ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ နေ့စဉ် ဖြစ်ပေါ်နေတဲ့ ယာဉ်ကြော ပိတ်ဆို့မှု မြင်ကွင်း

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ နေ့စဉ် ဖြစ်ပေါ်နေတဲ့ ယာဉ်ကြော ပိတ်ဆို့မှု မြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လွှတ်တော်ရဲ့ တင်ပြထားချက်များနဲ့ လက်တွေ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တဲ့ မြို့တွင်း ယာဉ်ကြောများ ကျပ်တည်းမှု၊ နောက်ဖေး လမ်းကြားများတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များ၊ ကျူးကျော် အဆောက် အဦးများကို ရှင်းလင်းရန် အတွက် လုပ်ငန်းလုပ်ဆောင်မှုများ နှောင့်နှေး ကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဆန္ဒာမင်းက မြန်မာအင်ဒီပဲဒန့် သတင်းဂျာနယ်ရဲ့ ဆက်သွယ် မေးမြန်းရာတွင် ပြောကြားလိုက်ပါတယ်။

“ကျွန်မတို့အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ နေ့စဉ် ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ နောက်ဖေး လမ်းကြားတွေမှာ အမှိုတ်တွေ စည်းကမ်းမဲ့ စွန့်ပစ်တာ၊ ပြီးတော့ ကျူးကျော်ပြီး အဆောင်လေးတွေ ဆောက်လုပ်ထားတွေကို စိစစ်ပြီး တွေ့ရှိချက်တွေကို အစိုးရကို တင်ပြထားတယ်၊ ပြီးတော့ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ၊ အင်းယာကန်ပေါ်မှာ ရှိတဲ့ မြကျွန်းသာေ မြေနေရာတွေပေါ်မှာ အရင် အစိုးရ လက်ကတည်းက ဆောက်လုပ်ထားတဲ့ စီးပွားရေး လုပ်ငန်း လုပ်ဆောင်မဲ့ အဆောက်အဦးတွေ ကိစ္စတွေကို စိစစ် ကိုင်တွယ်ဖြေရှင်း ပေးဖို့ တင်ထားတာတွေရှိတယ်။ အဲဒါတွေက အခုအထိ ဘာမှ လုပ်ဆောင်တာ မရှိသေးဘူး၊ ပြီးတော့ မြို့တွင်း ကားလမ်းတွေလည်း အခုချိန်အထိ ယာဉ်ကြော ပိတ်ဆို့မှုတွေက ရှိနေတုန်းပဲ အဲဒီကိစ္စတွေလည်း ဘာမှ လုပ်ကိုင်တာတွေ မရှိသေးတဲ့ အတွက် အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ နှေးကွေးနေတယ်လို့ ပြောချင်ပါတယ်” လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ မေလ ၁၈ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ယာဉ်ကြောပိတ်ဆို့နေမှုများ၊ နောက်ဖေး လမ်းကြားများတွင် ကျူးကျော် ဆောက်လုပ် ထားသော အဆောင်များ၊ စည်းကမ်းမဲ့ စွန့်ပစ်နေတဲ့ အမှိုက်များအတွက် ရှင်းလင်း ကိုင်တွယ်ရန် လွှတ်တော်က တင်ပြ ထားသောလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေနဲ့ လုပ်ဆောင်မှု ကြန့်ကြာနေတဲ့ အတွက် အမြန်ဆုံး ကိုင်တွယ်လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ် အချို့က ဆွေးနွေး တောင်းဆိုမှုများ ရှိနေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*