ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၇

ယာဉ်တိုက်မှု ဖြစ်ပွားရာက မူးယစ်းဆေးဝါးတွေပါ ဖမ်းဆီးရမိ ခဲ့ပါတယ်၊ ဖေဖော်ဝါရီ ၁၂ ရက်က နတ်မောက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်လေး ကျေးရွာအနီး၊ နတ်မောက်-မကွေး ကားလမ်း၊ မိုင်တိုင် အမှတ် (၇၂/၅-၆) တွင် ယာဉ်တိုက်မှုကို သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာမှ အခုလို မူးယစ် ဆေးဝါးတွေ ဖမ်းဆီးရမိတာပါ။

အဲဒီ မူးယစ်ဆေးဝါးတွေဟာ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ပါဝင်တဲ့ ဆိုင်ကယ်မောင်းသူ ဇော်ဝင်းက လမ်းဘေးမှာ ရပ်ထားတဲ့ သုံးဘီးဆိုက်ကယ်ကို ဝင်တိုက်မိရာက ဝဲ/ယာ လက်ကောက် အရိုးကျိုး ဒဏ်ရာ၊ ယာလက်ချောင်းတွေ ပွန်းဒဏ်ရာ၊ ဝဲလက်သန်း ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲတာကြောင့် နတ်မောက်မြို့ ပြည်သူ့ဆေးရုံကို ပိုဆောင်ပြီး ရှာဖွေရာမှာ ဇော်ဝင်း ဝတ်ဆင်ထားတဲ့ အင်္ကျီအိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၀၀ ပြား သိမ်းဆည်း ရမိခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*