ပညာရေး သတင်း လူမှုရေးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၇၊ ၂၀၁၆


စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း (Yangon Books Street) အား အနော်ရထာလမ်း နှင့် မဟာဗန္ဓုလ လမ်းကြား သိမ်ဖြူလမ်းပေါ်၌ ယနေ့ ဇန်နဝါရီ ၇ ရက်မှ စတင် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် စနေ-တနင်္ဂနွေ နေ့တိုင်း ဖွင့်လှစ် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းထံမှ သိရသည်။

ပြည်သူများ စာပေ အသိပညာ ထွန်းကားပြန့်ပွား တိုးတက်စေရန် ယခုကဲ့သို့ ဖွင့်လှစ်ခြင်း ဖြစ်ပြီး စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းတွင် စာအုပ် (အသစ်၊ အဟောင်း) ဆိုင်ခန်းပေါင်း ၁၀၀ ခန့် ပါဝင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

စနေ၊ တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း စာအုပ် ဈေးရောင်းပွဲကို ဧပြီလအထိ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်း သုတ၊ ရသ နှင့် ဘာသာရပ် မျိုးစုံ စာအုပ်စာပေ (အသစ်၊ အဟောင်း) များကို နံနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ ဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ရာ မည်သူမဆို လာရောက် ကြည့်ရှု ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ စနေ၊ တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း စာအုပ်ဈေးရောင်းပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းတို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *


*