ခေါင်းကြီးသတင်း — ဟဲဟိုး၊ ဒီဇင်ဘာ ၂၅၊ ၂ဝ၁၂
လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

လေယာဉ် ပျက်ကျမှု မြင်ကွင်း အချို့

ယခုလ ၂၅ ရက်၊ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဖြစ်ပွားခဲ့သည့် အဲပုဂံ လေကြောင်းလိုင်း ခရီးစဉ် အမှတ်(W9-011) လေယာဉ်အမှတ် (XY-AGC)၊ လေယာဉ် အမျိုးအစား (Fokker-100) သည် ယနေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဟဲဟိုးလေဆိပ် လေယာဉ်ပြေးလမ်းဘေးရှိ လယ်ကွင်းထဲသို့ မှားယွင်း ဆင်းသက်ခဲ့ရာမှ မတော်တဆ မှုဖြစ်ခဲ့ရာ အဆိုပါ လေယာဉ် လေကြောင်းလိုင်းမှ မတော် တဆမှုဖြစ်ပွားခဲ့သည့် လေယာဉ် အား လေယာဉ် ကိုယ်ထည် အာမခံ အမေရိကန်ဒေါ်လာ ၄သန်းနှင့် ဖြစ် ပျက်မှုတစ်ခုအတွက် ပေးလျော်ရန် တာဝန်ရှိမှုဆိုင်ရာ အာမခံ(Third Party Liability)(ဖြစ်ပျက်မှုတစ်ခု တိုင်းအတွက် ခရီးသည်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပေးလျော်ရန် တာဝန်ရှိမှု ဆိုင်ရာ အာမခံ) အမေရိကန် ဒေါ်လာသန်း ၁၅ဝ အထိ အာမခံ ထားရှိကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးစိန်မင်းက မြန်မာအင်ဒီပဲန်ဒင့်သို့ ဒီဇင်ဘာ ၂၅ ရက် နေ့လယ်တွင် ပြောသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် မတော်တဆ ထိခိုက်မှုဖြစ်ပွားသည့် လေယာဉ်အတွက် သက်ဆိုင်ရာလေကြောင်း လိုင်းမှ လေယာဉ်ကိုယ်ထည် အာမခံအား မြန်မာ့အာမခံ လုပ်ငန်း၏ စီစဉ်မှုဖြင့် နိုင်ငံခြား လေကြောင်း တစ်ဆင့် အာမခံကုမ္ပဏီတွင် အာမခံ ထားရှိကြောင်း၊ လွန်ခဲ့သော တစ်နှစ် ခန့်ကပင် ကမ္ဘောဇလေကြောင်း လိုင်းမှ လေယာဉ် တစ်စီး၏ မတော်တဆမှုအတွက် အမေရိကန် ဒေါ်လာ ၉သန်း မြန်မာ့အာမခံမှ ပေးလျာ်ခဲ့ကြောင်း အဆိုပါ အထွေထွေ မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။

ယခုလအတွင်း မတော်တဆမှု ဖြစ်ပေါ်သော အဲပုဂံလေယာဉ်သည် မန္တလေး လေယာဉ်ကွင်းမှ ဟဲဟိုးလေဆိပ် သို့ ပျံသန်းခဲ့သော လေယာဉ် ဖြစ်ပြီး  ၈ နာရီ ၅၅ မိနစ်ခန့်တွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ရာ မြူနှင်းများ ဖုံးလွှမ်းနေသဖြင့် ပြေးလမ်းမှားကာ ပြေးလမ်းဘေးရှိ လယ်ကွင်း အတွင်းသို့ ဆင်းသက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ထိုနေ့ နေ့လယ် ၁၁ နာရီ ၅၁ မိနစ်တွင် အတိအလင်း ထုတ်ပြန် ထားသည်။

ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၉း၁၅ မိနစ် အချိန်တွင် ရန်ကုန်မှ မန္တလေး၊ဟဲဟိုးလေဆိပ်သို့ ဆိုက်ကပ် ပျံသန်းလာ သည့် Air Bagan လေကြောင်းလိုင်း Flight no.AGT 001 ခရီးစဉ်အမှတ် W9-011 သည် ဆီးနှင်းများ ကျနေ သည့် ရာသီဥတု အခြေအနေနှင့် လမ်းကြောင်းမှားကာ လေယာဉ်ပြေးလမ်း မရောက်မီ ဟဲဟိုး ၊ အောင်ပန်းလမ်း၊ ဝါးရုံပင် အရပ်ရှိ လျှပ်စစ် ဓာတ်ကြိုးနှင့် ချိတ်မိကာ နိမ့်ဆင်းပြီး ၊ ကားလမ်းပေါ်သို့ ကိုက်၁ဝဝဝ ခန့် ချိတ်ပါကျဆင်းကာ ရေတမာပင် အုပ်ထဲ ဖြတ်ဝင် သွားကြောင်း ဟဲဟိုးဒေသခံ မျက်မြင်များ၏ ပြောပြချက်အရ သိရသည်။

ရေတမာပင်နှင့် ချိတ်မိပြီး လယ်ကွင်းထဲ ရောက်သွားကြောင်း၊ လေယာဉ်တောင်ပံပါ သစ်ပင်နှင့် ချိတ်မိပြီး မီးလောင်ကျိုးကျကြောင်း ၊ကားလမ်းပေါ်ရှိ ဆိုင်ကယ်အမှတ် ၁၄/ ၆၇၆၄ဝ တွင် စီးနှင်း လိုက်လာသူ ၂ ဦး အနက် ဦးပြားမှာ လေယာဉ်တောင်ပံ ပိကာ ဆိုင်ကယ်ပါ တိမ်းမှောက် မီးလောင်ကာ သေဆုံးသွားကြောင်း  မျက်မြင်များက ပြောသည်။ ၁ဝး၃ဝ တွင် လေယာဉ် မီးလောင်မှု ငြိမ်းသွားကြောင်း၊ လေယာဉ်တွင် လိုက်ပါ လာသည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ လူကြီး ၁ ဦး သေဆုံးသွားကြောင်း ဟဲဟိုးမြို့ခံ မြို့ခံ မျက်မြင်များက ပြောသည်။ သေဆုံးသူမှာ ဧည့်လမ်းညွှန် မနွဲ့လင်းရှိန် ဖြစ်ကြောင်း သိရသည်။  ထိခိုက်ဒဏ်ရာ ရရှိသူ ခရီးသည်  ၁၁  ဦးရှိပြီး တောင်ကြီး မြို့ စဝ်စံထွန်း ဆေးရုံ အရေးပေါ် ဌာနတွင် ကုသပေးလျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

Air Bagan လေကြောင်းလိုင်း Flight no.AGT 001 တွင် လိုက်ပါ စီးနင်းသူ ခရီးသည် စုစုပေါင်း ၆၃  ဦးပါရှိပြီး နိုင်ငံခြားသား ခရီးသည်  ၅၁ ဦး ပါဝင်ကြောင်း၊ လေယာဉ် မောင်းနှင်သူ လေယာဉ်မှူး အမည်မှာ ဦးမောင်မောင်ထွေး ဖြစ်ပြီး လေယာဉ်အမှုထမ်း ၆ ဦးပါဝင် သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း လူဦးရေ ၇၁ ဦးပါဝင်ကြောင်း ဟဲဟိုးလေဆိပ်ရှိ တာဝန်ရှိသူတစ်ဦး ကပြောသည်။

၁၂း၃ဝတွင် ရရှိသော သတင်း များအရ နောက်ထပ်ခရီးသည် ၂ ဦး သေဆုံးသွားကြောင်း၊ ဟဲဟိုး ဒေသခံများ ၏ ပြောပြချက်အရ သိရှိရသည်။ ဒဏ်ရာရရှိ၍ ဆေးရုံ သို့ ရောက်ရှိနေသော ခရီးသည် ၇ ဦးနှင့်လေယာဉ်မှူး ၂ ဦး၏ အမည် များမှာ Mr.Allan Lokos မစ္စတာ အဲလန်လိုကော့စ်(အမေရိကန်)၊ Ms. Susanna Weiss မစ္စဆူဆန် နာစီဝေ့စ်(အမေရိကန်)၊ ကိုစိုးမိုးသူ (မြန်မာ)၊ Ms. Mor Evelyne မစ္စမောအယ်ဗလင်(အင်္ဂလန်)၊ မတိုး တိုးခင်(မြန်မာ)၊ မခင်အေးလှိုင် (မြန်မာ)၊ Mr. Hancaun Lu မစ္စတာ ဟန်ကျောင်းလူ (ကိုရီးယား) နှင့် လေယာဉ်မှူးနှစ်ဦးမှာ လေယာဉ်မှူး မောင်မောင်ထွေး၊ တွဲဖက် လေယာဉ်မှူး နေလင်းထွန်း တို့ဖြစ်ကြသည်။

ထိုသို့ဖြစ်ပွားခြင်းကြောင့် ဟဲဟိုး နှင့်အနီးတစ်ဝိုက်တွင် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီခန့်မှစ၍ လျှပ်စစ်မီး ပြတ်တောက် မှုများ ဖြစ်ပေါ်နေကြောင်း၊ ယင်းမတော်တဆမှုများ ဖြစ်ပွားချိန်တွင် အဆိုပါဒေသရှိ အင်းခေါင် နာရေး ကူညီမှုအသင်းမှလည်း  ထိခိုက်ဒဏ်ရာ ရသူများကို ဆေးရုံသို့ ကူညီပို့ဆောင် ပေး ခဲ့ကြောင်း ဒေသခံ ကိုစိုးမိုးကျော်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ဒဏ်ရာရရှိသူ ၂၆ ဦးကို Asia Wings လေကြောင်းဖြင့် ရန်ကုန်မြို့ သို့ ခေါ်ဆောင်လာပြီး ဝိတိုရိယ ဆေးရုံမှ လိုအပ်သော ကုသမှုများ ကို Air Bagan က စီစဉ် ကုသပေးလျက် ရှိကြောင်း သိရသည်။ နိုင်ငံခြားသား ခရီးသည် များကို သက်ဆိုင်ရာ သံရုံးများနှင့်ချိတ်ဆက်ကာ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် ပို့ဆောင် မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့က လင်းတများ ရွှေတိဂုံဘုရားပေါ် လာရောက်နားခဲ့ခြင်းနှင့် ပတ်သက်နေသလော ဟု တွေးကြသည့် အတွက် မေးမြန်းရာ ဝေဒပညာရှင် ဆရာဝဏ္ဏက “ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံ စေတီ တော်သို့ ဒီဇင်ဘာ ၂၃ ရက်၊ ညနေ ၅ နာရီ ၂၅ မိနစ်အချိန် လင်းတ ၆ ကောင် လာရောက် နားခဲ့ကြောင်း သိရှိခဲ့ရပါသည်။ လင်းတ ၆ ကောင် အနက် ၃ ကောင်မှာ ရာဟုထောင့် အနောက်မြောက် ပန်းဆွဲအောက်တွင် နားပြီး အခြား ၃ ကောင်မှာ ဗုဒ္ဓဟူး ထောင့်အနောက်တောင်ထောင့် ငှက်ပျောဖူး အောက်ခြေ ကြာနုအပေါ်တွင် နားခဲ့ကြောင်း သိရှိရပါသည်။

(လင်း)သည် ဗုဒ္ဓဟူး(လေး) နှင့် (တ)သည် စနေ(ခုနစ်) နှစ် ရပ်ပေါင်း (၁၁)တစ်ဆယ့်တစ်ဖြစ် နေကြောင်း တွေ့ရပြီး (၁၁) ရက် အကြာအတွင် ထူးခြားမှုများဖြစ်ပေါ် နိုင်ကြောင်း တွေ့ရှိရပါသည်။ ဗုဒ္ဓဟူးသည် (မြေ) ပထဝီဓာတ်၊ စနေသည် (လေ) ဝါယောဓာတ်ကို အုပ်စိုး ထားပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ဇာတာတွင် တူရာသီ(လေ) အိမ်သို့ ကောဇာစနေ၊ ရာဟုဂြိုဟ် နှစ်လုံး ရပ်တည်ကာ အင်္ဂါဂြိုဟ် မကာရ ရာသီဥစ်အိမ်တွင် ရပ်တည်ထားပြီး မူလ အင်္ဂါဂြိုဟ်ကို အထူးမြင်ထားသဖြင့် လေဘေး အန္တရာယ်၊ မုန်တိုင်းဘေး၊ လေနှင့် ပတ်သက်သော အန္တရာယ်များ ကျရောက်နိုင်ကြောင်း တွေ့ရှိရပါသည်”ဟု သုံးသပ်သည်။

ဝဝ၂၊ ဝ၈ဝ

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*