အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဒါဏ်ရာရရှိသည့် သံဃာတစ်ပါး

နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၃ နာရီအချိန်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒါဏ်ရာရှိသူသံဃာတော်များနှင့် ပြည်သူလူထုကို သွားရောက်ကူညီခဲ့ကြောင်း၊ ဒေါ်ခင်စန်းလှိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ရှိသဖြင့် လမ်းဖွင့်ပေးရန် အာဏာပိုင်များကို ပြောကြားခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ကြောင်း၊ ထို့ကြောင့် ယင်းနေရာတွင်ပင် ဒေါ်ခင်စန်းလှိုင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ကြောင်း၊ ညနေ ၆ နာရီခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူလူထုနှင့်တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ မတွေ့ဆုံမီ လက်ပံတောင်တောင် ကြေးနီစီမံကိန်း ဧရိယာရှိ ၀မ်ပေါင်ကုမ္ပဏီ ရုံးခန်းသို့ သွားရောက်ခဲ့ကြောင်း၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိန်တစ်နာရီခန့်ကြာခဲ့ကြောင်း၊ ပြည်သူလူထုထံသို့ စကားပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကောင်းဆုံး ကြိုးစားသွားမည် ဖြစ်ပြီး ယင်းကိစ္စသည် အောင်မြင်မည် မအောင်မြင်မည်ကို မိမိအနေဖြင့် အာမခံချက်မပေးနိုင်ကြောင်းနှင့် ပြည်သူနှင့်လက်တွဲ၍ ပြေလည်မှုရှာလျှင် အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဒါဏ်ရာရရှိသူများကို ဒေါ်ခင်စန်းလှိုင်က သွားရောက်ကြည့်ရှုစဉ်

ယင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ” အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။

တာဝန်ရှိသူများနှင့် ဆွေးနွေးစဉ်

ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။” ဟု ပြောကြားခဲ့သည်။

ဒေါ်ခင်စန်းလှိုင်နှင့် တာဝန်ရှိသူများ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပါတ်သက်သော အရေးယူဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီဖြစ်ကြောင်း သတင်းထုတ်ပြန်၍ အစိုးရက ရှင်းလင်းခဲ့သည်။ ထို့နောက် ယင်းသတင်းထုတ်ပြန်ချက်ကို ပယ်ဖျက်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၊ သတင်းထုတ်ပြန်ချက်(၁၁/၂၀၁၂)ကို ပယ်ဖျက်ကြောင်း သိရှိရပါသည်ဟုသာ ဖော်ပြခဲ့သည်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*