစ်ဆေးကို ပိုမို ကြောက်ရွံ့သွားစေရန် ပညာပေး ပြောကြား   သော်လည်း လက်တွေ့တွင်မူ ကြော်ငြာပေးနေ သလို ဖြစ်နေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) မှ သင်ကြားရေး အဖွဲ့၊ ဗဟိုနည်းပြ တစ်ဦးဖြစ်သူ မသန္တာက ပြောသည်။

“ကိုယ်တွေကတော့ ဒါကို ကြောက်သွားအောင် ပြောခဲ့တယ်။ ဖြစ်နေတာက သွားပြီး ကြော်ငြာသလို ဖြစ်ခဲ့တယ်”ဟု ယင်းက ဆိုသည်။

လူငယ်များ မူးယစ်ဆေး အန္တရာယ် အသိပညာပေးမှုများ နှင့်စပ်လျဉ်း၍ MANA မှ ဗဟိုနည်းပြ တစ်ဦးဖြစ်သူက “သူတို့ကို အာနိသင်ကို ပြောပြတာ မဟုတ်ဘူး၊ ဘေးထွက် ဆိုးကျိုးကို ပြောပြတာ။ ဒါပေမယ့် ကလေးတွေက ဘယ်လို နားလည် သွားလဲဆိုတော့….. လွဲသွားတယ်”ဟု ပြောသည်။

MANA ၏ ငွေကြယ်ပွင့် လူငယ်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် မသန္တာက မိမိတို့အနေဖြင့် တစ်နှစ်လျှင် တစ်ကြိမ် မြန်မာနိုင်ငံ အထက်ပိုင်း ဖြစ်သည့် မန္တလေး၊ စစ်ကိုင်းမြို့ များမှ အခြေခံ ပညာကျောင်းများသို့ သွားရောက် ပညာပေးလျက် ရှိကြောင်း၊ ထိုသို့ ပညာပေးရာတွင် မူးယစ်ဆေးဝါး သုံးစွဲသည့် တွေ့ရှိမှုနှင့် စပ်လျဉ်း၍ သုံးစွဲမှု အခြေအနေ သိသိသာသာ လျော့နည်း သွားမှု မရှိဟု ထင်မြင်မိကြောင်း၊ ထို့အပြင် အခြေခံပညာ ကျောင်းများ နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေသည် ၆ တန်းအရွယ် ကျောင်းသား ကလေးအချို့တွင်ပါ တွေ့ရှိရခြင်း ကြောင့် မိမိတို့ အနေဖြင့် (မန္တလေး တိုင်း)တွင် ၅ တန်း အရွယ် ကျောင်းသား ကလေးများ ထံသို့ပါ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးမှုများ ဆောင်ရွက်နေရကြောင်း ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲသူ အယောက် ၁ဝဝ တွင် ၇ဝ ခန့်သည် အသိပညာ လွဲမှားစွာ (ဥပမာ-ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း) သုံးစွဲလျက် ရှိသည် ကို တွေ့ရကြောင်း၊ ထို့အတူပင် မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက်လာပါက HIV ရောဂါပိုး ကူးစက်မှုပါ မြင့်တက်လာကြောင်း ရှင်းလင်း ပြောကြားသည်။

အခြေခံပညာ ကျောင်းများသို့ သွားရောက်ကာ အသိပညာပေးမှု ကိစ္စရပ်များတွင် ကလေးများ၏ သင်ယူ လွယ်မှုနှင့် တတ်မြောက်လွယ်မှုများကို တွေ့ရကြောင်း၊ မိမိတို့အဖွဲ့မှ ဆရာတစ်ယောက် သည် မန္တလေးတွင် အသိပညာပေးမှု ပြုရာ၌ ရန်ကုန်တွင် ကော်ရှူသည့် မူးယစ်နည်းမျိုး ခေတ်စားလျက် ရှိကြောင်း ပြောကြားမိခဲ့ရာ ထိုမူးယစ်စေသည့် ကော်ရှူနည်း ကို ကြော်ငြာဘိ သကဲ့သို့ ဖြစ်သွားခဲ့ကြောင်း၊ လူငယ်များနှင့် အသိပညာပေးသူ များအကြား နားလည်မှု လွဲချော်မှုများ ရှိသော်ငြား သိသိသာသာ ဆိုးဆိုးဝါးဝါး လွဲချော်မှုမျိုးမရှိကြောင်း၊ MANA မှ အဆိုပါ ဗဟိုနည်းပြက ပြောသည်။

MANA ၏ ငွေကြယ်စင် အဖွဲ့သည် မူးယစ်ဆေးဝါး လုံးဝသုံးစွဲခြင်း မရှိဖူးသည့် လူငယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဖွဲ့ဝင် လူငယ် ၄ဝ ခန့် ရှိကြောင်း၊ လူငယ်များ အတွက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာ ပေးမှု များ ဆောင်ရွက်ရာ တွင် လူငယ်များ နိစ္စဓူဝ ရင်ဆိုင်နေရသည့် အခက်အခဲ ပြဿနာများအပေါ် ဆုံးဖြတ် ချက် မှားယွင်းကာ မူးယစ်ဆေးဝါး ဘက်သို့ ယိမ်းယိုင်လာခြင်း မရှိစေရန်နှင့် အောင်မြင်မှု လမ်းကြောင်းသို့ မည်သို့ ရွေးချယ်သွားနိုင်မည် ဆိုခြင်း များကို ပညာပေး ဆွေးနွေးပေးလျက် ရှိသည့်အဖွဲ့တစ်ခု ဖြစ်သည်။

ဝဝ၄၊ ဝဝ၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*