လူမှုရေးသတင်း — မန္တလေး၊ မေ ၂၃၊ ၂ဝ၁၂

ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်သည့် အားလျော်စွာ သဘာဝချစ်သူ ကွန်ရက်(မန္တလေး)အနေဖြင့် တောင်သမန်အင်း ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပလတ်စတစ် ဆန့်ကျင်ရေး လှုပ်ရှားမှုအစီအစဉ်နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်မည် ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။

ပြောင်းလဲလာသော လူမှုစနစ်၏ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍လည်း ဇွန်လ ၅ ရက်နေ့ နေ့လည် ၁ နာရီမှ ၅ နာရီအချိန်တွင် ဓာတ်ပုံပြပွဲနှင့် ဆွေးနွေးပွဲ အစီအစဉ်များ ပြုလုပ်မည် ဖြစ်ကြောင်း၊ အဆိုပါ ကွန်ယက်အဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

““ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အဲဒီနေ့ ဇွန် ၅ မှာ ဓာတ်ပုံပြပွဲလေး တစ်ခုပါ ကျင်းပဖို့ စီစဉ်ထားတယ်၊ စိန်ဂျွန်း Church မှာ လုပ်မှာပါ။ တက်ရောက်အားပေးပြီး ဆွေးနွေး အကြံပေးကြပါလို့    တောင်းဆိုပါတယ်””ဟု ကွန်ရက်အဖွဲ့မှ မဖူးပွင့်သဉ္စာဖြိုးက ပြောသည်။

သဘာဝချစ်သူကွန်ရက်(မန္တလေး) ဆွေးနွေးပွဲပြုလုပ်နေစဉ်

သဘာဝချစ်သူကွန်ရက်(မန္တလေး) ဆွေးနွေးပွဲပြုလုပ်နေစဉ်

ဓာတ်ပုံပြပွဲတွင် ပြောင်းလဲလာသည့် လူနေမှုစနစ်ကြောင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုရှိပုံကို    ပေါ်လွင်စေသည့် ဓာတ်ပုံများကို ခင်းကျင်းပြသ ထားမည်ဖြစ်ကြောင်း၊ အကျိုး သက်ရောက်မှုများနှင့် ပတ်သက်၍ တက်ရောက်လာသူများ၏ အမြင်များအတိုင်း ပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် သီးသန့် စီစဉ်ထားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

တောင်တမန်အင်း လှုပ်ရှားမှုအနေဖြင့် တောင်တမန်အင်း အနောက်ဖက်ခြမ်းတွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း များကြောင့်၊ ပတ်ဝန်းကျင်၏ သဘာဝ ဂေဟစနစ် ပျက်စီးမည့် ဘေးမှ ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် Campaign တစ်ခုအဖြစ် ပြုလုပ်မည် ဖြစ်ကြောင်းကိုလည်း ကွန်ယက်အဖွဲ့က ဆက်လက် ပြောကြားသည်။

““တောင်သမန်အင်း၊ အနောက်ဘက်ခြမ်းမှာ Plastic Campaign လုပ်မယ်၊ အဲဒီနေ့ မနက် ၇ နာရီလောက် ကစပြီး လုပ်မှာပါ။ ပါဝင်လိုသူအနေနဲ့ ကျမတို့နဲ့ပူးပေါင်းနိုင်ပါတယ်””ဟု မနန်းသက်သက်ထွန်းက ပြောသည်။

သမိုင်းဝင် ဦးပိန် တံတားနှင့် တောင်သမန်အင်း တစ်နေရာ

သမိုင်းဝင် ဦးပိန် တံတားနှင့် တောင်သမန်အင်း တစ်နေရာ

သဘာဝချစ်သူကွန်ရက် (မန္တလေး)အား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို စိတ်ဝင်စားသော    ခေတ်ပညာတတ် လူငယ်အဖွဲ့ဝင် ၆ ဦးဖြင့်  ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကွန်ရက်အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြခန်းများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ နှစ်ရှည်သစ်ပင်များ စိုက်ပျိုး၍ ပြုစုစောင့်ရှောက်ခြင်း၊ လှုံ့ဆော်မှုအစီအစဉ်ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကိုလည်း ကွန်ရက်အဖွဲ့၏ ပြောပြချက်အရ သိရှိရသည်။

ဝဝ၉

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*