စီးပွားရေးသတင်း — ရန်ကုန်၊ မတ် ၊ ၂ဝ၁၂

မြန်မာနိုင်ငံတွင် ဧပြီလ၌ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်နှင့် ကြားဖြတ်ရွေးကောက်ပွဲများ ရှိနေခြင်းကြောင့် နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှု များပြားလာပြီး ရန်ကုန်မြို့ရှိ ဟိုတယ်အခန်းခများ ယမန်နှစ်ထက် ကန်ဒေါ်လာ တစ်ရာကျော် တက်သွားသော ဟိုတယ်များ ရှိနေပြီး ဆယ်ဒေါ်လာခန့်သာ တက်သော ဟိုတယ်များလည်း ရှိနေကြောင်း၊ ရန်ကုန်မြို့လယ် စီးတီးစတား ဟိုတယ်ရှိ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၉ ရက်နေ့တွင်​ ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားများ လာမှုကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်အခန်းခများ ဈေးနှုန်းတစ်ဒေါ်လာ တစ်ရာကျော် တက်သွားကြောင်း သတင်းမီဒီယာ အချို့တွင် ပါရှိသည်။ သို့သော် စီးတီးစတားဟိုတယ်၊ ပန်ဒါဟိုတယ်၊ ဟယ်လ်ပင်ဟိုတယ်များတွင် ကန်ဒေါ်လာ တစ်ဆယ်ခန့်သာ ဈေးနှုန်းတက်သွားကြသည်။

ဟိုတယ်ကြီးများတွင် ယခင်နှစ်ကအမေရိကန်ဒေါ်လာ ရှစ်ဆယ်၊ ကိုးဆယ် ခန့်ရှိသော အခန်းများသည် ယခုနှစ်၌ ကန်ဒေါ်လာနှစ်ရာ ကျော်သုံးရာနီးပါး တက်သွားသော အခန်းများရှိနေကြသည်။ သို့သော် ယမန်နှစ်ကအခန်းခ ကန်ဒေါ်လာငါးဆယ်ခန့် ရှိသော ဟိုတယ်များသည် ဆယ်ဒေါ်လာခန့်သာ တက်သွားကြောင်း ပန်ဒါဟိုတယ်ရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဟယ်လ်ပင်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက “အန်ကယ်တို့ဟိုတယ် ကတော့ မနှစ်ကထက် ငါးဒေါ်လာပဲ တက်တယ်” ဟုဆိုပါသည်။ ၎င်းတို့ ဟိုတယ်တွင်လည်း ယမန်နှစ်ကထက် နိုင်ငံခြား ခရီးသွားနှစ်ဆကျော်​ မြင့်တက်လာကြောင်း ထပ်မံသိရသည်။

စီးတီးစတား ဟိုတယ်၌ ဟိုတယ်၏ လေးပုံသုံးပုံသည် နိုင်ငံခြားသားများဖြစ်ပြီး ပုံမှန်ခရီးသွားများအပြင် သတင်းမီဒီယာ သမားများ လာရောက်ကြကြောင်း ကို  “ဒီနှစ် နိုင်ငံခြား သတင်းသမားတွေ ပိုလာတယ်” ဟု ၎င်းဟိုတယ်ရှိ ဝန်ထမ်းတစ်ဦးက​ ပြောသည်။ ၎င်းတို့ဟိုတယ်သည် ယခုနှစ် အခန်းခဈေးနှုန်း သုံးခါပြောင်းလဲ တက်ခဲ့သော်လည်း အမြင့်ဆုံးအခန်းခမှာ ယခုလက်ရှိ ၆၅ဒေါ်လာဖြစ်ပြီး သင်္ကြန်ကာလတွင်လည်း တက်နိုင်ချေမရှိကြောင်း၊ ၎င်းဟိုတယ်မှ တာဝန်ရှိသူ မစုယဉ်မှ​ ပြောသည်။ အဆိုပါပန်ဒါဟိုတယ်၊ စီးတီးစတားဟိုတယ်၊ ဟယ်လ်ပင်ဟိုတယ် များသည် ကြယ်၁ ပွင့်မှ ၂ ပွင့်အဆင့်ရှိ ဟိုတယ်များ ​ဖြစ်ကြသည်။

၀၁၆

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*