အနုပညာသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီးပတ်ဝန်းကျင်ရှိ သဘာဝ ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှု များကို ဖော်ပြထားသည့် ဓာတ်ပုံ၊ ကာတွန်း၊ ပိုစတာ ပညာရှင်များ ပါဝင်သည့် ပြပွဲတစ်ခုကို ယခုလ ၂ဝ ရက်မှ ၂၂ ရက်တွင် မနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန် မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြပွဲတွင် ပါဝင်ပြသမည့် ဓာတ်ပုံဆရာ စိုးဝင်းငြိမ်းက ပြောသည်။

အဆိုပါပြပွဲကို သယံဇာတ ကျိန်စာဟု နာမည်ပေးဖြစ်ခြင်းသည် သယံဇာတပေါကြွယ်သည့် နိုင်ငံများ၌ သယံဇာတ များကို လူတစ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခုက လက်ဝါးကြီးအုပ်၍ ဖြစ်လာသည့် ကိစ္စများကို သယံဇာတ ကျိန်စာဟု ဆိုကြပြီး ယင်းကိစ္စကြောင့် ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲအကျိုး ဆက်များကို ပြသမည်ဖြစ်၍ ထိုကဲ့သို့ နာမည်ပေးဖြစ်ခြင်း ဖြစ်သည် ဟု ဆိုပါသည်။

ပြပွဲတွင် ပိုစတာနှစ်ခု ပါဝင် ပြသမည်။ ကာတွန်းဆရာ ဒီဇိုင်နာ ဇော်မောင်က “ဒီပြပွဲက ကိုယ့်ရဲ့ ဆန္ဒကို ထုတ်ဖော်တဲ့ သဘောမျိုးပါ ပဲ။ သဘာဝပတ်ဝန်းကျင်ပျက်စီးရ မယ့်ဟာတွေအားလုံးကို မပျက်စီး အောင်လို့ တတ်နိုင်သမျှ စောင့်ရှောက် ချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အားလုံးစုပေါင်းလုပ်ဆောင်ကြတာ ပါ။ ဒါနဲ့ပတ်သက်လို့ လက်ပံ တောင်းတောင် အကြောင်း သိချင်တဲ့ သူတွေရှိရင်လည်း အသိပညာရရှိ မယ်၊ အကျိုးရှိသွားမယ်လို့မြင်ပါ တယ်”ဟု ပြောကြားသည်။

လက်ပံတောင်းတောင် ဓာတ်ပုံ မှတ်တမ်းများကို ဓာတ်ပုံဆရာ စိုးဝင်းငြိမ်းက ယခုနှစ် ဇန်နဝါရီ လအတွင်း သွားရောက် မှတ်တမ်း တင်ခဲ့ခြင်းဖြစ်သည်။

ပြပွဲ စတင်ကျင်းပသည့် ၂ဝ ရက်နေ့၌ ဖွင့်ပွဲသို့ လာရောက်သူများကို ကြေးနီတောင်၊ စံပယ်တောင်၊ လက်ပံတောင်းတောင် ပတ်ဝန်းကျင် မြင်ကွင်းများပါဝင်သည့် ဓာတ်ပုံ မှတ်တမ်းစာအုပ်ကို လက်ဆောင် ပေးမည်ဖြစ်ကြောင်း သိရသည်။

“သယံဇာတ ကျိန်စာ ” ဓာတ်ပုံပြပွဲတွင် ပြသမည့် စိုးဝင်းငြိမ်း၏ ဓာတ်ပုံ

“သယံဇာတ ကျိန်စာ ” ဓာတ်ပုံပြပွဲတွင် ပြသမည့် စိုးဝင်းငြိမ်း၏ ဓာတ်ပုံ

ဝဝ၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*