လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးနောက် ပြည်တွင်းပြည်ပ လေ့လာသူများ၏ သုံးသပ်ချက် များ ပေါ်ထွက်လျက် ရှိသကဲ့သို့ ပြည်သူ့လွှတ်တော် အတွင်းမှလည်း သဘောထားများ၊ သုံးသပ်ချက်များ ပေါ်ထွက်လျက် ရှိပါသည်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ၏ အမြင်များကို မြန်မာအင် ဒီပဲန်ဒင့်က တွေ့ဆုံမေးမြန်းခဲ့သည်များ မှ ကောက်နုတ်ဖော်ပြပါသည်။

လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း

လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း

မေး။ ။ အခုထွက်ပေါ်လာတဲ့ လက် ပံတောင်းတောင် အစီရင်ခံစာနဲ့ပတ် သက်ပြီး အမြင်အမျိုးမျိုးရှိနေကြတာမို့ ကိုဖြိုးမင်းသိန်း ရဲ့အမြင်နဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ ယှဉ်တွဲပြီး သုံးသပ်တာကို သိချင်ပါတယ်။

ဖြေ။ ။ ဒီဖြစ်စဉ်တွေထဲမှာ မြန်မာ့နိုင်ငံ ရေးတစ်ခုလိုဖြစ်နေတဲ့အခြေအနေ တွေ  အကြောင်းအရာတွေ အများ ကြီးပေါ့။  ၂ဝ၁၂  ရဲ့  ဒီဘက် ကာလမှာ ပွင့်လင်းမြင်သာ မှုတွေ၊ ကိုယ့်ရဲ့ဆန္ဒထုတ်ဖော်မှုတွေ၊ အခွင့် အလမ်းတွေ အများကြီးပေါ်လာ တယ်။ တစ်ဖက်က ဦးသိန်းစိန်အစိုး ရဘက်က ဖြေလျော့လာတဲ့ အခြေအနေ တွေပေါ့။ နောက်ဆုံး အဆင့်ဟာ ဘယ်အထိ ရောက်လာသလဲဆိုရင် နိုင်ငံရေးအကျဉ်းသားရှိတယ်လို့ သတ်မှတ်လာတယ်။ သတ္တုတွင်း တွေနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ဆိုရင် မိုးထိမိုးမိ ကိစ္စတစ်ခု ဖြစ်ဖူးတယ်။ အဲဒီထဲမှာမှ လက်ပံတောင်းတောင်ကိစ္စက ရှေ့ကို တအားတက်လာတယ်။ ဘာလို့လဲဆိုရင် လက်ပံတောင်းတောင် ဟာ မြန်မာ့စီးပွားရေးဦးပိုင် လုပ်ငန်း ဖြစ်နေတယ်။  တစ်ဖက်က တရုတ် ဖြစ်နေတယ်။ အဲဒီအခြေအနေကို အခြေခံပြီး ဒီအခင်းအကျင်းအပေါ် အပြိုင်ဖြစ်နေတဲ့ လက်ပံတောင်းတောင် ကိစ္စဟာ ကြီးလာတယ်။ ဒီဟာကို လွှတ်တော်မှာ အဆိုတစ်ခုပြုပြီးတော့ ဒါကိုဆက်လုပ်သင့်၊ မသင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းသင့် တယ်ဆိုတဲ့အခြေအနေတစ်ခု ပေါ်လာ တယ်။ အခုနောက်ဆုံးမှာ စုံစမ်းစစ် ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာတယ်။ ဒီအစီရင်ခံစာကိုဖတ် ပြီးတဲ့ အခြေအနေအပေါ်မှာ အမြင် တွေက ဘယ်လိုရှိလာသလဲဆိုရင် မြန်မာပြည် ပြန်လည်ထူထောင်ရေး ကာလမှာ ဒါအမျိုးသားပြန်လည် သင့်မြတ်ရေး ကိုလည်း ရှေ့ရှုနိုင်တယ်။ တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်တွေကို ဘက်ပေါင်းစုံကနေပြုပြင်ပြောင်းလဲ မှုတစ်ရပ် ဆောင်ရွက်ဖို့ ဘက်ပေါင်း စုံအဖက်ဖက်က အားလုံးလက်ခံနိုင် မယ့် အခြေအနေတစ်ခုဖြစ်အောင် အစီရင်ခံတင်ပြထားတယ် ဆိုတဲ့ ပုံစံ တစ်ခုဖြစ်တယ်။

လွှတ်တော်ထဲမှာရှိတဲ့ ဝန်ကြီး တချို့၊ အရင်တုန်းက တင်းမာတယ် ဆိုတဲ့ ဝန်ကြီးတချို့  ဒီအစီရင်ခံစာကို သူတို့ ဖတ်ကြည့်တဲ့အခါ တအားကို ထောင့်စုံတဲ့ ဘက်ပေါင်းစုံ ကနေ ဖော်ပြထားတယ်လို့ သုံးသပ်တယ်။ လုပ်မယ်ဆိုရင် ဘာအကျိုးဆက်တွေ ဖြစ်ပွားနိုင်တယ်၊ မလုပ်ဘူးဆိုရင် ဘာဖြစ်နိုင်တယ်၊ နောက်ဆုံး ဆက် လုပ်သင့်တယ် ဆိုတဲ့ အခြေအနေကို ဘယ်အချက်အလက်တွေလုပ်သင့် တယ်။ ဒီအချက်အပေါ်မှာ ပြည်သူ လူထုအတွက်လည်း ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ၊ အဲဒီဒေသရဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ ဖော်ပြထားတာ ရှိတယ်။ ဒီအပေါ်မှာ သူတို့အားရ ကြတယ်။ ဒါပေမယ့် ဒီအစီရင်ခံစာ ထွက်ပြီး ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် ကို ဒီနယ်မြေက ပြန်တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုက ပုံစံ တစ်မျိုးဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီတုံ့ပြန်မှု အပေါ်မှာ ကျွန်တော် မြင်တာက  ကမ္ဘာတစ်ဝန်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဒီ အုပ်စုတွေက အမြဲတမ်း ဒီလိုပဲ တောင်းဆိုကြ တယ်။ နိုင်ငံတော် သမ္မတတွေ ဆုံတွေ့တဲ့ပွဲကြီးတွေ။ တကယ့် International ပွဲကြီးတွေမှာ လည်း ရှိပါတယ်။ ဒါဟာ အဓိက ပြဿနာ တစ်ရပ် မဟုတ်ဘူး။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း တွေကိုလည်း ဆောင်ရွက်ပေးမယ်။ တိုင်းပြည် တိုးတက်ရေး ကိစ္စရပ်တွေကိုလည်း ဆောင်ရွက်မယ် ဆိုရင် ပြေ လည်နိုင်မယ့် လုပ်ငန်းစီမံချက်တွေ အများကြီးရှိပါတယ်။ နိုင်ငံတစ်ခုကို ထူထောင်တဲ့နေရာမှာလည်း နိုင်ငံ တော်စီမံကိန်းတွေဆိုတာရှိနေဦးမှာပဲ။ ဒါပေမယ့် ဒီဖြစ်နေတဲ့ ပြဿနာက ဒီဖြစ်စဉ်ဟာ နိုင်ငံရေးအရ ရိုးရိုးသားသား ပေါ်ပေါက်နေတဲ့ အခြေအနေ မျိုးလား။ ဒါမှမဟုတ်လို့ရှိရင် အထွေထွေ ဆန္ဒပြပွဲကြီးတစ်ခုလုပ်ဖို့ ဦးတည် ပြီးတော့၊ ဒီကနေဖောက်ခွဲပြီးတော့ အမှိုက်ကစ ပြဿဒ်မီးလောင် ဒီနိုင်ငံ တစ်ဝန်း အထွေထွေ သပိတ်ကြီးမှောက်ပြီး နောက်ဆုံးမှာ  သပိတ်စုံ သူပုန်ထမယ်၊ အာဏာသိမ်းမယ့် အခြေအနေ မျိုးအတွက် ဒီဆောင်ရွက်မှုတွေကို ဆောင်ရွက်နေတဲ့အခြေအနေမျိုးဆိုရင် ကောင်းတဲ့အလားအလာ ဖြစ်လာနိုင်စရာ မရှိပါဘူး။ တိုင်းပြည်အတွက်လည်း ရလဒ်ကောင်းတွေ ဖြစ်လာ နိုင်စရာမရှိပါဘူး။ ဘာကြောင့်လဲဆို တော့ ကျွန်တော်ရှေ့ကပြောခဲ့တဲ့ ပြောင်းလဲနေတဲ့ အခြေအနေတိုင်း အတွက်၊ အနေအထားသစ်တွေ အများကြီး ဖြစ်လာနိုင်တယ်။

အခုဟာက ပြုပြင်ပြောင်းလဲမှုကို စစ်တပ်ဘက်က ဆိုလို့ရှိရင် လယ်သိမ်း၊ ယာသိမ်းကိစ္စ ကို ဘယ်လိုဖြေရှင်းပေး သလဲဆိုတာ ကျွန်တော်တို့ ကြည့်နေတယ်။ လယ်သိမ်း၊ ယာသိမ်းကိစ္စ ဖြေရှင်းတဲ့နေရာ မှာပြောလို့ အလွယ်ဆုံးက တပ်ပဲ။ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက နည်းနည်းပြောလို့ လွယ်သေးတယ်။ စီးပွားရေး လုပ်ငန်း အလယ်အလတ် သမားတွေက ပြန်ပေးဖို့အတွက်  ဝန်လေးကြတယ်။ လုပ်ငန်းရှင်ကြီးတွေ ကလည်း လွယ်လွယ်ကူကူ သူ့ ဂုဏ်သိက္ခာအတွက် ပြန်ပေးလိုက် တယ်။ အလယ်အလတ် သမားတွေက ဒီပစ္စည်းက သူ့အတွက်လည်းဘဝ ရပ်တည်မှုတစ်ခု၊ တန်ဖိုးတစ်ခုလည်း ဖြစ်တော့ နည်းနည်းခက်တယ်။ တပ်ကတော့ တော်တော်ကို ရှင်းတယ်။ ဥပမာ တပ်ရဲ့ ဧရိယာ ဧက ၂ဝဝ ယူမယ်။ ကျန်တဲ့ ဥစ္စာတွေကို မူလ ပိုင်ရှင်ကို ပြန်ပေးမယ်။ ဧက ၂ဝဝ ထဲမှာ ပါတဲ့သူတွေကို လျော်ကြေးပေး မယ်။ အဲဒီတော့ အခုပြန်လည်တည် ဆောက်နေတဲ့ အခြေအနေကာလ အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးတွေ့ရတယ်။ အဲဒီအခြေ အနေမှာ ဒီလက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာတဲ့အချိန်မှာ တရုတ် ရဲ့ သဘောထားပြောင်းလဲဖို့ ရှိလာတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲတဲ့ အပေါ်မှာ သူတို့ဘက်က ယုံကြည်မှု ရလာနိုင်တယ်။ နောက်တစ်ချက်က ဒီထဲမှာဆိုရင် မြန်မာ့စီးပွားရေး ဦးပိုင်နဲ့ ချုပ်ထားတဲ့စာချုပ်တွေဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အကြံပြုချက် တစ်ရပ်ကို ဒီ ဦးပိုင်ဘက်ကနေ လက်ခံထားတယ်။ ဒီဥစ္စာကို တကယ်တင်းမာတယ် ဆိုတဲ့လူတွေ၊ တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင် နေတဲ့သူတွေ အားလုံးက ဒေါ်အောင် ဆန်းစုကြည်ရဲ့ စိတ်စေတနာကို သိလာတဲ့အတွက်၊ ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို နောက်တစ်ဆင့် တက်လာဖို့ အခြေအနေ တစ်ခုဖြစ်စေတယ်လို့ ကျွန်တော်တို့က ယူဆတယ်။

ဒီအစီရင်ခံစာ ထွက်ပြီး၊ ပြီးခဲ့တဲ့ သောကြာနေ့မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မယ်ဆိုတဲ့ ရလဒ်တစ်ခု ထွက်လာ တယ်။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မယ်ဆို ကျွန်တော်တို့ ဘယ်လိုပြင်မလဲပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ ပြင်ဆင်ရန်ခက် ခဲသောအခြေခံဥပဒေ၊ ပြင်ဆင်ရန် လွယ် ကူသော ဖွဲ့စည်းပုံ အခြေခံဥပဒေမဟုတ် ဘူး။ လုပ်မယ်ဆိုရင် လုပ်စရာတွေ အများကြီး ရှိတယ်။ ဒီလုပ်စရာတွေကို လုပ်နိုင်ဖို့အတွက်မှာ အားလုံးရဲ့ ဘုံ တူညီတဲ့ သဘောထား တစ်ရပ် မရဘဲနဲ့ ဖွဲ့စည်း ပုံပြင်လို့မရဘူး။ ဖွဲ့စည်းပုံဟာ ပြင်ဖို့ခက်ခဲတဲ့အတွက် အများစု ထောက်ခံမှပြင်လို့ရမယ်။ အဲဒီအတွက် ဘယ်သူက ဘယ်လိုယူဆပြီး၊ ဒီဟာ ကိုအားလုံးက ဘယ်ဟာအပေါ်မှာ မူတည်နေပါတယ်ဆိုတဲ့အချက်ကို ရှာနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်ရဲ့ အဆိုပြုချက်အပေါ်မှာ၊ ပြည်သူ့ လွှတ်တော်ဟာ ကော်မရှင်တစ်ခုဖွဲ့ စည်းချင်တယ်ဆိုတဲ့အချိန်မှာ ပြည် ထောင်စုလွှတ်တော်မှာ သဘောတူညီ ချက် နောက်တစ်ဆင့် ခံယူရမယ်။ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ ဒါဟာကော်မရှင်တစ်ရပ် ဖွဲ့ စည်းသင့်ပါတယ်ဆိုပြီး ဒီဟာကို ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ ရဲ့ ဥပဒေရေးရာတွေကို လေ့လာထားတဲ့သူတွေပါဝင်တဲ့ ကော်မရှင်တစ်ရပ်ဖွဲ့ပြီးမှ ဖွဲ့စည်းပုံ ထဲက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ အပိုင်းတွေကတော့ ဘယ်လိုဟာတွေဖြစ်တယ်၊ ဘယ် အပိုင်းတွေကတော့ တိုင်းပြည်ရဲ့ တည်ငြိမ်းအေးချမ်းရေးတွက် တ ဖြည်းဖြည်းလျော့ရမယ့်ကိစ္စတွေ ဖြစ် တယ်၊ ဘယ်အချက်အလက်တွေ ကတော့ ဆက်လက် ထည့်သွင်းထားရန် မလိုအပ်ဘူး ဆိုတဲ့ အပိုင်းတွေကို လုပ်လိုက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ကောင်းမွန်တဲ့ ဥပဒေ တစ်ရပ်ဖြစ်လာနိုင်မယ်။

မေး။ ။ လက်ပံတောင်းတောင်ကိစ္စက စပြီး တောင်းဆိုကြကတည်းက သိမ်းဆည်းခံရတဲ့ မြေနေရာတွေအတွက် ထိုက်သင့်တဲ့လျော်ကြေး ရလိုမှုပဲတွေ့ ရတယ်။ နောက်ပိုင်းမှာ စီမံကိန်း ရပ်ဆိုင်းရေးတောင်းဆိုမှုတွေပါလာ တယ်။ အဲဒီလို တောင်းဆိုမှုပုံစံပြောင်း သွားပုံကို ဘယ်လိုသုံးသပ်နိုင်မလဲ။

ဖြေ။ ။အဲဒီအခြေအနေ အပေါ်မှာပြောရရင်တော့ ကျွန်တော်တို့ ဒီမိုကရေစီ ရေးလှုပ်ရှားမှုကြီးမှာ၊ ဒီ ၂၅ နှစ်တာ ကာလအတွင်းမှာ၊ ကျွန်တော် ထောင်ထဲမှာ ၁၅ နှစ်လောက်နေ ခဲ့တယ်။ ဒီလှုပ်ရှားမှု တစ်ခုဖြစ်လာတဲ့ အခြေအနေမှာ ဒီဟာနဲ့ပတ်သက်တဲ့အမြင် တွေ အများကြီးရှိတယ်။ ဘယ်သူ တွေ ဒီမှာပါဝင်နေသလဲဆိုတဲ့ အခြေအနေတွေဟာ နယ်မြေ အနေအထားကို ကြည့်ရမှာဖြစ်တယ်။ မုံရွာ၊  မြင်းခြံ၊ မန္တလေးဆိုတာ ဒါဟာ တစ်ချိန် တုန်းက မသုံးလုံး နယ်မြေအဖြစ် ကွန်မြူနစ်တွေ အခြေခံခဲ့တဲ့ နေရာပါ။ အဲဒီ အခြေခံ အပေါ်ကနေ ဒီမှာကြွေးကြော်နေတဲ့ လက်ပံတောင်း တောင်လှုပ်ရှားမှုမှာကြွေးကြော်နေတာ တွေ၊ ဒီမှာ ပါဝင်ပတ်သက်နေတဲ့ အခြေ အနေတွေဟာ လက်ဝဲအခြေခံတွေး ခေါ်စဉ်းစားမှုမှာ ပါဝင်ပတ်သက်နေ တဲ့သူတွေ တော်တော်များများ တွေ့ရ တယ်။ အဲဒီလိုမျိုးပဲ တစ်ဖက်က နေပြီးတော့ ဒီမိုကရေစီစနစ်မှာ အခွင့်အရေးတွေကို ကိုယ့်ဘာသာကိုယ် တောင်းဆိုတတ်ရမယ် ဆိုတဲ့ အတွေးအခေါ် အယူအဆ တစ်ခုနဲ့ပေါ့နော်။ ဒီဟာက လက်ဝဲလှုပ်ရှားမှု ပုံသဏ္ဌာန် တစ်ခု မဟုတ်ပါဘူး။ ကိုယ့်အခွင့်အရေးကို တောင်းတတ်အောင် သင်ကြားနေတာပါ ဆိုတဲ့ လက်ယာ အစွန်း ရောက်နေတဲ့သူတွေရဲ့ ပူးပေါင်းဆောင် ရွက်မှုတွေလည်းပါတယ်။ ဒါဟာ လက်ဝဲစွန်းနဲ့ လက်ယာစွန်းဟာ ပူးပေါင်းပြီးဖြစ်ပေါ်နေတဲ့အခြေအနေ တစ်ရပ်ဖြစ်တယ်။

ဒါပေမယ့်ကျွန်တော်မြင်တာက လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အမြင်မျိုးကို အရင်တုန်းက ကျွန်တော် ကြည့်ခဲ့တယ်။ ဒါပေမယ့် အခု အခြေအနေ မှာတော့ ပြုပြင်ပြောင်း လဲမှုအတွက်ကို တော်တော်ကို ဦးတည်တဲ့ အခြေအနေမျိုးရှိခဲ့တယ်။ ကျွန်တော်က အကောင်းမြင်ဘက်ကို ပိုပြီးရှုမြင်ထားတယ်။ လက်ပံတောင်းတောင် အစီရင်ခံစာ မထွက်ခင် အခြေအနေက ကျွန်တော် ပိုပြီး သတိထားတယ်။ ဒီဘက်နောက်ပိုင်းမှာ ဒီဟာကိုပြုပြင်ဖို့ ယုံကြည်မှု ပိုပြီး ရလာတယ်လို့ ကျွန်တော် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည် အတွက် တကယ့်ကို စိတ်စေတနာ ကောင်းကောင်းနဲ့ ဆောင်ရွက်ခဲ့တယ် လို့ ယူဆကြတဲ့အချိန်ပေါ့။ ဥပမာ ကျွန်တော်ပါဝင်တဲ့ လွှတ်တော်ရေးရာ ကော်မတီမှာ ဆိုရင် ဦးအောင်သောင်း ကိုယ်တိုင်ကိုက ဒီအခြေအနေ အပေါ်မှာ ဒီအစီရင်ခံစာကို ဖတ်ကြည့်မှ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက် စေတနာ ထားသလဲ ဆိုတာ တွေ့ရတယ်။ ထောင့် တအားကြီး စုံလွန်းအားကြီးတယ်ပေါ့။ ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်း အစုံ ဖော်ပြထားတယ်။ ဒီအတွက် ဒီစိတ်စေတနာအပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့် တယ်ဆိုတဲ့ အပိုင်းကို သူတို့ဘက်က သဘောတူ လာတာကိုတွေ့ရတယ်။ နို့မို့ဆိုရင် ဒီအခြေအနေတွေဟာ ဖြစ်လာမှာ မဟုတ်ဘူး။ အမှန်တော့ တိုင်း ရင်းသားတွေပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ဒီမိုကရေစီ ပါတီတွေက ဖြစ်ဖြစ် အားလုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ ဆိုတာ သဘောတူပြီးသားဖြစ်တယ်။

မေး။ ။ ခုနက လက်ပံတောင်း ကိစ္စဖြစ်လာတဲ့ဖြစ်ရပ်တွေ အပေါ်မှာ လက်ဝဲစွန်း၊ လက်ယာစွန်းတွေက နောက်ကွယ်မှာ ရှိတယ် ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စ လွှတ်တော်မှာ တင်သွင်းဖို့ရော နောက်ကွယ် မှာ တစ်ခုခုရှိနေသလား။

ဖြေ။ ။ ကျွန်တော်မြင်တာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆိုတဲ့ အခြေအနေအပေါ်မှာ လက်ရှိ စစ်တပ်ရယ်၊ ကြံ့ခိုင်ရေးရယ်၊ အစိုးရအဖွဲ့ရယ်၊ ကြံ့ခိုင်ရေး ဆိုတာ လွှတ်တော်ပေါ့။ ဒီ ၃ ခုကြားမှာ ဟန်ချက် ပျက်နေတဲ့ ကာလတွေ ရှိတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ဟန်ချက်ပျက် နေတဲ့အခြေအနေဟာ ဒေါ်အောင် ဆန်းစုကြည် ပါဝင်လာတဲ့နောက်ပိုင်းမှာ အဲဒီဟန်ချက်ပြန်ပြီး ထိန်းညှိလို့ရတယ်။ အခု အခြေအနေအထိလည်း ကျွန်တော်တို့ကြားထဲမှာ လွှတ်တော်နဲ့ အစိုးရကြားမှာ ထိစပ်မှုတွေ ရှိတယ်။ ဒီကိစ္စဆိုရင် အမျိုးသား လွှတ်တော်ရဲ့ သဘောထား၊ ပြည်သူ့ လွှတ်တော်ရဲ့ သဘောထား၊ ပြည်ထောင်စု အစိုးရ အဖွဲ့သဘောထား၊ ဒီလို အခြေအနေမျိုး တွေရှိလာတယ်။ ဒါပေမယ့်ဒေါ်အောင် ဆန်းစုကြည် ပါဝင်လာတဲ့နောက်ပိုင်း အခြေအနေနဲ့ လက်ပံတောင်းတောင် အစီရင်ခံစာပေါ်လာတဲ့အခြေအနေမှာ တချို့အချက်အလက်တွေအပေါ်မှာ နားလည်မှု ရလာတယ်။ အကုန်လုံးမှာ ရလာတာမဟုတ်ဘူး။ ဒါပေမယ့် တချို့ဥပဒေတွေဟာမရလည်းပြဿနာ မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ လို ဟာမျိုးမှာတော့ ဟန်ချက်တစ်ခုမရဘဲ နဲ့ပြင်လို့ မရဘူး။ တပ် ကလည်း ဒီပြင်ဆင်မှုကို ဒါဟာ တိုင်းပြည် အတွက် နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်တယ်လို့ လက်ခံမှ ရပါတယ်။ ကြံ့ခိုင်ရေး ပါတီရဲ့ခေါင်းဆောင်ပိုင်းတွေကလည်း လက်ခံတယ်။ ဒီမိုကရေစီအင်အားစုတွေက လည်း ဒီပြင်ဆင်မှုတွေကို လက်ခံတယ်။ အဲဒီလို လက်ခံနိုင်တဲ့ ဟန်ချက်တစ်ခုကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒီလက်ပံ တောင်းတောင် အစီရင်ခံစာက ထည့်လိုက်တာ။ လွှတ်တော်ထဲမှာက အမြဲတမ်း ရွေ့ကွက်တစ်ခုကို ကိုယ်အသာရဖို့၊ သူအသာရဖို့ ရွေ့ကွက် တစ်ကွက်စီရွေ့ ကြတာ။ ဒါပေမယ့် အားလုံးရဲ့ အရေး ကြီးတဲ့ အရေးကိစ္စ အပေါ်မှာတော့ တိုင်းပြည်အတွက် ရှေ့ရှုတဲ့စိတ် စေတနာ မှန်ကန်မှုအပေါ်မှာ ဒီဟန် ချက်ကရတယ်။ ဒီဟန်ချက်က ဒီလက်ပံတောင်းတောင် အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တကယ့်ကို တိုင်းပြည်အတွက် စိတ်စေတနာ မှန်မှန်နဲ့ ဖော်ပြထားချက်အပေါ်မှာ တုံ့ပြန်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ ဆိုတာပါပဲ။

မေး။ ရှေ့မှာဖြစ်ခဲ့တဲ့ အခြေခံဥပဒေ ခုံရုံးဆိုင်ရာ အငြင်းပွားမှု မှာကတည်း က အခြေခံဥပဒေပြင်ဆင်ဖို့ အခွင့် အလမ်းရှိခဲ့တယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။  ခုံရုံးကိစ္စဖြစ်တဲ့အခြေအနေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်လို့ နိုင်ငံတော်သမ္မတဘက်က ဆိုတယ်ပေါ့ဗျာ။ ဒါပေမယ့် လွှတ်တော်ဘက် ကလည်း ပြင်ဆင်သင့်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ရှိရှိနဲ့ ရပ်တည် နိုင်ဖို့အတွက် ပြင်ဆင်ဖို့တော့လို အပ်တယ်လို့ အယူအဆ တစ်ခုရှိတယ်။ ဒါပေမယ့် ဟန်ချက် မရဘူး။ မယုံကြည်ဘူး။ သမ္မတကလည်း သူ့ရဲ့ ခုံရုံးကို ကာကွယ်နိုင်ဖို့အတွက် ဖွဲ့ စည်းပုံကိုပြင်ခိုင်းတာ ခုံရုံးရဲ့ဆုံး ဖြတ်ချက်က မှန်ပါတယ်။ ဒါကို ခင်ဗျားတို့ မကျေနပ်ဘူး ဆိုရင် ဖွဲ့စည်းပုံကို ပြင်လိုက်။ ပြည်ထောင်စု အဆင့်ဖြစ်တယ်လို့ ဖွဲ့စည်းပုံထဲကို ထည့်လိုက်။ နည်းဥပဒေထဲက အချက်အလိုက် ကိုယ့်ရပ်တည်မှုကို ကာဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ခိုင်းတာ။

ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံကိုပြင်ခိုင်းတယ် ဆိုတာ သမ္မတ ဖြစ်ချင်လို့ ပြင်ခိုင်းတယ်လို့ ရှုမြင်ကြတယ်။ သမ္မတ ကလည်း ခုံရုံးကို ကာကွယ်ဖို့ အတွက်လို့ ရှုမြင်ကြတယ်။ လွှတ်တော်ဘက်က ပြင်လို့ရှိရင်လည်း လွှတ်တော်က အုပ်ချုပ်ရေး အာဏာကို တဖြည်းဖြည်း ထိန်းချုပ်နိုင်ဖို့ အတွက် ပြင်ချင်တယ် ဆိုတဲ့ သဘောထားတွေ  ဖြစ်နေကြတဲ့ အတွက် ပြင်သင့်တယ်လို့ အမြင်မှာပဲ ရှုထောင့်တွေက အမျိုးမျိုး ဖြစ်နေတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ပြည်တွင်းစစ်မီး ငြိမ်းသတ်ဖို့အခြေအနေတွေ၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ၊ တပ်မတော်က ရှေ့ကိုဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင် ရေး အတွက်၊  ပြင်ဆင်ဖို့ ဖြစ်လာမယ် ဆိုတဲ့ အဖြေတစ်ခု ထွက်မလာဘူး။ အဲဒီမှာအဓိကပါဝါ ချိန်ခွင်လျှာရဲ့ အဓိက ကတော့ ဒေါ်အောင်ဆန်းစု ကြည်ဘဲ။ ဒါက ကျွန်တော်တို့ တိုင်းပြည်မှာ အားလုံးက အင်တာနေရှင်နယ် အဝန်းအဝိုင်းကပဲဖြစ်ဖြစ်၊ စစ်တပ်ကပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေး ဘက်က ပဲဖြစ်ဖြစ်၊ အစိုးရဘက်ကပဲဖြစ်ဖြစ် အဓိက ဩဇာ အကြီးဆုံးဖြစ်နေတဲ့ ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစု ကြည်ဖြစ်နေတယ်။ သူတို့ တစ်ခုခု ရွှေ့လိုက်ရင် ငြင်းလိုက်မလားလို့ သူတို့က စိတ်ပူနေတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဩဇာ အကြီးဆုံးဖြစ်နေတယ်။ အဲဒီ ဟန်ချက်ပေါ်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စိတ်နေသဘောထား ဟန်ချက်ကို ညှိလိုက်တာပါ။ အားလုံးက လက်ခံသွားတယ်။

အဲဒီနေ့က လွှတ်တော်ထဲမှာ ကျွန်တော်တို့ဆိုရင် ငြိမ်သက်နေတယ်။ အဲဒီအဆိုကို မဲခွဲတော့မယ်ဆိုတဲ့အချိန်မှာ အားလုံး ငြိမ်သက် သွားတယ်။ စစ်တပ်က ကိုယ်စားလှယ်တွေ အားလုံးကလည်း ဘယ်သူထ ကန့်ကွက်မလဲပေါ့။ ဘယ်သူမှ မရပ်ဘူး။ ဘယ်သူမှ မကန့်ကွက်ဘူး။ အဲဒီအချိန်မှာ ဒီအဆိုဟာ သိပ်အရေးကြီး တယ်လေ။ တစ်ယောက်ယောက်က ထပြီးခွပ်လိုက်တာနဲ့ အများကြီး ဖြစ်သွားနိုင်တယ်။ ရင်ဖွင့်သံတွေ ဆူညံပွက်လော ရိုက်သွားနိုင်တယ်။ အခြေအနေကတော့ အကောင်းဆုံးပဲ ကန့်ကွက်မယ့်သူ မရှိပါဘူး။ ပြီးပြီလား ဆိုတော့ မပြီးသေးဘူး။ ပြည်ထောင်စု လွှတ်တော်မှာ နောက်ထပ် ဆက်တင် ရမယ်။ ပြည်ထောင်စု လွှတ်တော်မှာ တက်ပြီးလို့ ကော်မရှင်ဖွဲ့ရင် တောင်မှ ကော်မရှင်တွေ သုံးသပ်ချက်က လက်ပံတောင်းတောင်အစီရင်ခံ စာလိုပဲဖြစ်ဦးမယ်။ အဲဒီ အစီရင်ခံစာ ဟာ တကယ် စိတ်စေတနာပါလို့ပါပဲ။ အခုသွားနေရတဲ့အချိန်ကလည်း အားလုံးဟာပြောင်း လဲနေတယ်။ တစ် ယောက်နဲ့ တစ်ယောက် ဘယ်လောက်  ယုံယုံကြည်ကြည် အပ်မလဲဆိုတာရှိ နေတယ်။ အဲဒီအခြေအနေကို ပထမဦးဆုံး ဆန်တက်ပြီး ထိုးဖောက်လာ တာတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒါကတော့ သမိုင်းမှာ လုံးဝ မှတ်တမ်းတင် ထားရမယ့် ကိစ္စပဲ။ ဒီကိစ္စက အမြင့်ကြီး တက်သွားတယ်။ ပါတီ ညီလာခံမှာ မီဒီယာတွေကပြောတယ်။ ကျွန်တော် တို့ဟာ ရွေးကောက်ပွဲ ကြွေးကြာ်သံ ၃ ချက်ထဲက တစ်ချက်ကို မှိန်မှိန်လေး လုပ်သွားပါတယ်။ ဒီရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပ ဒေပြင်ဆင်ရေး အပိုင်းကို အန်အယ်လ် ဒီက မအော်တော့ပါဘူးလို့ ပြောနေတဲ့ အချိန် ကျွန်တော်တို့ အစဉ်အဆက် အော်ခဲ့တယ်။ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လည်း ၂ဝ၁၅ ခုနှစ် မှာ သူ ဒီနိုင်ငံတော်သမ္မတ တာဝန် ကိုထမ်းဆောင်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း တရားမျှတတဲ့ဥပဒေ တစ်ရပ်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ အချက်ကို တောက်လျှောက်ပြောခဲ့တာ။ ဒါပေမယ့် နိုင်ငံရေးဆိုတာကတော့ အခြေအနေနဲ့အချိန်အခါကို သူ့ရဲ့အနေအထားပေါ်မှာ လိုက်ပြီးတော့ ပြောဆိုဆွေးနွေး ကြမယ် ဆိုတာ ရှိပါတယ်။ အမြဲတမ်း ဒါကြီးပဲ တောက်လျှောက် တွန်းတင်တွန်းပြောနေလို့ မရပါဘူး။ အခုဒီအဆင့်ဟာ တော် တော်ကို အရေးကြီးတဲ့အဆင့်ပြောင်း လဲမှုကိုဖြစ်စေခဲ့တယ်။

ဝ၃၅၊ ဝ၃၆

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*