ခေါင်းကြီးသတင်း — ရန်ကုန်၊ မတ် ၂၇၊ ၂ဝ၁၂
ဘာသာပေါင်းစုံမှ လူမျိုးများ စုပေါင်းကျင်းပသော ကချင်ပြည်နယ် စစ်ပြေငြိမ်းရေး ဆုတောင်းပွဲ​ အခမ်းအနား

ဘာသာပေါင်းစုံမှ လူမျိုးများ စုပေါင်းကျင်းပသော ကချင်ပြည်နယ် စစ်ပြေငြိမ်းရေး ဆုတောင်းပွဲ အခမ်းအနား

မတ်လ ၂၇ ရက်နေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ယုဒသာန်ရိပ်သာ၌၊ ဘာသာပေါင်းစုံမှ လူမျိုးများစုပေါင်းကျင်းပသော ကချင်ပြည်နယ် စစ်ပြေငြိမ်းရေး ဆုတောင်းပွဲ အခမ်းအနားတွင် ကချင်တိုင်းရင်းသူ​ ဒေါ်ခွန်းဂျာက ယနေ့အထိ ကချင်ပြည်နယ် မငြိမ်းချမ်းသေးကြောင်း ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေါ်ခွန်းဂျာက​ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရာတွင် တင်းမာမှုများရှိကြောင်း၊ ထိုသို့ တင်းမာမှုများသည် အဖွဲ့အစည်းများ၏ လိုအပ်ချက်များသာ​ ဖြစ်နိုင်ကြောင်းပြောသည်။ ဆက်လက်ပြီး ဒေါ်ခွန်းဂျာက ““ပစ်ခတ်နေတဲ့မြေပုံကိုကြည့်လိုက်ရင် KIO ဘက်က ထွက်ပြီးတိုက်တာမရှိဘူး၊ ဒီဘက်ကနေထိုး စစ်ဆင်နေတာချည်းပဲရှိတယ်။ အဲဒီသွားတိုက်တဲ့တပ်တွေရုတ်သိမ်းသွားရင် အပစ်ခတ် ရပ်စဲရေး ဖြစ်သွားမှာပဲ”” ဟုဆိုသည်။

ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများနှင့် ပတ်သက်၍​ မေးမြန်းရာတွင်​ ဒေါ်ခွန်းဂျာက ““စစ်ရှိန်မြင့်တဲ့အတွက်ကြောင့် သေဆုံးတဲ့ ရွာသားစာရင်း ကတော့ သိပ်မရှိတော့ဘူး၊ မရှိသလောက်လဲဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့​ တော်တော်များများက ဒုက္ခသည်စခန်းကို​  ရောက်နေကြပြီ”” ဟု ဆိုသည်။

ယခင်က ဒုက္ခသည်စခန်း၌မနေသည့်အဖွဲ့အစည်းများသည် ယခုကာလတွင် ငတ်မွတ်ခေါင်းပါးမှုကြောင့် ယင်းတို့၏ရွာ၌ ဆက်လက်နေထိုင်၍ မရနိုင်သဖြင့် ဒုက္ခသည်စခန်းသို့  ရောက်လာကြကြောင်း​ ပြောသည်။ တစ်နှစ်တာကာလအတွင်း၌ စစ်ဖြစ်ပွားခဲ့မှုကြောင့် အသီးအနှံ စိုက်ပျိုးခြင်း နှင့် ကုန်သွယ်လုပ်ငန်းများကို လုပ်ကိုင်၍ မရသဖြင့် ငတ်မွတ်ခေါင်းပါးသည်ဟု ဆိုသည်။

စခန်းများ၏အခြေအနေနှင့်ပတ်သက်၍မေးမြန်းရာတွင် နှစ်ဖက်ညှိနှိုင်းပြီး ကချင်စစ်ဘေးသင့်ပြည်သူများအတွက် စီစဉ်ထားသည့်ရိက္ခာများ ဖြစ်သော ဆန်နှင့် အခြားထောက်ပံ့မှုပစ္စည်းများကို UN မှ ကား ၆ စီးနှင့်ဗန်းမော်မြို့မှထွက်ပြီးပေးပို့သွားမည့်အကြောင်း တရားဝင်ကြေငြာ ထားသည်ဟု ဆိုသည်။

ယင်းသို့ပြင်ဆင်ထားရာတွင် စစ်တပ်မှဒုက္ခသည်စခန်းတစ်ခုအား မော်တာဖြင့်ပစ်လိုက်သောကြောင့် ယာဉ်လမ်းပိတ်ဆို့မှုများဖြစ်ရာ ငတ်မွတ်ခေါင်းပါးသော စစ်ဘေးသင့်ပြည်သူ၎ သောင်းကျော်အတွက် စားနပ်ရိက္ခာပို့ရန် အခက်အခဲများကြားမှပို့ရသည်ဟုဆိုသည်။ ထိုသို့ အဟန့်အတား​ ပြုလုပ်ခြင်းကြောင့် ငြိမ်းချမ်းရေးရရှိရန် အခွင့်အလမ်းပိုဝေးသည်ဟု ၎င်းကထပ်မံပြောခဲ့သည်။

ကချင်ပြည်နယ် စစ်ပြေငြိမ်းရေးဆုတောင်းပွဲအခမ်းအနားသို့ ဘာသာပေါင်းစုံမှ လူမျိုးများ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်​ ကျောင်းသားသမဂ္ဂများ၊ ကချင်၊ ကရင်၊ ချင်း၊ မြန်မာစသည့်ဖြင့် တိုင်းရင်းသားလူမျိုးစုစုပေါင်း ၂ဝဝ ခန့်တက်ရောက်ခဲ့သည်ဟုသိရသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများငြိမ်းချမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဒေါ်နန်ရော်က ၎င်း၏အမြင်ကို ပြောကြားရာတွင် မြန်မာပြည်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တတ်နိုင်သည့်ဘက်မှ ဘာသာရေး၊ ဘာသာစုံ၊ လူမျိုးစုငြိမ်းချမ်းရေးစသည်တို့ကို ပြည်သူလူထုက လိုလားကြောင်း  ​ပြောသည်။

ဆက်လက်ပြီး ဒေါ်နန်ရော်က ““အဓိကတော့ ခုလောလောဆယ် ကချင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့စစ်ဘေးသင့်ပြည်သူတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ မိအိုဖအိုတွေကြုံတွေ့နေရတာတွေကို ရန်ကုန်မြို့တော်မှာရှိတဲ့ ပြည်သူတွေလည်း ကျယ်ကျယ်ပြန့်ပြန့် သိစေပြီးတော့ မြန်မာပြည် ဟာဘယ်လောက်ထိ ဆုတောင်းဖို့လိုတယ်၊ အားလုံးကြိုးစားဖို့လိုတယ်လို့ နားလည်စေချင်ပါတယ်””ဟုဆိုသည်။

အခမ်းအနားပြီးဆုံးချိန်တွင် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဖယောင်တိုင်မီးများထွန်းညှိကာ ဆုတောင်းကြပြီး အခမ်းအနားကို ည၇နာရီခန့်တွင် ရုတ်သိမ်းလိုက်သည်။

၀၁၅

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.