ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၃၊ ၂ဝ၁၂

၂ဝ၁၂ ခုနှစ်၊ မေ ၂၂ ည ၇ နာရီခန့်က ရန်ကုန်မြို့၊ မြို့တော် ခန်းမအနီးနှင့် ဆူးလေစေတီရှေ့တွင် တစ်နိုင်ငံလုံး မီးပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့နေ ပြည်သူထောင်ပေါင်းများစွာက ဖယောင်းတိုင်မီးများ ထွန်း၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။

ဆူးလေစေတီအနီး မြို့တော်ခန်းမအနီးတွင် ဆန္ဒဖော်ထုတ်သူများနှင့် စည်းကားနေစဉ်

ဆူးလေစေတီအနီး မြို့တော်ခန်းမအနီးတွင် ဆန္ဒဖော်ထုတ်သူများနှင့် စည်းကားနေစဉ်

သမ္မတဦးသိန်းစိန် အစိုးရ သစ်လက်ထက်တွင် ပထမဆုံး အကြိမ်နှင့် အကြီးမားဆုံး ဆန္ဒ ထုတ်ဖော်ပွဲကြီး တစ်ရပ်ကို မေ ၂၂ ည ၇ နာရီခန့် ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမအနီးနှင့် ဆူးလေစေတီရှေ့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကြီးတွင် ပါဝင်လှုပ်ရှားခဲ့သူ မနှင်းနှင်းဖွေးက ““ကျွန်မတို့တစ်တွေ ဒီညနေ ၆ နာရီခွဲ အရောက်လာဖို့ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှာ စုရပ်လုပ်ပြီး လူစုခဲ့ပါတယ်။ ရည်ရွယ်ချက် ကလည်း ပြည်သူလူထုတစ်ရပ်လုံး ခံစားနေရတဲ့ မီးပြဿနာအပေါ်မှာ ကျွန်မတို့လည်း ထပ်တူ ထပ်မျှ​  ဖြစ်ကြောင်း ပြသလိုတာကြောင့် ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ဖော်ကြတာပါ။ ဒီပွဲကို ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကမှ ဦးဆောင်ခဲ့တာလို့ ပြောလို့မရပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒနဲ့ လုပ်တဲ့ပွဲလို့ပဲ ပြောနိုင်ပါတယ်””ဟု ယနေ့ည လှုပ်ရှားမှုကြီးနှင့် ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

စုပေါင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်လှုပ်ရှားခဲ့သူ ကိုဇော်မြင့်ကလည်း““ကျွန်တော့်ကို ဘယ်သူကမှ တိုက်တွန်းခဲ့တာ မဟုတ်ဘူး၊ ကိုယ့်ဆန္ဒနဲ့ကိုယ် ထုတ်ဖော်ပြသခဲ့တာပါ””ဟု ပြောသည်။

ဆက်လက်၍ လှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက““ပြည်သူလူထု အသံဆိုတာ ဆန္ဒထုတ်ဖော်ပွဲလို လှုပ်ရှားပြသမှ အစိုးရကသိမှာ။ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်ဆီသွားမယ်လို့ သမ္မတကြီးက ပြောတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်ကြီးဆီ သွားဖို့က လျှပ်စစ်မီးက အရေးကြီးတယ်။ ဒါကြောင့် လျှပ်စစ်မီးလိုကြောင်း​    ပြည်သူပြည်သား တစ်ယောက်အနေနဲ့ ပြောတာ””ဟု ဆိုသည်။

ကုန်ဈေးနှုန်း လှုပ်ရှားမှုတွင် ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ကိုထင်ကျော်ကလည်း ယခု လှုပ်ရှားမှုသည် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ မီးနှင့်ပတ်သက်သည့် အခက်အခဲကို အစိုးရသိအောင် ဖော်ထုတ်ပြသခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာမှ အဆင်ပြေအောင် ဆောင်ရွက်ပေးမှုမရှိမချင်း ဆန္ဒ ထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ည ၉ ကျော်ခန့်တွင် ရန်ကုန်တစ်မြို့လုံးရှိ မြို့နယ်ရပ်ကွက်များမှ လာရောက်ကြည့်ရှုသူ၊ ကိုယ်တိုင်ပါဝင်သူများ တဖြည်းဖြည်း အင်အား ကြီးထွားလာခဲ့သည်။ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ကား ၈ စီး ခန့် စောင့်ကြပ်ကြည့်ရှုနေသော်လည်း နှောက်ယှက်မှု တစ်စုံတစ်ရာ ​ မရှိကြောင်း တွေ့ရသည်။

ည ၁ဝ ကျော်တွင် လူပရိသတ်များ တဖြည်းဖြည်း အုပ်စုခွဲ၍ ဆန္ဒထုတ်ဖော်ပွဲကို ရပ်နားခဲ့သည်။

ဝဝ၂၊ ဝဝ၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.