ခေါင်းကြီးသတင်း — မန္တလေး၊ မတ် ၂၈ ၊ ၂ဝ၁၂
မန္တလေးမြို့ အတွင်းရှိ ယာဉ်သွားလမ်းတစ်ခု မြင်ကွင်း

မန္တလေးမြို့ အတွင်းရှိ ယာဉ်သွားလမ်းတစ်ခု မြင်ကွင်း

ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်​ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည့် နိုင်ငံရေး ပါတီအချို့၏ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးမှုများကြောင့် မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ယာဉ်သွားလမ်းများ ပိတ်ဆို့ကာ လမ်းအသုံးပြုသူများအား အနှောင့်အယှက်  ​​ ဖြစ်ရကြောင်းနှင့် သက်ဆိုင်ရာ​ နိုင်ငံရေးပါတီ​ ခေါင်းဆောင်များ အနေဖြင့် ထိန်းထိန်း သိမ်းသိမ်း​ ဆောင်ရွက်စေလိုကြောင်း​​  ဒေသခံပြည်သူများ၏  ပြောပြချက်အရ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အချန်နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများ ပိုမိုပြုလုပ်လာကြသည်။ ထိုအထဲတွင် လက်ရှိအာဏာရပါတီ(ပြည်ခိုင်ဖြိုး) နှင့် အတိုက်အခံပါတီ (ဒီ/ချုပ်)တို့၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများမှာ ပိုမိုပြင်းထန်လာသည်။ အထူးသဖြင့် အတိုက်အခံနိုင်ငံရေးပါတီတစ်ခု၏ မဲဆွယ်စည်းရုံးမှုများကြောင့်ပြည်သူများအတွင်းအနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း မဟာအောင်မြေ မြို့နယ်၊ စိန်ပန်းရပ်ကွက်နေ ဦးအောင်နိုင်က ““အရင်ကဒီလောက်မတွေ့ရဘူးဗျ၊ အခုရက်ပိုင်း ပိုပြီးလုပ်လာကြတာ တွေ့နေရတယ်၊ အတိုက် အခံဘက်က အဆိုးဆုံးပဲ၊ လူအုပ်က နဲနဲနောနောမှမဟုတ်တာ၊ သူတို့များလာပြီးဆိုယင် လမ်းတွေပိတ်ကုန်ရော”” ဟုပြောသည်။

အထူးသဖြင့် မဲဆွယ်စည်းရုံးရေးအတွက် ယာဉ်တန်းများနှင့် စီတန်းလှည့်လည်ရာတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း များအားလိုက်နာခြင်းမရှိသည့် အတွက် ပြည်သူအများစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းကိုလည်း ၎င်းင်းက ““တကယ်ဆိုယင် စည်းကမ်းရှိရှိနဲ့ စီတန်းလှည့်လည်တာမျိုး လုပ်သင့်တယ်၊  အခုဟာကအားလုံးက ဖရိုဖရဲနဲ့၊ မြင်မကောင်းဘူးဗျာ၊ မနေ့ကဆို ရွှေတစ်ချောင်းနားမှာ (၄၁) လမ်းဘက်ကနေဒီဘက်ကို ချိုးကွေ့လာတာ၊ ဆိုင်ကယ်ဦးထုပ်လည်းဆောင်းမထားဘူး၊ တစ်ချို့ဆို ဆိုင်ကယ်စီးယင်းနဲ့လက်နှစ်ဖက်တောင်လွှတ်လိုက်သေးတယ်။ ကျနော့သမီးလေးကို ဝင်တိုက်မလိုဖြစ်သွားလို့ မနည်းဆွဲ ထားလိုက်ရတယ်”” ဟု (၄၁)လမ်းနေသူ ကိုမောင်မောင်လှကသူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အား ပြောပြသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် လွတ်လပ်ခြင်းဆိုသည်ထက် စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ပါမှတိုင်းပြည်အမှန်တကယ် တိုးတက်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များအနေနှင့် လွတ်လပ်ခြင်းနှင့်စည်းကမ်းပြည့်ဝခြင်းအား နားလည်မှု လိုနေသေးကြောင်း၊  ​နိုင်ငံရေးပါတီ​ ​ခေါင်းဆောင်များ အနေနှင့် ကြပ်ကြပ်မတ်မတ်သွန်သင် ဆုံးမပါမှ အနာဂတ်နိုင်ငံတော်အတွက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ကိုလည်း ချမ်းမြသာစည်မြို့နယ်နေ အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ““ကျနော်က ဒီ/ချုပ်ပါတီကိုပဲ မဲပေးမှာပါ၊ ဒါပေမယ့်အခုလို စည်းမဲ့ကမ်းမဲ့လုပ်တာမျိုးတော့မကြိုက်ပါဘူး၊ စည်းကမ်းရှိကြပါလို့ တဖွဖွပြောနေတဲ့ပါတီက ဥပဒေမဲ့ စည်းကမ်းတွေ ချိုးဖောက်နေကြတာ  ခေါင်းဆောင်ပိုင်းက ထိန်းပေးဖို့လိုပါတယ်”” ဟုပြောသည်။

ထို့နောက် ၎င်းကပင်ဆက်လက်၍ ““လက်ရှိအာဏာရပါတီကဒီလောက်မဟုတ်ဘူးဗျ၊ အတိုက်အခံပါတီဘက်က လုပ်နေတာတွေဟာ စည်းကမ်းမဲ့လွန်း​ နေတယ်”” ဟု ထပ်လောင်းပြောသည်။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် နိုင်ငံရေးပါတီ (၅)ခု ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အတိုက်အခံအင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများအား နေ့ညမပျက်နေပူမိုးရွာမရှောင် အင်တိုက်အားတိုက်လှုပ်ရှားနေသော ပါတီတစ်ခုဖြစ်ကြောင်းသိရသည်။

၀၀၉

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.