ပြည်တွင်းသတင်း နိုင်ငံတကာသတင်း — ရန်ကုန်၊ နိုဝင်ဘာ ၄၊ ၂၀၁၆

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပြီး ဖုံးကွယ်ထားတဲ့ကိစ္စ တစ်ခုမှ မရှိဘူးလို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၄ ရက်နေ့မှာ ဂျပန်ဧကရာဇ်နဲ့ မိဖုရား၊ ဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် တိုကျိုမြို့က National Press Club မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ငါးရက်ကြာ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ရဲ့ စတုတ္ထမြောက်နေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေရဲ့ အကြောင်းရင်းမြစ်ကို သိရဖို့ ကြိုးပမ်းနေပြီး စုံစမ်းမှုမပြီးခင်တော့ ခိုင်လုံတဲ့ အထောက်အထားတွေ မရရှိသေးတဲ့အတွက် ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ၊ ဘယ် အဖွဲ့အစည်းကိုမှ စွပ်စွဲမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*