ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဇန်နဝါရီ ၃၊ ၂၀၁၇

ရခိုင်ဒေသတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေကို လေ့လာကြည့်တဲ့ အခါမှာ တည်ငြိမ်အေးချမ်းစ ပြုလာပြီဆိုရင် နောက်ထပ် ပြဿ နာအသစ် တစ်ခု ထပ်ပြီး ဖြစ်ပေါ်လာလေ့ ရှိတာကို သတိရှိရှိ ဆောင်ရွက်ကြဖို့ လိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဇန်နဝါရီ ၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင် အထည်ဖော် ရေးဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေ (၁/၂၀၁၇)မှာ အခုလိုပြောကြား လိုက်တာပါ။

ဒါ့အပြင် အောက်တိုဘာလ ၉ ရက်နေ့မှာအကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် မောင်တောဒေသ အရေးကိစ္စ ရှေ့တန်း ရောက်လာခဲ့ကြောင်း၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးကို လတ်တလော ဦးစားပေး ဆောင်ရွက်လျက် ရှိသော်လည်း ရခိုင်ပြည်နယ် တစ်ခုလုံး အရေးကိစ္စကိုလည်း ဆက်လက် ဆောင် ရွက်နေတယ်လို့ ဒေါ်အေင်ဆန်းစုကြည်က ပြောပါတယ်။ မောင်တောဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရသစ် လက်ထက် မေလကုန်မှာ ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ် အရေးကိစ္စဟာ သိမ်မွေ့ နက်နဲ ကျယ်ပြန့်ပြီး အရေးကြီးလှတဲ့ အတွက် ဖွဲ့စည်းဆောင်ရွက်ခဲ့ရတာ ဖြစ်ပြီး ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ယခင်ကတည်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပြဿ နာတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှ ရပ်တည် ဖြေရှင်း ဆောင်ရွက် သွားရမှာသာ ဖြစ်ပြီး စွပ်စွဲ ပြောဆိုတာတွေကို လက်တွေ့ လုပ်ဆောင်ချက်တွေနဲ့ အခြေခံတဲ့ အမှန်တရားနဲ့ အတူ တုံ့ပြန်သွားရမှာ ဖြစ်ပြီး ဗဟိုကော်မတီ အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူ မှုနဲ့ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*