တိုင်းရင်းသားသတင်း ပညာရေး သတင်း — ရန်ကုန်၊ အောက်တိုဘာ ၂၈၊ ၂၀၁၆

နမ့်ခမ်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသား စာပေဘာသာ စကားသင်သည့် ဆရာ၊ ဆရာမများ အတွက် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို အလွဲသုံးစား ပြုလုပ်ခဲ့သော ပညာရေးမှူးကို နှုတ်ထွက်ပေးရန် ဒေသခံများမှ တောင်းဆိုထားကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းလှစိုးက ပြောသည်။

Photo: Khur Nation (Facebook)

Photo: Khur Nation (Facebook)

အဆိုပါကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၇ ရက်နေ့ မြို့နယ် ပညာရေးမှူးအား နှုတ်ထွက်ပေးရန် အတွက် ဒေသခံ ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ပြီးခဲ့တဲ့ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် အစိုးရက ပညာသင်ထောက်ပံ့ စရိတ် ကျပ်သိန်း ၁၄ဝ ကျော် ချထားပေးခဲ့ပေမယ့် မြို့နယ်ပညာရေးမှူးက အကုန်ထုတ်မပေးဘဲ ထိန်ချန်ထားပြီး ဆရာ၊ ဆရာမများအတွက် သိန်းပေါင်း ၁၄၄ သိန်း ကျလာသည့်အနက် ပြန်လည် စာရင်းကောက်သည့် အချိန်တွင် ၅၆ သိန်းနှင့် တစ်သောင်းသာ ကျန်ပြီး မထုတ်ပေးသည့် လိုငွေ ၈၇ သိန်းနှင့် ကျပ် ၉ သောင်းကျပ် တိတိ စာရင်းပြုစုရရှိထားပြီး ညှိနှိုင်း၍ မရခြင်းကြောင့် ထိုသို့ပြု လုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ မူလတန်း အဆင့်များမှာ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားများအား သင်ကြားပေးရန်နှင့် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေ ပေးသည့် အစီအစဉ်ကို ပြီးခဲ့သော ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်တွင် အစိုးရမှ စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ရှမ်းတိုင်းရင်းသား ဘာသာ စကား သင်ကြားပေးမည့် ဆရာ၊ ဆရာမများ ရရှိရန် ရှမ်းစာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က ရှာဖွေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်နယ် အစိုးရမှ ဆရာ၊ ဆရာမ ဦးရေ ၆ဝ အတွက် တစ်ဦးလျှင် တစ်လ ထောက်ပံ့ငွေ ကျပ်သုံးသောင်းနှုန်းနှင့် ၈ လစာ ငွေကျပ် ၁၄၄ သိန်း ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် အတွင်းက မူလတန်း ကျောင်းများတွင် ရှမ်း၊ ကချင်၊ လီဆူနှင့် ပလောင် ဘာသာစကားများအား သင်ကြား ပေးနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*