သတင်းဆောင်းပါး — ရန်ကုန်၊ မတ် ၁၈၊ ၂ဝ၁၃

မြန်မာ့မြေမှ လက်ပံတောင်းတောင်ကြီး ပျောက်ကွယ် သွားမည်ကို သိသော်လည်း ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး၊ ဒေသခံများ ကျန်းမာရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် အဓိက တိုက်တွန်းခဲ့ကြောင်း စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌက ဒေသခံများကို အသိပေးပြောကြား ၊ ပြည်တွင်းပြည်ပ လေ့လာသူများ၊ ပညာရှင် များ၏ သဘောထား အသီးသီး ထွက်ပေါ်

မတ် ၁၁ ရက်တွင် လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းစုံစမ်း ရေးကော်မရှင်၏ အစီရင်ခံစာ ပေါ်ထွက် ခဲ့ပြီးနောက် ပြည်တွင်းပြည်ပမှသဘော တူညီမှုများ၊ သဘောမတူညီမှုများ စ သည်ဖြင့် တုံ့ပြန်မှု အမျိုးမျိုးပေါ်ထွက် လာခဲ့ရာ မြန်မာအင်ဒီပဲန်ဒင့်က လက် လှမ်းမီသ၍ စုစည်းဖော်ပြလိုက်ပါသည်။

အစီရင်ခံစာအရ စီမံကိန်းဆက် လက်လုပ်ဆောင်မည်၊ ဒေသခံ များ မကျေနပ်၊ ဆန္ဒပြ

မတ် ၁၄ ရက်တွင် စုံစမ်းရေး ကော်မရှင်ဥက္ကဌဖြစ်သူဒေါ်အောင်ဆန်း စုကြည်က စီမံကိန်းနယ်မြေသို့ သွား ရောက်ကာ ဒေသခံလူထုနှင့် တွေ့ဆုံ ဆွေးနွေးရန် ကြိုးစားခဲ့သည်။ သို့ရာ တွင် ဒေါ်အောင်ဆန်းစုကြည်၏ မော် တော်ကား ဒေသခံရွာ ၄ ရွာသို့ ဖြတ် အသွား ဆန္ဒပြကန့်ကွက်သူ ၇ဝဝ ကျော်က အစီရင်ခံစာကို ရှုတ်ချ  ကြေးကြော်အော်ဟစ်ခဲ့ကြကြောင်း  ပြည်ပသတင်းစာမျက်နှာတစ်ခုဖြစ် သည့် Huffington Post  တွင် ဖော်ပြထား ရာ၌ “ကော်မရှင် အလိုမရှိ”၊ “လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဒို့အရေး”ဟု လက်သီးလက်မောင်း တန်း၍ အော်ကြသည်။ သူ့ကား  အနီးရောက်တော့ ပို၍ ကျယ်လောင်စွာ အော်ဟစ် ကြသည်ဟု အခင်းအကျင်းကို ဖွဲ့ထားသည်။

ကြေးနီ စီမံကိန်းကြောင့် ဖြစ်ခဲ့ရသော ဒေသခံတို့၏ ဒုက္ခသုက္ခများကို ထိုအစီရင်ခံစာက လျစ်လျူရှုထား ကြောင်း အလတ်တောရွာမှ ကန့် ကွက်ဆန္ဒပြသူ မစန္ဒာ၏ အပြောကို လည်း ကိုးကားဖော်ပြထားရာ  “ကျွန်မတို့ကို အမေစု ကိုယ်ချင်း မစာဘူးလို့ ကျွန်မတို့ ခံစားရတယ်။ ကျွန်မတို့က အမှန်တရားအတွက် တိုက်ပွဲဝင်နေတာပါ”ဟု ဆိုသည်။ ထပ်မံ၍ “စစ်တပ်ဦးပိုင်ကုမ္ပဏီကိုပဲ သူ ကြောက်လို့လား။ ဒါမှမဟုတ် ကျွန်မတို့ကိုပဲ မချစ်လို့လား။ ဒီဆုံး ဖြတ်ချက်ကို သူ ဘာဖြစ်လို့ ချခဲ့သ လဲဆိုတာ ကျွန်မဖြင့် မသိတော့ပါ ဘူး။ ကျွန်မတို့က အပျင်းပြေ ဆန္ဒပြ နေတာ မဟုတ်ဘူးဆိုတာ သူ သိစေချင်ပါ တယ်””ဟု မစန္ဒာ၏ အပြောကို ဆက် လက်ဖော်ပြသည်။

တုံရွာနှင့် ဆည်တည်းကျေးရွာ ဟောင်းသို့ ရောက်ရှိနေခဲ့သော မြန်မာ အင်ဒီပဲန်ဒင့်သတင်းထောက်၏ မေး မြန်းချက်ကိုမူ တုံရွာတောင်သူတစ် ဦးက “တရုတ်စီမံကိန်းနဲ့ ပတ်သက် ပြီး ဘာမှညှိနှိုင်းစရာ၊ရှင်းပြစရာ မလိုဘူး။ စီမံကိန်း အပြီးသတ် ရပ်ဆိုင်းပေးဖို့နဲ့ အကြမ်းဖက်သမားတွေကို တိတိကျကျ ဖော်ထုတ်ပေးဖို့ကိုပဲ ကျွန်တော်တို့ လိုလားတယ်” ဟု ဖြေဆိုသည်။

ယင်းတို့ အနေဖြင့် အစီရင်ခံစာ မထွက်ပေါ်မီကလည်း ကြီးမားသော မျှော်လင့်ချက်အပြည့်အဝရှိခဲ့ကြ ကြောင်းနှင့် ယခုကဲ့သို့ မျှော်လင့် မထားသည့် အစီရင်ခံစာထွက်ပေါ် လာသည့်အတွက်ကိုလည်း အံ့သြဝမ်း နည်းမှုဖြစ်ရကြောင်း၊ ယခုအခါတွင် အဆိုပါစီမံကိန်းလုံးဝရပ်ဆိုင်းသွားရန် မှာ မိမိတို့အစီအစဉ်ဖြင့်သာ ဆက် လက်လုပ်ဆောင်ရတော့မည်ဖြစ် ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း တရားဥပဒေနည်း လမ်းများဖြင့် တောင်းဆိုတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ယင်းက ဆက် လက်ပြောကြားသည်။ ““မြေလျော် ကြေးလည်းမလိုချင်ဘူး။ ကျွန်တော် တို့က တောင်ကြီးပဲလိုချင်တာ။ နောက်ပြီးတော့ ဒီနေရာ၊ ဒီဒေသက နေ ဘယ်ကိုမှ ထွက်သွားကြမှာ မဟုတ်ဘူး။ တောင်သူတွေဆိုတာ တောင်ယာပဲ လုပ်စားတတ်တယ်။ စီမံကိန်းအပြီးဖျက်ပေးဖို့ကိုပဲ ဆက်လက် တောင်းဆိုသွားမှာ” ဟု တောင် သူနောက်တစ်ဦးက ဝင်ရောက် ပြောဆိုသည်။ တင်းမာနေသည့် ကျေး ရွာ ၂ ရွာသို့ ကော်မရှင်ဥက္ကဋ္ဌရောက် ရှိစဉ်ကလည်း အဆိုပါကျေးရွာ နှစ်ရွာမှ တောင်သူများဘက်က လက်ခံတွေ့ဆုံ လိုခြင်းမရှိသည့်အပြင် ဆည်တည်း ကျေးရွာဟောင်း တောင်သူများ အနေဖြင့် ဆိုးဆိုးရွားရွား တုံ့ပြန်ရန်ပင် စီစဉ်ခဲ့ကြ ပြန်သည်။

တုံရွာရှေ့သပိတ်စခန်းတွင် တုံ ရွာတောင်သူများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားရာတွင် ပြေလည်မှု မရရှိခဲ့ဘဲ ဝိုင်းဝန်းအော်ဟစ်ဆန္ဒပြမောင်းထုတ် ခဲ့သည်။ ထို့နောက် ဆည်တည်းကျေး ရွာဟောင်းသို့ ဝင်ရောက်ရန် ကြိုးစား ပြန်သော်လည်း လူအင်အားဖြင့် ဝင် ခွင့်မပြုဘဲ နောက်ဆုံးတွင်မှ လုံခြုံရေး ၅ ဦးဖြင့် ခြံရံ၍သာ ဝင်ခွင့်ရခဲ့သည်။

ကျေးရွာဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သော်လည်း တောင်သူများဘက်က သဘောထား တင်းမာလျှက်ရှိခဲ့သည့်အတွက် ပြေ လည်မှု မရရှိခဲ့ဘဲ ပြန်လည်ထွက်ခွာ ခဲ့ရပြန်သည်။

ကော်မရှင်ဥက္ကဌ ရှင်းလင်း

ကန့်ကွက်သည့် ကျေးရွာ ၂ ရွာ မှ တောင်သူများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောရာ၌ တောင်သူများ အနေဖြင့် မိမိထုတ်ပြန် ကြေညာလိုက်သည့် အစီရင်ခံစာပါ အကြောင်းအချက်များအား ပြီးပြည့် စုံအောင် ဖတ်ရှုရန်လိုကြောင်း၊ မိမိ အနေဖြင့် တောင်သူများ၏ အခက် အခဲအကြပ်အတည်းများအား ရှင်းလင်း ပေးလိုသည့်အတွက် ထိုသို့ လုပ်ဆောင် ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဂုဏ် သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် မိမိကြိုးစားဆောင်ရွက်နေကြောင်း၊ ယခုပြဿနာတွင် အပြေလည်ဆုံး နည်း လမ်းနှင့် ဖြေရှင်းဆောင်ရွက်ရန်မှာ တောင်သူများနစ်နာခဲ့ရသည့်မြေယာ လျော်ကြေးငွေ အပြည့်အဝ ပြန်လည် ရရှိရေးနှင့် တောင်သူများ၏ဘဝ အန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချနိုင်ရေး၊ တောင် သူများ၏ လူနေမှု အဆင့်အတန်းမြှင့် တင်ရေးသည်သာ အဓိကကျမည်ဟု မိမိအနေဖြင့် ယူဆကြောင်း၊ ထိုသို့သော အကြောင်းများကြောင့် ယခုကဲ့သို့ စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြော ဆိုရှင်းလင်းသည်။

“အမေကတော့ တောင်နဲ့လူနဲ့ ဆိုရင် လူကိုပဲရွေးပါတယ်။ လူကိုပဲ တန်ဖိုးထားပါတယ်။ လူကိုပဲ ချစ်ပါ တယ်။ တစ်ချိန်မှာ တောင်တွေ ပျောက် သွားနိုင်တယ်ဆိုတာ အမေမသိလို့မှ မဟုတ်ဘဲ။ တောင်တွေအစား ပတ်ဝန်း ကျင်ပြန်လည်စိမ်းလန်းစိုပြည်ရေး အတွက် သူတို့ကို တောင်း ဆိုထားပါတယ်။ ဒေသခံတွေရဲ့ ကျန်းမာရေး ကစပြီး လူနေမှုအဆင့်အတန်း မြင့်မားရေးကိုပဲ အဓိကထားဆောင် ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌကဆိုသည်။

ဒေသခံ ဆက်လက်တင်းခံ

နောက်ထပ် ထပ်မံဖွဲ့စည်းလိုက် သည့် ကော်မရှင်အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီအနေဖြင့် တောင်သူများ နစ်နာခဲ့ရ သည့် မြေယာလျော်ကြေးငွေ များအား ကာလတန်ဖိုးနှင့်အညီ အမြန်ဆုံးပေးအပ် သွားနိုင်ရန် စီစဉ်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း၊ ဒေသခံ တောင်သူများ အနေနှင့် လည်း ခိုင်မာသည့် အထောက်အထားများ တင်ပြပြီး မြေယာလျော်ကြေးငွေများအား အခက် အခဲမရှိ ပြန်လည်တောင်းယူနိုင်ကြောင်း ယင်းက ထပ်လောင်း ရှင်းလင်းပြောဆို ခဲ့သည်။ သို့ပါသော်လည်း အကြောင်း အမျိုးမျိုးကြောင့် သဘောထားတင်း မာနေသည့် အဆိုပါ ကျေးရွာ ၂ ရွာရှိ တောင်သူများအနေဖြင့် ရှင်းလင်းပြော ကြားချက် များအား နားဝင်ခြင်း မရှိဘဲ မိမိတို့အနေဖြင့် မြေလျော်ကြေးကိုလည်း အလိုမရှိကြကြောင်းနှင့် စီမံကိန်း အမြန်ဆုံး ဖျက်သိမ်းပေးရန်ကိုသာ ဆန္ဒပြ တောင်းဆို ကြသည်။

အချို့ဒေသခံရွာများတွင် ပြေလည်

ကန့်ကွက်ကျေးရွာ ၂ ရွာအနက် ကျေးရွာတစ်ရွာတွင် အနည်းဆုံး နှစ် နာရီနီးပါးခန့် ရှင်းလင်းပြောဆိုခဲ့ပါ သော် လည်း ပြေလည်မှု မရရှိခဲ့သည့် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့တို့သည်  ဆည်တည်းကျေးရွာသစ်၊ ကျော်ရွာ၊ မိုးကြိုးပြင်ကျေးရွာ စသည့်ကျေးရွာ များတို့သိုလည့်း သွားရောက် ရှင်းလင်း ပြောကြားရာ ထိုဒေသရှိ တောင်သူ များနှင့်မူ ပြေလည်မှု ရရှိခဲ့သည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့တို့ သည် စီမံကိန်းဒေသအတွင်းရှိ လုပ် ငန်းခွင်များသို့ ဆက်လက်ကြည့်ရှု စစ်ဆေးကာ ညနေပိုင်းအချိန်တွင် မုံ ရွာမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ညအိပ်တည်းခိုရာ ဟိုတယ်၌ ခေတ္တ ရပ်နားခဲ့ကြကာ နေပြည်တော်သို့ ပြန် လည်ထွက်ခွာခဲ့ကြသည်။

ဥက္ကဌက ဒေသခံများကို အစီရင်ခံ စာ ဖတ်စေလို

ကော်မရှင် အစီရင်ခံစာနှင့်ပတ် သက်၍ မုံရွာရှိ တည်းခိုရာ ဟိုတယ် ဝင်းအတွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ဒေသခံတောင်သူများအနေဖြင့် ကော်မရှင်အစီရင်ခံစာအား နားလည် သဘောပေါက်အောင် ဖတ်ရှုရန်လိုအပ် ကြောင်းနှင့် မိမိအနေဖြင့်မူ အစီရင် ခံစာနှင့် ပတ်သက်၍ အပြည့်အဝ တာဝန်ယူကြောင်း အဓိကထားပြော ကြားသွားသည်။အစီရင်ခံစာနှင့် ပြင်ပပညာရှင် သုံးသပ်တုံ့ပြန်ချက်များ ခြားနား

စီမံကိန်း စုံစမ်းစစ်ဆေးရေးကော် မရှင်၏ မတ် ၁၁ ရက်နေ့စွဲဖြင့် ထုတ် ပြန်သော အပြီးသတ်အစီရင်ခံစာကို နိုင်ငံပိုင်သတင်းစာများတွင် မတ် ၁၃ ရက်က ဖော်ပြပါရှိခဲ့ရာ နိုင်ငံရေး အဖွဲ့အစည်းများ၊ ပညာရှင် အဖွဲ့အစည်း များသာမက မီဒီယာများနှင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း အနေဖြင့် ဝေဖန် သုံးသပ်ချက်များ မြောက်မြားစွာ ပေါ်ထွက်ခဲ့သည်။

ရှေ့နေများကွန်ရက်က လက်မခံ

ထိုတုံ့ပြန်မှုများတွင် ရှေ့နေများ ကွန်ရက်လည်း ပါဝင်သည်။ ရှေ့နေ များကွန်ရက်က မတ် ၁၅ ရက်နေ့စွဲ ဖြင့် ကြေညာချက် ၂/၂ဝ၁၃ကို ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုကြေညာချက် တွင် လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီ ရင်ခံစာတွင် အပိုဒ် ၈၂ (က)(၁)(၂) (၃)(၇)(၁၁)(၁၃)(၁၆)(၁၇)(၁၉) တို့အရ စီမံကိန်း စတင်စဉ်ကပင် နိုင်ငံတကာ အလေ့အကျင့် စီမံခန့်ခွဲမှု ကောင်းများ မရှိခဲ့သည်ကို ဖော်ပြထား ကြောင်း၊ အပိုဒ် ၈၂(ခ)(၂)(၃)အရ ဒေသခံလူထုတွင် နစ်နာမှုများရှိခြင်း၊ သဘောတူ စာရွက်များတွင် လှည့်ဖျား ထားမှုများရှိခြင်း၊ လူမှုစီးပွားဆိုင်ရာ ထိခိုက်စမ်းစစ်ချက် (SIA) ကို စနစ်တကျ လေ့လာထားမှု မရှိခြင်းတို့ကို တင်ပြထားကြောင်း၊ အပိုဒ် ၈၃ (ဃ) အရ စီမံကိန်းအထောက်အထားများ၊ ရည်ညွှန်းအကိုးအကားများကို အ သေးစိတ် စစ်ဆေးရာတွင် ယနေ့တိုင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ဘောင်ဝင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲ မှုစနစ်များ ရေးဆွဲလိုက်နာမှု မရှိခြင်း ကို ပေါ်လွင်စွာ ရှင်းလင်းတင်ပြထား ကြောင်း၊ အပိုဒ် ၈၄ (ဂ)တွင် ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဘဝ အကဲဖြတ်မှု (ESIA- Environmental and Social Impact Assessment) ကို စနစ်တကျ မလုပ်ဆောင်ထားဘဲ ၁၉၉၇ ခုနှစ် အိုင်ဗင်ဟိုကုမ္ပဏီ၏ အကြိုလေ့ လာဆန်းစစ်ချက်သာရှိရာ အနာဂတ် မျိုးဆက်အတွက် အကျိုးမရှိဟု ဖော်ပြထားကြောင်း၊ ယင်းအချက်များ အပြင် နိုင်ငံတကာ စီးပွားရေး သဘောတူ စာချုပ်များ ချုပ်ဆိုထား၍ မဖြစ်မ နေ လိုက်နာရမည်ဟု တရားသေဥပ ဒေပြဌာန်းချက် မရှိခြင်း တို့ကြောင့် ရှေ့နေများ ကွန်ရက်က “တိုင်းပြည်အတွက်လည်း အကျိုးသိပ်မရှိ၊ ပြည်သူလည်း မလိုလား၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနှင့် မကာမိသော ထိုစီမံကိန်းအား ဆက်မလုပ်သင့်”ဟု ယူဆကြောင်း ဖော်ပြပါရှိသည်။

ရှေ့နေများ အမြင်ကွဲပြား

အစီရင်ခံစာနှင့် ပတ်သက်၍ တစ်ပြိုင်တည်း ရှည်လျားစွာ ပေါ်ထွက် လာခြင်းအစား၊  အပိုင်းခွဲကာ ထုတ်ပြန် ခဲ့လျှင် လူထုက ပိုမိုနားလည် သဘောပေါက် လာနိုင်ပါမည်လား  ဟု ရှေ့နေကွန်ရက်အဖွဲ့ဝင် ဦးစိုးတင့်ရီကို မြန်မာ အင်ဒီပဲန်ဒင့်က မေးမြန်းရာ

“အပိုင်းလိုက်ခွဲတင်ပါ လို့တော့ ပြောလို့ မရဘူး။ အရေးကြီးတာက အဲဒီအစီ ရင်ခံစာကို အကောင်အထည် ဖော်တဲ့ နေရာမှာ ဘက်မလိုက်ဘဲ အတိအကျ လိုက်နာဖော်ဆောင်ဖို့ပဲ အရေး ကြီးတယ်။ နစ်နာမှုအတွက် နစ်နာ ကြေး တကယ် ပေးသင့်ပေးထိုက် တာ ပေးရမယ် စတာတွေကို အဓိက ထားလုပ်ရမယ်။ အစိုးရဘက်က လုပ် ပေးရမယ့် အပိုင်းတွေလည်း တင်ပြ ထားတယ်။ ဥပမာ ရဲတွေရဲ့ နှိမ်နင်းမှု မကျွမ်းကျင်တာတွေကို ထောက်ပြ ထားတာမျိုးတွေပေါ့။ ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် တကယ်လုပ်ရင် တကယ်ကောင်းပါတယ်။  တကယ် လိုက်နာရင် ကောင်းပါတယ်။ နောက် ဆန္ဒပြတာနဲ့ ပတ်သက်လို့ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးသင့် တာတွေ အရင် အကောင်အထည်ဖော်နိုင်ရင် ကောင်း မယ်။ အကောင်အထည် မဖော်ဘဲ လျှော့တိလျှော့ရဲ သွားမယ်ဆိုရင်တော့ ဆိုးသွားနိုင်တယ်။ အစီရင်ခံစာကို အ ပိုင်းခွဲပြီး တင်ပြဖို့ကတော့ သူတို့ လက်ခံမယ် မထင်ဘူး ။ ဆရာတို့က တော့ လမ်းမှန်နည်းမှန်နဲ့ အစီရင်ခံစာ တင်ပြချက်တွေကို မြန်မြန်အကောင် အထည်ဖော်ပေးဖို့ပဲ ဆန္ဒရှိပါတယ်”ဟု ဖြေကြားသည်။

တရားလွှတ်တော်ရှေ့နေ  တစ်ဦးဖြစ်သူ ဦးဝင်းဇော်ဦးကမူ “အစီရင်ခံစာကို လေ့လာကြည့်ပြီးတဲ့အခါ အနာဂတ် အတွက် အမျိုးသားပြန် လည်သင့်မြတ်ရေး အပိုင်း၊ ကော်မရှင်နာ အဖွဲ့ ဖွဲ့ခွင့် ဆိုတဲ့အပိုင်း၊ ရဲများ ကဏ္ဍ၊ စာချုပ်စာတမ်း ကိစ္စ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စ စတာ တွေအပေါ်မှာ နစ်နာကြေး လုံလောက် အောင် မပေးခဲ့ဘူးဆိုတဲ့ အ ချက်တွေဖတ်ရတော့ တော်တော် ပြည့်စုံတဲ့ အစီရင်ခံစာလို့ မြင်မိတယ်။ ဒါတစ်ခု။ နောက်တစ်ခုက ဒီလောက်ပဲ လုပ်နိုင်မယ်။ ကော်မရှင်နာက အမိန့်ပေးလို့ မရဘူး။ ကျန်တာ အစိုးရက ဆက်လုပ် ရမယ်။သူက သူ့ရဲ့ ထင်မြင်ချက် တွေ့ရှိချက်တွေကို အစီရင်ခံရုံလောက်ပဲ တတ်နိုင်မယ်။ ဒီအစီရင်ခံစာကို နိုင်ငံရေးအရ အဆင့်ရှိတဲ့ အစီရင်ခံစာလို့ မြင်မိတယ်။ ဒေါ်စုကို မုန်းတယ်၊ ဘာဖြစ်တယ်၊ ညာ ဖြစ်တယ်လို့ ကြားရတယ်။ သူတို့ကို မေးကြည့်တော့ ဖတ်ကြည့်ပြီးပလား ဆိုတော့ မဖတ်ရသေးဘူးတဲ့။ကျွန် တော်တို့ ဥပဒေသမားကတော့ ဘယ်အပိုင်းများ လိုနေလဲ၊ ပိုနေလဲ သေချာ ဒေါက်ထောက် ဖတ်ပြီးပါပြီ။ ဥပမာ ရဲတွေရဲ့ကိစ္စမှာ လူတွေက တာဝန် ရှိတဲ့သူတွေကို အရေးယူပေးစေချင် တယ်။  ကျနော်က စဉ်းစားတာက ရဲတွေက နည်းပညာ မကျွမ်းကျင်ဘူး။ ကိုယ်သုံးတဲ့ လက်နက် အကျိုးဆက်ကို မသိဘူး။ သက်ရောက်မှု မသိဘူး လို့ ဖော်ပြတယ်ဆိုတော့ရင် သက် ဆိုင်ရာဝန်ကြီးဌာနကို အာဏာပိုင်အဖွဲ့ က ဒီအပေါ်မှာ သုတေသနပြုပြီး အဆင့်ရှိ၊ အရည်အချင်းမီတဲ့သူတွေ ဖြစ် အောင် လေ့ကျင့်သင်ကြားဖို့ လိုတယ် ဆိုတာနဲ့ အုပ်ချုပ်ရေး ယန္တရားမှာ ကိုင်တွယ်နေတဲ့ အာဏာပိုင်တွေ၊ ရဲတွေ ဟာ အဆင့်မီတဲ့၊ ဒီမိုကရေစီ ယဉ်ပါးတဲ့ ရဲတွေ မဟုတ်ဘူးလို့ ကျယ်ပြန့် စွာ စဉ်းစားနိုင်တယ်။ ကျွန်တော်က အပြစ်အနာအဆာ ကင်းတဲ့ အစီရင် ခံစာလို့ ယူဆတယ်။ နောက် ဒေါ်စု ကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးက သူ့ရဲ့ကြွေး ကြော်သံ ဖြစ်တယ်။ အဲဒါကလည်း မပြင်ရင် မဖြစ်ဘူးလို့ နားလည်ပြီး သားပါ။  နောက် ဖက်ဒရယ်ဆိုတာ တိုင်းပြည် ခွဲထွက်ရေးလို့ တစ္ဆေသရဲလို ခြောက်တဲ့ကာလ ကျော်သွားပြီ။  လူမျိုးကြီးဝါဒမဆန်ဘဲနဲ့  တိုင်းရင်းသား အခွင့်အရေး အလေးပေးရမယ် ဆိုတာ သိလာကြပြီ။ အဲဒီတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ရမယ်လို့ ကြွေးကြော် ထားတဲ့ ဒေါ်စုဟာ ဒီအစီရင်ခံစာမှာ သူ လုပ်ခွင့်ရှိတဲ့ ဘောင်လေးထဲကနေ မျှတအောင် အကောင်း ဆုံး လုပ်တာပဲ။ နောက်တစ်ခုက ကျွန်တော့်အိမ်အောက်မှာ ရွှေတွင်း ရှိတယ်။ ဒါကို နိုင်ငံတော်ပိုင်တဲ့ ပြည် သူ့ဘဝ အကျိုးပြုမယ့် ရတနာသိုက်မို့ ဖယ်ပေးပါဆိုရင် ကျွန်တော် ပြောင်း ရွေ့မယ့်နေရာကို ကျွန်တော်နဲ့ အသား ကျအောင် ဖန်တီးပေးဖို့ပဲ လိုမယ် မဖယ်ပေးဘူး ဆိုလို့ မရဘူး။ နောက် တိုင်းပြည်မှာ ရှိမယ့် သယံဇာတတွေ ကို ပြည်သူတွေအတွက် ထုတ်ယူသုံး စွဲရမယ့် အချိန်ကာလ ရောက်နေပြီ၊ သို့သော် တရုတ်ဘက် ကတော့ နည်း ပညာအားဖြင့်တော့ အတော် ညံ့ဖျင်းပုံ ပေါက်တယ်။ နောက်ဒေါ်စုကလည်း စာချုပ်ကိုလည်း ဝေဖန်ထားတယ်  လေ။ အဲဒါကလည်း ပြည့်စုံပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့က ဘုရားတောင် ကန့်ကွက်သူရှိတာပဲ။ ဒီမိုကရေစီနိုင်ငံမှာ မကျေနပ်တဲ့ အုပ်စု သဘောမတူတဲ့ အုပ်စု ပေါ်လာတာ သိပ်ဆန်းတာ မဟုတ်ဘူး ။ဒေါ်စုကတော့ တစ်သက်လုံး ထောက်ခံမှုကို ခံလာပြီး အခုလို ဝေဖန်ခံရတော့ နည်းနည်းတော့ ကြောင်တောင်တောင် ဖြစ်သွားမှာပဲ။ သို့သော်လည်း ခေါင်းဆောင်ပီပီ လုပ်သင့်တာ လုပ်သွား တယ်လို့ မြင်တယ်။ ဒီအစီရင်ခံစာဟာ အရွေ့တစ်ခုကို ရောက်လာတယ်။ နောင်လာလတ္တံ့သော ကိစ္စရပ်များအ တွက် လမ်းညွှန် အစီရင်ခံစာ တစ်ရပ်လို့ ကင်ပွန်းတပ်ချင်ပါတယ်။ တစ်ပိုင်းစီ ကို တင်ပြခဲ့မယ်ဆိုရင်လည်း လူထု ကတော့ သာမန်စာတစ်ကြောင်း ဖတ် ရင်တောင် အဓိပ္ပါယ် မပေါက်လွယ်သူ တွေ အများကြီးပဲ။ ပညာရေးစနစ်နဲ့ ဆိုင်တာပေါ့။ အဲဒီတော့ ပြည်သူတွေ ရှင်းလင်းသွားအောင် ဂျာနယ်တွေက အပိုင်းပိုင်း စိတ်ခွဲပြီး ရှင်းလင်းပေး ရင် ပိုကောင်းမယ်ပေါ့။ သာမန်လူ ပြိန်းတွေ နားလည်အောင် ကြိုးစား ခြင်းကလည်း လူထုခေါင်းဆောင်အ လုပ် မဟုတ်ဘူး”ဟု အကျယ်တဝင့် ဖြေကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများက   ထောက်ခံ

ထို့ပြင် မတ် ၁၇ ရက်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က လည်း ယင်းတို့၏ သဘောထား ကြေ ညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ လက်ပံတောင်းတောင် စီမံကိန်း၏ အားနည်း ချို့ယွင်းချက်များနှင့် ဒေသခံလူထု၏ နစ်နာခံစားမှုများကို ပွင့်လင်း မြင်သာအောင် စုံစမ်းဖော်ထုတ်ပြီး ကျိုးကြောင်းဆီလျော်သည့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာတစ်စောင် ပေါ်ထွက်လာသည်အထိ ဆောင်ရွက် ခဲ့ကြသော လက်ပံတောင်းတောင်စုံ စမ်းစစ်ဆေးရေးကော်မရှင်၏ ကြိုးစား အားထုတ်မှုကို လေးစားစွာ အသိအ မှတ်ပြုကြောင်း၊ လက်ပံတောင်းတောင်  သပိတ်စခန်းအား နိုင်ငံတကာက ကျင့်သုံးနေသည့် စံချိန်စံညွှန်းများနှင့်  မကိုက်ညီဘဲ အင်အားသုံး ဖြိုခွင်းခဲ့မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ရဟန်းသံဃာများနှင့် လူထုတို့ ခံစား နေရသည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဝေ ဒနာများအတွက် လိုအပ်သည် များကို  ဆက်လက်ပံ့ပိုးဆောင်ရွက်သွားရန် စုံ စမ်းရေးကော်မရှင်၏ အစီရင်ခံစာအ ပေါ် အကောင်အထည်ဖော်ဆောင်ရွက် သည့် ကော်မတီ၌ တာဝန်ရှိသည် ဟု  မှတ်ယူကြောင်းနှင့် နိုင်ငံတော်၏ ရှေ့ ရေးကို အလေးထား ကြည့်ရှု၍ ဖွင့် လှစ်ထားသည့် သပိတ်စခန်းများ ရုပ် သိမ်းပေးခြင်းကိုလည်း လေးစားစွာ ကြိုဆိုကြောင်းတို့ အပါအဝင် အချက် ၆ ချက် ပါဝင်ခဲ့သည်။

ဦးဝင်းမျိုးသူက ဝေဖန်

ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်လည်း ဖြစ်ကာ မြစ်ဆုံဆည် စီမံကိန်းအရေးတွင်လည်း ယင်း၏ “မေးခွန်း ၂ဝ”မှာ ထိရောက် သော ဝေဖန်သုံးသပ်ချက် တစ်ခု ဖြစ် စေခဲ့သူဦးဝင်းမျိုးသူအား မြန်မာအင်ဒီပဲန် ဒင့်က ယခုအစီရင်ခံစာအပေါ် သုံးသပ် ပေးပါရန် ပြောကြားရာတွင် ယင်းက     “အင်္ကျီတစ်ထည် ကောင်းမကောင်း က အကျီ ချုပ်တဲ့လူအပေါ် မူတည်တယ်လို့ မြင်တယ်။ ဒီအစီရင်ခံစာက တော့ သူ့ရဲ့ လေ့လာသုံးသပ်ချက်၊ အကြံပြုချက်ကို တင်သွင်းပြတာပေါ့။ ဒီအစီရင်ခံစာ ရအောင် ဘယ်လို လုပ်ခဲ့ တယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလည်း ဝေ ဖန်လေ့လာဖို့လိုတာပေါ့။  လုပ်ငန်းစဉ် ရဲ့ လိုအပ်ချက်တွေကို ထောက်မပြချင် သေးဘူး။ လောလောဆယ်တော့ ဘာ လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်မှု အပေါ်မှာ သွားပြီးတော့ မေးခွန်းထုတ်သလို ဖြစ်နေမှာစိုးလို့ မဖြေလိုပါဘူး။ တစ်ချိန်ကျရင်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံခန့်ခွဲ ရေးအလို့ငှာ ရေးပါ့မယ်။ လက်ပံ တောင်းကော်မရှင်က သူ အခြေခံ စဉ်းစားတဲ့ အချက်က သုံးချက် ရှိတယ်။ အဲဒါ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးနဲ့ နိုင်ငံတကာဆက်ဆံရေးပဲ။ ဆရာတို့ ကျတော့ လေးချက် စဉ်းစားတယ်။ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး၊ နိုင်ငံတ ကာဆက်ဆံရေး၊ နောက်ပိုပြီးစဉ်းစား တာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးကိုပါ ထည့်သွင်းပြီး အခြေခံ စဉ်းစားတယ်။ မုံရွာအန်အယ်လ်ဒီ ဟောပြောပွဲမှာလည်း အဲဒီလို ပြောခဲ့ တယ်။ ဒီလို ပြုပြင်ပြောင်းလဲရေးကာ လကြီးမှာ ခေါင်းဆောင်မှုကို မေးခွန်း ထုတ်စေမယ့်ဟာတွေ ထွက်လာရင်၊ ဝိဝါဒ ကွဲပြားစရာတွေ ဖြစ်လာရင် ကျွန်တော်တို့မှာ အခြားအော်လ်တာ နေးတစ်ဖ်တွေ (ရွေးချယ်စရာတွေ) ရှိ လားဆိုတာ မေးစရာ ဖြစ်လာမယ်လေ။ အဲဒီတော့ ကျွန်တော်ကတော့ သုံးသပ်ချက်မှာ ဒါလေးက ဆိုင်းငံ့ ထားတာလေးများ ဖြစ်ရင် ပိုပြီး ကောင်းသွားမယ်ပေါ့နော်။ ဒီဘက်က လည်း နည်းနည်းသက်သာသွားမယ်။ ပြည်သူကြားနာတာတို့၊ ဝေဖန်တာ တို့ဆိုတာက ဘယ်ကိစ္စရပ်မဆို နှစ် ဖက်ရှိတယ်။ အမြင်လည်း မတူကြ ဘူး။ မတူလို့လည်း တစ်ဖက်နဲ့တစ်ဖက် အခြေအတင် ပြောကြတာပေါ့။သုံးပွင့်ဆိုင်အမြင် ကြည့်ပြီးတော့မှ များရာမှန်ရာဘက်ကို လိုက်ရတယ်။ Triangulation လမ်းလို့ ခေါ်တာပေါ့။ တစ်ချိန်တည်းမှာ ပြည်သူက ပြော မယ်။ ကော်မရှင်က ပြောမယ်၊ ကြား လူက ပြောမယ် ဆိုရင် ပိုပြီးပြည့်စုံတာပေါ့။ ဒီနယ်ပယ်မှာ လုပ်နေတဲ့ ကျွန် တော်တောင် အတော်ဖတ်ယူရတယ်။ ပြည်သူထဲ မှာလည်း တိတိကျကျ သိချင်တဲ့သူ၊ လိုရင်းသိချင်တဲ့သူ၊  ယေဘူယျ သိချင်တဲ့သူစသဖြင့် ရှိတာပေါ။ မီဒီယာ တွေကတော့ အစီရင်ခံစာကို အဲဒီလိုလေး ပြင်ဆင်ပြီး ပြည်သူကို ချပြသင့်တာပေါ့။ ကော်မရှင် ကလည်း အကောင်းဆုံး မဟုတ်တောင်မှ အ ပြည့်စုံဆုံးနဲ့ အတတ်နိုင်ဆုံး လုပ်ထား တယ်ဆိုတာ သံသယ မရှိပါဘူး။ သို့ သော်လည်းဘဲ အမြင်လေးတွေရှိတယ် ပေါ့နော်။ ကော်မရှင်ရဲ့ အလုပ်က လူတွေ ဘာတွေ ပူပင်သောက ရောက် နေလဲဆိုတာကို လေ့လာပြီး မဖြစ်နိုင်၊ ဖြစ်နိုင် ဖြေရမှာ သူတို့အလုပ်ပါ။ မသွဲ့သွဲ့ဝင်းတို့ ပြောသလို ကျွန်မတို့ နာရင် နာပါစေ၊ တိုင်းပြည်အကျိုးရှိရင် ဖယ် ပေးမယ် ပြောပါတယ်။ ဒီအစီရင်ခံ စာက  လူတွေရဲ့ ပူပင်သောကဖြစ်တဲ့ အချက်တွေကို အဖြေပေးထားလား မပေးလားဆိုတာ ကြည့်ရမှာပေါ့။ အဲဒီမှာ အကျိုးအမြတ် ခွဲဝေမှုပေါ့။အ ကျိုးအမြတ်နည်းမယ်ဆိုရင် ပတ်ဝန်း ကျင်ဆုံးရှုံးတာကို ပြန်နှုတ်ရမယ်။ နောက်တစ်ခုက ကလေးတွေ ရောဂါ ဖြစ်တဲ့ကိစ္စကို အကြမ်းဖျဉ်းအားဖြင့် မဟုတ်ဘဲ သေချာသုတေသန ပြန် လုပ်ရမယ့် ကိစ္စတွေလို့ မြင်ပါတယ်။ လေထုထဲမှာ အက်ဆစ်ဓာတ်ကြောင့် ဆိုရင် ပန်းနာရင်ကျပ်လိုဟာမျိုး ဖြစ် တတ်တာ အင်မတန် ကျိန်းသေတယ် လေ။ လေထုထဲမှာ အမှုန်များတယ်ဆို ရန်ကုန်မှာလည်း များတာပဲ။ မုံရွာ ချင်းတွင်းမြစ်ကြီးကလည်း ရေညစ် ညမ်းနေတာပဲ။ ဓာတုဓာတ် မပါဘူး၊ အနယ်တွေ များနေရင်လည်း ရေထု ညစ်ညမ်းတာပဲ။ အဲဒီညစ်ညမ်းတာက စံပယ်တောင်၊ ကြေးနီတောင်က ဆင်း တဲ့  မြေကြီးကြောင့်လား၊ ဟိုး ဟုမ္မလင်းဘက်က မြေကြီးတွေကြောင့်လား ဆိုတာ စစ်ဆေးသင့်တယ်။ အဲဒီဟာ ကို အစီရင်ခံစာမှာ မတွေ့ခဲ့ဘူး။ သ ဘာဝကပေးတဲ့ဝန်ဆောင်မှုတွေ ဘယ် လောက်လျော့လဲဆိုတာတွက်ရမယ်။အဲဒီဟာကို တွက်ပြီးမှ နှုတ်ရမယ်။ဂေဟစနစ်ရဲ့ ဝန်ဆောင်မှုကို ထည့် တွက်ရမယ်။ တောင်ပျောက်သွားရင် ရာသီဥတု ပြောင်းမပြောင်းဆိုတာ သေ ချာတွက်ချက်ပြီးတင်ပြပေးသင့်တယ်။ စုံစမ်းမယ်ဆိုရင် အကုန်လုံး တန်းစီစစ် ဆေးသင့်တယ်။ ရွာသားတွေဆီကနေ တောင် လိုချင်တဲ့အချက်တွေပဲ ယူပြီး ရွာသားတွေ ပြောတဲ့အချက်တွေ တောင် အစီရင်ခံစာမှာ အကုန် မပြ ထားဘူးလေ။ တောင် ပျောက်သွား ရင် အနီးတစ်ဝိုက်က အပူချိန် တက် သွားမှာတွေဘာတွေကို တင်ပြသင့် တယ်။ ဂျာမနီတို့ ဘာတို့မှာ ဒီလို တောင်ဖြိုရင် ပတ်ဝန်းကျင်ကို နဂိုနီး ပါးအတိုင်း ပြန်ရအောင် မြေစာတွေ ကို သေချာပုံတာ၊ သစ်ပင်ပြန်စိုက် တာတွေ လုပ်တယ်။ သဘာဝအ တိုင်းမဟုတ်ရင်တောင် အဲလောက်နီး နီးပြန်ရတယ်။ အဲဒါတွေ ထည့်တွက် ရင် တွက်ချေမကိုက်လောက်ဘူး။ အဲ ဒါတွေ ဘာမှ ရေရေရာရာ ပါမထား ဘူး။ ကျွန်တော်ပဲ သေချာမဖတ်မိ လို့လားလို့ပေါ့နော်”ဟု ရှင်းလင်းဖြေ ကြားခဲ့သည်။

ဝမ်ပေါင်က ကြိုဆို

အစီရင်ခံစာအား မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမိတက်က ဝမ်း  ပန်းတသာ ကြိုဆိုကြောင်း၊ ဒေသခံ များ၏ လိုအပ်ချက်နှင့် ဆန္ဒများကို စိတ်ရှည်စွာ အလေးထား နားထောင် မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အ ကောင်းဆုံး စံချိန်စံညွှန်းများနှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း များကို အကောင်းဆုံးဆောင်ရွက်သွား မည်ဟု ကတိပြုကြောင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ မန်နေဂျင်း ဒါရိုက်တာ ကိုယ်စား  Admin Manager Mr Dong Yun Fei မစ္စတာ ဒေါင်န်ယွန်ဖီးကို မြန်မာအင်ဒီပဲန်ဒင့်က ဆက် သွယ်မေးမြန်းရာတွင် အင်တာဗျူး လုပ်ခွင့်ကို ယင်းကုမ္ပဏီက ပိတ်ပင် ထားသဖြင့် မပြောနိုင်သေးကြောင်း၊ လတ်တလောတွင် အစီရင်ခံစာက အကြံပေးသည့် အတိုင်း လျော်ကြေးများ ပေးသွားရန် စီစဉ်ထားပါကြောင်း၊ ယခင်လျော်ကြေးပေးခဲ့စဉ်က မြန်မာ့စီး ပွားရေးဦးပိုင် ကုမဏီနှင့် ဝမ်ပေါင် နှစ်ဖွဲ့ပေါင်းကာ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း ပြီး ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းကို ရှင်း ပြခဲ့သည်။

အစီရင်ခံစာ အကြံပြုချက်များနှင့် ဝေဖန်သုံးသပ်ချက် ဆောင်းပါးကြား အတိမ်အနက် မတူ

အစီရင်ခံစာ၏ သုံးသပ်ချက် အ ကြံပြုချက်များ ခေါင်းစဉ်တွင် ပါရှိ သော အပိုဒ် ၈၁၊ (က) ၌ လက်ပံ တောင်းတောင် ကြေးနီသတ္တုတွင်းစီမံ ကိန်းတွင် နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အညီ ရေးဆွဲပြုစုထားသော ပတ်ဝန်းကျင်ဆိုင်ရာ  စီမံခန့်ခွဲမှုစနစ် (Environmental Management Plan EMP) နှင့် လုပ်ငန်းခွင် ကျန်းမာ ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Occupational Health and safety Assessment System OHSAS ) မရှိသေးကြောင်း သုံးသပ်ရပါ သည်ဟု ဖော်ပြထားသည်ကို တွေ့ ရသည်။

သို့ရာတွင် ဆရာဦးဝင်းမျိုးသူ၏ ကိုယ်ပိုင်ဖေ့စ်ဘုခ်စာမျက်နှာတွင် “အမိမဲ့သား ရေနည်းငါး” ခေါင်းစဉ်ဖြင့် အစီရင်ခံစာအပေါ် သုံးသပ်ချက်များကို ရေးသား တင်ပြထားရာ သဘာဝ ပတ်ဝန်းကျင်ပညာရှင်တစ်ဦး၏ ပညာ သည်ဆန်သော အတွေးများကို ဖော် ပြထားသည်။

“ပတ်ဝန်းကျင်ရေးရာ ဆန်းစစ် ရာမှာ ဆိုးကျိုးဖြစ်မဖြစ် လေ့လာရုံ တင်မကပါဘူး။ ထိခိုက်နိုင်မှု (Magnitude)နဲ့ ဆုံးရှုံးနစ်နာနိုင်မှု (Intensity) နှစ်ခုလုံးကိုပါ ခြုံပြီး သုံးသပ်ဖို့ လိုပါတယ်”ဟု ဦးဝင်းမျိုးသူက မြင် သည်။ သူက အစီရင်ခံစာ၏ သုံးသပ် ချက်ကို ကျော်လွန်တွေးတောသည် သာမက ဒေသခံတို့အပေါ်တွင်လည်း “ဒေသခံတွေ ပြောနေတဲ့ အချက်က စိုးရိမ်ပူပန်မှု လွန်ကဲနေတယ်လို့ ထင်မြင်မိတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ဆောင်မှု မှတ်တမ်းနဲ့ လက်ရှိ ဆောင်ရွက်ပုံတွေကို လေ့လာ သုံးသပ်ကြည့်ရင်  ပတ်ဝန်းကျင်ကို အလေးထားမှု အားနည်းတယ်လို့ သုံးသပ်နိုင်ပါတယ်”ဟု သုံးသပ်သည်။

အစီရင်ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်း ကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ အပိုဒ် ၈၂။ (၁၉) တွင် လက်ပံတောင်းတောင် ကြေးနီစီ မံကိန်းနယ်မြေ (Project Site) နှင့် အနီးဝန်းကျင်ဒေသ (likely affected area) တွင် လေထုအရည်အသွေးနှင့် စပ်လျဉ်းသည့် လက်တွေ့ကွင်းဆင်း လေ့လာတိုင်းတာမှုမှ ရရှိသည့် ရလဒ် များပေါ်တွင် အခြေပြု၍ သုံးသပ်ရာ ရွေးချယ်ထားသောနေရာ ၃ နေရာ စလုံး၌ လေအမှုန်အမွှားများ (Total Suspended Particulate Matters: TSMP, PM10, PM 5 ) ပါဝင်မှုမှာ WHO နှင့် USEPA တို့သတ်မှတ် ထားသော လေထုစံချိန်စံညွှန်းထက် နှစ် ဆခန့် ပိုမိုများပြားလျက်ရှိကြောင်း၊ လေအမှုန်အမွှားပါဝင်မှုမှာ ကံကုန်း ကျေးရွာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနှင့် ရွာသစ် ကျေးရွာတို့မှာထက် နှစ်ဆခန့် များ ပြားနေကြောင်း၊ ကံကုန်းကျေးရွာ၌ လူနေထိုင်မှုနှင့် လုပ်ငန်းလုပ်ကိုင်မှု ပိုမိုများပြားလာခြင်းနှင့် အနီးဝန်းကျင် ရှိ စံပယ်တောင်သတ္တုတွင်းလုပ်ငန်း ခွင်မှ ပျံ့နှံ့လာသော လေထု၏ အကျိုး သက်ရောက်မှုများကြောင့် ဖြစ်နိုင် ကြောင်း သုံးသပ်ရပါသည်။ လေထု အတွင်း အန္တရာယ်ဖြစ်စေနိုင်သော ဓာတ်ငွေ့ (Sulphur Dioxide SO2, Nitrogen Dioxide NO2, Volatile Organic Compound VOC, Carbon Dioxide CO2) ပါဝင်မှုမှာ အန္တရာယ် ဖြစ်စေနိုင်သော ပမာဏ မရှိကြောင်း သုံးသပ်ရပါသည်”ဟု ဖော်ပြပါရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦး ဝင်းမျိုးသူက “လေထုညစ်ညမ်းမှုကို ပုံမှန်ရေရှည် တိုင်းတာမှုပြုလုပ်မှသာ လေထုထဲ အက်ဆစ်ပမာဏ သတ် မှတ်ချက်ထက် များမများ သိနိုင်ပါ တယ်။ လေထုထဲမှာရှိမယ့် အက်ဆစ် ပြင်းအားဟာ စိုစွတ်တဲ့ရာသီဥတုအ ချိန်ကာလမှာ နည်းပါးလျက်ရှိပြီး ခြောက်သွေ့တဲ့ရာသီနေ့အချိန်တွေမှာ ပိုများပြားတတ်ပါတယ်”ဟု လည်း ကောင်း၊ “လေထုအရည်အသွေးစစ် ဆေးဖို့ နမူနာကောက်ယူတဲ့အခါမှာ ဘယ်အချိန်ကာလတွေမှာ ကောက် တာလဲ။ ဘယ်နေရာတွေမှာ ဘယ် နှကြိမ် ကောက်တာလဲ။ ကောက်ယူ တဲ့ နမူနာတွေကကော ဒေသတစ်ခု လုံးမှာ အက်ဆစ်ညစ်ညမ်းမှု မရှိဘူး လို့ ပြောရလောက်အောင် ကိုယ်စားပြု နိုင်ရဲ့လား”ဟုလည်းကောင်း၊ “SO2 ဟာ ပေါ့ပါးပြီး လေတိုက်အားပေါ်မှာ မူတည်ပြီး မိုင်ထောင်ချီ ပြေးနိုင်ပါ တယ်။ ရာသီအလိုက် လေတိုက်ရာ အရပ်ကို လိုက်ပြီး အနောက်တောင် ဘက်နဲ့ အရှေ့မြောက်ဘက်တွေမှာ SO2 ရဲ့ ဆိုးကျိုးဒဏ်ကို ခံရနိုင်ပါ တယ်။ လေနဲ့ ရေမှာ ပါလာတဲ့ အက် ဆစ်ဓာတ်ကြောင့် မြေအဆိပ်သင့် မှု (Soil Contamination) နဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာမှာ ဖော်ပြထားတာ သိပ်မတွေ့မိသလိုပဲ။ မြေအဆိပ် သင့်မှုဟာ စားနပ်ရိက္ခာထုတ်လုပ် ရေးနဲ့ လူအများ အာဟာရ ဖွံ့ဖြိုးရေး ကျန်းမာရေးကိစ္စတွေမှာ အကျိုးသက် ရောက်မှုရှိတဲ့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါ”ဟုလည်းကောင်း သုံးသပ်ထားပါသည်။

ထို့ပြင် အစီရင်ခံစာတွင် ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်များ အတွက် အကျိုးရှိ/မရှိ အပိုဒ် ၈၄။ (ခ) ပြည်သူလူထုအတွက်  အကျိုးကျေးဇူး၏ စာကြောင်းရေ ၂ဝ၌  ဒေသခံလူထုအနေနှင့် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းအပေါ် နှစ်လို မှုမရှိခြင်း၏ အကြောင်းရင်း များတွင် အသိမ်းခံရသော လယ်ယာမြေများအ တွက် တန်ရာတန်ကြေးမရဟူသော  ခံယူချက်အပြင် အလုပ် အကိုင် အခွင့်အလမ်းများ မရရှိခြင်းသည်လည်း အ ကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့အနေဖြင့် ရေဘေး သင့်ဒေသခံများအတွက် အလှူငွေပေး အပ်ခြင်း၊ ယမားချောင်း တာပေါင် ပြု ပြင်ဆောင်ရွက်ပေးခြင်း၊ ရွာသာ-ရွှေပန်းခိုင်လမ်း ဆောက်လုပ်ပေးခြင်း၊ သာယာကုန်း ရွာတံတားနှင့် မိုးကြိုးပြင် ရွာ ဆည်ပြုပြင်ရန် ကူညီဆောင်ရွက် ပေးခြင်း၊ ဖောင်းကားရွာဆည် ပြုပြင် ပေးခြင်းအပြင် ပညာရေးနှင့် ကျန်း မာရေးတို့တွင် အကူအညီပေးခြင်းတို့ ပြုလုပ်ပေးမှု ရှိသည်ကို တွေ့ရှိရရာ ကျေးရွာ လူထုအနေနှင့် အကျိုးခံစားမှု အထိုက်အလျောက် ရှိသည်ဟု ဆိုနိုင် ပါသည်။ သို့ရာတွင် ဒေသခံ လူထု မျှော်လင့်သည့် ရေရှည်လူမှုစီးပွားရေး ဆိုင်ရာ အကူအညီတို့ကိုမူ ထိရောက်စွာ ပေးအပ် ထားခြင်း မရှိဟု သုံးသပ်ရပါသည်ဟု ဖော်ပြထားပြီးနောက်  ကော်မရှင်၏ အကြံပြုချက်အဖြစ်  စာကြောင်းရေ ၃၇ ၌ ဒေသခံလူထုအ တွက် အကျိုးကျေးဇူးများ ပိုမိုရရှိရန် လိုအပ်သည်ဟုလည်းကောင်း၊ ကုမ္ပဏီ တွင် ခန့်ထား ပေးနိုင်သည့် အလုပ်အ ကိုင်အပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprise) တည်ထောင်ပေးမှသာလျှင် ဒေသခံ ပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းကို ဖြည့်ဆည်းပေးနိုင်မည်ဟု လည်းကောင်း သုံးသပ်ပါသည်ဟု ဖော်ပြ ထားသည်။

သို့ရာတွင် သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဆရာဦးဝင်းမျိုးသူက  “ဒေါ်လာသန်းထောင်ချီ မြတ်မယ့် စီးပွားရေး စီမံကိန်းတွေဆိုရင် အကျိုးစီးပွားကို ဘယ်လိုခွဲဝေ ဖြန့်ဖြူးမယ် (Benefit Sharing and Wealth Distribution) ဆိုတာ တိတိကျကျ ဖော်ပြသင့်ပါတယ်။ တစ်နည်းအားဖြင့် စီမံကိန်းကြောင့် ရလာမယ့် စီးပွားရေး ဖွံ့ဖြိုးမှု Economic Growth ကို သာတူညီမျှ ခံစားရေး Equity အလို့ငှာ ဒေသခံ တွေကို ဘယ်လိုဖြန့်ဝေပေးမယ် ဆိုတာ အရေးကြီးပါတယ်”ဟုလည်းကောင်း၊ “နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ IFC နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေ လက်ခံထား တဲ့ လုပ်ငန်းလမ်းညွှန်ကတော့ မြေ သိမ်းယူရတဲ့ ကိစ္စတွေမှာ သိမ်းခံရသူ တွေရဲ့ ဘဝရှင်သန်ရပ်တည်ရေးအ တွက် အစီအမံတွေ အတိအကျ ပါ ဝင်သင့်တယ် လို့ မူဘောင် ချမှတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ကြေးနီစီမံ ကိန်းဟာ အကျိုးအမြတ်တွေ တွက် ချက်တဲ့အတိုင်း ရှိနေမယ်ဆိုရင် အ မြတ်ရာခိုင်နှုန်းတစ်ခုကို သတ်မှတ်ပြီး  ဒေသဖွံ့ဖြိုးရေးရံပုံငွေတစ်ရပ် တည်ထောင် သင့်တယ် ဆိုတဲ့အချက်ကို အလေးအနက်ထား အကြံပြုသင့်တယ် လို့ ထင်မြင်မိပါတယ်” ဟု လည်း ကောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

အစီရင်ခံစာတွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက် များ အပိုဒ် ၄၆ တွင်  စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၏ အကူအညီ တောင်းခံချက် အရ ဒေါက်တာတင်မျိုးဝင်းနှင့် Dr Mark Hampson (Australia Embassy Medical Clinic) တို့နှစ်ဦးသည် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ မြင့်သိန်းနှင့် အတူ ကံကုန်း ကျေးရွာရှိ သုခဝေ ဆေးခန်းတွင် အက်ဆစ်ထိ၍ ကျန်းမာရေး ထိခိုက်ကြောင်း သံသယ ရှိသည့် ကလေးငယ်လေးဦး၏ ရော ဂါဝေဒနာအခြေအနေကို ပဏာမ စမ်း သပ်စစ်ဆေးကြည့်ရှုရာ အက်ဆစ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာ များ မဟုတ်ဟု မှတ်ချက်ပြုကြောင်း တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထား ပါသည်။ သို့ရာတွင် စမ်းသပ်စစ်ဆေးပေးသော ဆရာဝန်များသည် လုပ်ငန်းခွင်ကျန်း မာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဟုတ်မဟုတ်ကိုသော်လည်းကောင်း၊ ယင်းတို့၏ ကျွမ်းကျင်မှုဘာသာရပ် များကိုလည်းကောင်း ဖော်ပြထားခြင်း မရှိပေ။ ထို့ပြင် စမ်းသပ်စစ်ဆေးမှုမှာ ပဏာမစမ်းသပ်မှုဖြစ်ကြောင်း ဖော်ပြ ထားသော်လည်း နောင်တွင် ထိုကဲ့သို့ ဆုံးဖြတ်ရခက်သော အခြေအနေမျိုး ပေါ်ပေါက်လျှင် မည်ကဲ့သို့နှင့် မည်သူ က တာဝန်ယူစစ်ဆေး မည်ဆိုသည် ကိုမူ အကြံပြုထားခြင်း မတွေ့ရပေ။

ဆရာဦးဝင်းမျိုးသူကမူ “ဒေသခံ တွေရဲ့ ရောဂါဟာ အက်ဆစ်ဓာတ်ကြောင့်ဖြစ်တာ မဟုတ်ဘူးလို့ ကျန်း မာရေး ကျွမ်းကျင်သူများက ဆို တယ်လို့ အစီရင်ခံထားပါတယ်။ ဒီနေ ရာမှာ ဒီကလေးတွေရဲ့ ရောဂါဟာ အက်ဆစ် ဓာတ်ကြောင့် မဟုတ်ဘူးဆို ရင် အခြား Heavy Metal လို့ခေါ်တဲ့ သတ္တုလေးတွေကြောင့်ဖြစ်နိုင်တဲ့ အခြေ အနေနဲ့ကော သက်ဆိုင်မှု ရှိလား၊ ရှိတယ်ဆိုရင်ကော ဒါက စီမံကိန်း သတ္တုတူးဖော်တာနဲ့ ဆိုင်နိုင်လား၊ ဒါ မှမဟုတ် ဒေသခံတွေ အရပ်နည်းနဲ့ ဒုတ္ထာချက်တဲ့အတွက် ဆက်စပ်တဲ့ ကျန်းမာရေးဆိုးကျိုး ဖြစ်လာနိုင်လား ဆိုတာ ဆန်းစစ်ဖို့ လိုပါမယ်။ ဒီလို ပိုပြီး အသေးစိတ်လေ့လာမှု ရှိမရှိ အစီရင်ခံစာထဲမှာ ဖော်ပြမထားပါဘူး” ဟုလည်းကောင်း၊ “ကော်မရှင်က တာ ဝန်ရှိသူတွေဟာ ပေးထားတဲ့အချိန် ကာလထဲမှာ ကျန်းမာရေး ရှောင်တခင် ဆန်းစစ်ခြင်း ပြုလုပ်နိုင်ပါတယ်။ စီမံ ကိန်းဒေသတွင်းနဲ့ စီမံကိန်းပြင်ပဒေသ မှာ ရှိတဲ့လူတွေရဲ့ ကျန်းမာရေးကို ကျပန်းနမူနာ ကောက်ယူစစ်ဆေးလို့ ရနိုင်ပါတယ်။ ကျေးလက်ကျန်းမာ ရေးဌာနတွေရဲ့ မှတ်တမ်းတွေ ကောက်ယူပြီး နှိုင်းယှဉ်လေ့လာကာ ဖြစ်နိုင်ခြေအကျိုးအကြောင်းတွေ သုံးသပ်နိုင် ပါတယ်”ဟုလည်းကောင်း သုံးသပ်ထားသည်။

ထို့ပြင် အစီရင်ခံစာ ထုတ်ပြန် ခြင်းနှင့် ပတ်သက်သည့် ယင်း၏ သဘောထားကိုလည်း “ဒီလိုကြီးမားတဲ့ စုံစမ်း စစ်ဆေးမှုတွေမှာ အစီရင်ခံစာ အကြမ်းကို Preview လို့ ခေါ်တဲ့ အခြားပြင်ပသင့်တော်တဲ့သူတွေရဲ့ ဝေဖန် သုံးသပ်ချက်တွေကို ရယူပြီးမှ အပြီး သတ် ကောက်ချက်ချ အစီရင်ခံစာ ပြုစုလေ့ရှိကြပါတယ်။ ဒါမှမဟုတ် လည်း  Public Hearing  ပြည်သူ့ကြား နာတာကို ဆောင်ရွက်ပြီးမှ အပြီး သတ် ဆောင်ရွက်လေ့ ရှိပါတယ်” ဟု ဆိုပါသည်။

သပိတ် ရပ်စဲထား

စီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဆားလင်း ကြီး ဒေသတွင်းကျေးရွာအချို့မှ တောင်သူ များသည် ယနေ့ မတ် ၁၆ ရက် ညနေ ၄ နာရီခွဲခန့်က စုဝေးရာ သပိတ်စခန်း ၃ ခုအား မိမိတို့ ဆန္ဒ အလျောက် အခိုက်အတန့်အားဖြင့် ယာယီရုပ်သိမ်းလိုက်ကြောင်း ဆန္ဒ ပြသပိတ်ခေါင်းဆောင် ကိုဟန်ဝင်းအောင်၏ ပြောရေးဆိုခွင့်ရှိသူ တောင်သူတစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

“လုပ်ငန်းတွေကြောင့် ခေတ္တ ရပ်ဆိုင်းလိုက်ပါတယ်။ ကျွန်တော် တို့ရွာသားတွေဆိုတာ တရားဥပဒေ ကို လိုက်နာတယ် ဆိုတဲ့အကြောင်းကို သက်သေပြလိုက် တာပါ၊ တောင်သူ တွေဘက်ကလည်း သဘောတူပါ တယ်” ဟု ယင်းကဆိုသည်။

ယင်းတို့ အနေနှင့် ဆန္ဒဖော်ထုတ်ပွဲများအား ဆက်လက် ကျင်းပပြုလုပ်သွားရန် အစီအစဉ်ရှိသော်လည်း ပြီးခဲ့ သည့် မတ် ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဆားလင်း ကြီးမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၏ ဖယ်ရှားရှင်းလင်း စေခိုင်း မိန့်နှင့်ပတ်သက်ပြီး တရားဥပဒေကို လေးစားလိုက်နာသည့်အနေဖြင့် တုံ ရွာရှေ့သပိတ်စခန်းကိုသာမက လိပ်ခွံ တောင်သပိတ်စခန်းနှင့် အင်ကြင်း တောင် သပိတ်စခန်းတို့ကိုပါ မိမိတို့ ဆန္ဒသဘောထားအရ အခိုက်အတန့် ယာယီရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ကိုလည်း ယင်းက ဆက်လက် ပြောသည်။

သပိတ်မှောက်တောင်သူများအ နေဖြင့် သပိတ်စခန်းအား ရုပ်သိမ်း လိုက်သော်လည်း မိမိတို့မူလ ဆုံးဖြတ် ထားသည့်မူအတိုင်းသာ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် လျော်ကြေးငွေကိစ္စနှင့် ပတ်သက်၍လည်း လက်သင့်ခံစဉ်း စားမည် မဟုတ်ကြောင်းကိုလည်း တောင်သူများကိုယ်စား အတိအလင်း ပြောဆိုပြန်သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း ဝမ်ပေါင်ကုမ္ပဏီနဲ့ စာ ချုပ်သစ်ချုပ်ဆိုခွင့် မရမရချင်း ငွေရေး ကြေးရေးလည်း ယူမှာမဟုတ်ပါဘူး” ဟု ယင်းက ဆိုသည်။

 မတ် ၁၄ ရက် ဆန္ဒဖော်ထုတ်မှု ဖြစ်စဉ်အတွင်း တောင်သူများစုဝေးရာ တုံရွာသပိတ်စခန်းအား ဒေသခံ အာ ဏာပိုင်အဖွဲ့အစည်းအချို့က ဖယ်ရှား ရှင်းလင်းပေးရန် အသိပေး အကြောင်း ကြားခဲ့ရာတွင် ဒေသခံ တောင်သူ များဘက်က အသင့်ထားရှိသည့် သပိတ် စခန်း ၃ ခုစလုံးအား မိမိတို့ဆန္ဒ အလျောက်ယာယီ ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အပြန်အလှန်အား ဖြင့် သက်ဆိုင်ရာကလည်း ဒေသ တွင်း ထုတ်ပြန်ထားခဲ့သော ပုဒ်မ ၁၄၄ ကို ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ပြည်ပသတင်းစာမျက်နှာများ တွင် အစီရင်ခံစာနှင့် ကော်မ ရှင်ဥက္ကဋ္ဌကို ဝေဖန်အစီရင်ခံစာနှင့်  ပတ်သက်  ပြီး ဒေါ်အောင်ဆန်း စုကြည်အား  ဆန္ဒပြကြသည် ဟူသော သတင်းများ အပါအဝင် ဝေဖန်သုံးသပ်ချက် သတင်းများမှာ ပြည်တွင်းပြည်ပ စာမျက် နှာများပေါ်တွင် ပေါ်ထွက်ခဲ့ရာ ကမ္ဘာ့ ခေါင်းဆောင်အချို့ ကိုယ်တိုင် ဝင်ရောက် ရေးသားလေ့ရှိသော  Huffington Post သတင်းစာ မျက်နှာပေါ်တွင် “ကော်မရှင်၏ တွေ့ရှိချက် များကို ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံ မှုက ဖိနှိပ်သူ စစ်အစိုးရဟောင်းကို ဦးဆောင်ဆန့်ကျင်ရာမှ ရရှိခဲ့သော ဆယ်စုနှစ်စုကျော် နက်ရှိုင်း ကျယ်ပြန့် သော ထောက်ခံမှုများကို ပြိုပျက် တိုက်စားသွားစေနိုင်ပါသည်။ ၂ဝ၁၁ ခုနှစ်တွင် အာဏာရယူခဲ့သော ရွေး ကောက်ခံ အမည်ခံ အရပ်သားအစိုးရ နှင့် ပြီးခဲ့သည့်နှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် သူ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ရောက် ယှဉ်ပြိုင်မှုက သူ့ကို ပါလီမန်အမတ် တစ်နေရာ ပေးခဲ့ပါသည်”ဟု ရေးသားထား၏။

“ပါလီမန် စည်းမျဉ်းများအတိုင်း ကစားရန် သူ့ပါတီက သဘောတူခဲ့ သဖြင့် လက်တွေ့တွင် စစ်တပ်ကျော ထောက် နောက်ခံ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှုများကို သူ ထောက်ခံခဲ့ရသည်။ တစ်ချိန်တည်း  တွင် စစ်တပ်အာဏာရှိသည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေက ခွင့်ပြု သမျှထက် အပြောင်းအလဲကို ပိုမို လိုလား သော စစ်ဖက်အုပ်ချုပ်ရေး အမာခံ လှုပ်ရှားတက်ကြသူများ အတွက်မှာလည်း ဒုက္ခခံစားခဲ့ရသည့် ဆန္ဒမဲဝေစု တစ်စုကို ရရာရလမ်းက ရှိနေပါသည်”ဟု လည်း ဆက်လက် ဖော်ပြထားသည်။

တဖန် “ဒေါ်လာ ၉၉၇ သန်းတန် ဤဖက်စပ်လုပ်ငန်းမှာ ၂ဝ၁ဝ ခုနှစ်၊ မေလက လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ပြီး ပါလီမန်၏ စစ်ဆေး အတည်ပြုမှု မရှိသဖြင့် ယခင်စစ်အစိုးရအောက်မှာပင် အဆုံးသတ်ခဲ့ပြီဟု စီမံကိန်း ရပ်စေလိုသူများက ငြင်း ခုံကြပါသည်။ မြန်မာနိုင်ငံရှိ လူအ များက စစ်ဖက်ကို သံသယဖြစ်နေ ဆဲရှိပြီး တရုတ် ကို စစ်ဖက်အုပ်စိုးမှုအား ကူညီထောက်ပံ့ခဲ့သော ရန်လို သွေးစုတ်သည့် ရင်းနှီးမြှုပ်နှံသူအဖြစ် သဘောထား ကြသည်။ စုံစမ်းရေး ကော်မရှင်က ရဲအဖွဲ့ကို မီးခိုးဗုံး များအကြောင်း ကောင်းကောင်း နားမလည် ဟု အပြစ်ရှာ ပြပြီး အဓိကရုဏ်း နှိမ်နင်းရေးသင်တန်းယူရန် ရဲအဖွဲ့ကို ထောက်ခံချက်ပေးခဲ့သော်ငြား တရားဝင် တာဝန်ယူမှု တစ်စုံတစ်ရာ မရှိခြင်းကိုမူ ထောက်ပြရန် ပျက်ကွက်ခဲ့ သည်” ဟုလည်း ထောက်ပြထား ပါသည်။

အဆိုပါဆောင်းပါးအဆုံးသတ် တွင် “ဒေါ်အောင်ဆန်းစုကြည် က ရွာသူရွာသားများနှင့် အမေးအဖြေ လုပ်ပြီး သတ္တုတွင်း ကုမ္ပဏီမှ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ အစီရင်ခံ တွေ့ရှိချက်များကို ကန့်ကွက် ဆန္ဒပြလိုပါက သတ္တုတွင်းကုမ္ပဏီကို မပြဘဲ သူ့အိမ်သို့ လာပြရန် ရွာသား များကို သူက ပြောသည်။ သို့သော် ကြိုတင်ခွင့်ပြုချက် ယူရန်နှင့် မယူ ပါက ရဲကို ခေါ်ရမည်ဟု တရားဥပဒေစိုးမိုးရေးကို အကြောင်းပြ၍ သူက ဆိုပါသည်။

“သူ့ကော်မရှင်သည် ကြေးနီစီမံကိန်းအတွက် ရွေးချယ်စရာ ၃ ချက် ကို စဉ်းစားခဲ့ကြောင်း၊ ဆက်လုပ်ရန်၊ ရပ်ဆိုင်းရန်နှင့် အပြောင်းအလဲတချို့ ဖြင့် ဆက်လုပ်ရန်ဖြစ်ကြောင်း၊ တတိယ နည်းကို ကော်မရှင်က ထောက်ခံခဲ့ ကြောင်း သူက ပြောသည်။

“တကယ်လို့ ကျွန်မတို့က လုံးဝ ရပ်လိုက်ရင် အခုဖြစ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို ကုသဖို့ ဘယ်က ပိုက်ဆံရမှာလဲ။ သတ္တုတွင်းကို ပိတ်လိုက် တာဟာ ဒေသခံတွေ အတွက် အကျိုးမရှိပါဘူး။ တခြား နိုင်ငံတွေနဲ့ လုပ်ထားခဲ့တဲ့ သဘော တူညီချက်ကို ကျွန်မတို့ ချိုးဖျက်ရင် မြန်မာနိုင်ငံဟာ ငွေရေးကြေးရေးအရ မယုံကြည်ထိုက်တဲ့ နိုင်ငံလို့ ကမ္ဘာ့ နိုင်ငံတွေက ထင်သွားမှာပေါ့”ဟု သူ က ဆိုပါသည်။

ရွာသူရွာသား အမြောက်အများ ကမူ ဒေါ်အောင်ဆန်းစုကြည်၏ အနေ အထားကို ငြင်းပယ်ခဲ့ကြပါသည်။ သတ္တုတွင်းကုမ္ပဏီရုံးနှင့် သိပ်မဝေး လှသော အကွာအဝေးရှိ သပိတ်စခန်း တစ်ခုတွင် အသက် ၄၉ နှစ်ရွယ် ဒေါ်ငြိမ်းက သတ္တုတွင်းအတွက် လုယူ သွားခဲ့သော တောင်ကြီးကို ပြန်ရရန် ဆန္ဒပြသူများအနေဖြင့် သေသည့်တိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြော ကြားသည်။ ထိုစီမံကိန်းအတွက် လွန်ခဲ့ သော ၃ နှစ်က သူ့မြေယာ ၄ ဧက ကို အဓမ္မလုယူခံခဲ့ရသည်။

“ကျွန်မတို့လိုချင်တာက စီမံကိန်း လုံးဝရပ်ဆိုင်းရေး” ဟုသူက ပြောသည်။ “ဂျပန်တွေ ဗြိတိသျှတွေ လက်အောက် ကျရောက်ခဲ့ရတဲ့ အချိန်ကတောင် ကျွန်မတို့အတွက် ဒီ တောင်ကြီးတွေကို ကျွန်မတို့ ဘိုးဘေး  တွေက ကာကွယ်နိုင်ခဲ့ကြတယ်။ ကိုယ့်မြေ ကိုယ်အုပ်ချုပ်နေတဲ့အချိန် ကျမှ ဘာဖြစ်လို့ လုံးဝ ဆုံးရှုံးခံရမှာလဲ” ဟု သူက ဆိုပါသည်” ဟု ရေးသား နိဂုံးချုပ်ထားလေသည်။

ထို့ပြင် Asiacorrespondent သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် လည်း ပြည်တွင်းမှ နိုင်ငံရေးလှုပ်ရှား သူများ၏ အသံကို ကိုးကားကာ “ကြေးနီတွင်းပြဿနာ များအတွက် ဒေသခံတို့ကို ဒေါ်အောင်ဆန်းစုကြည် နားချနိုင်မည်လော”ဟု မေးခွန်းထုတ် ထားပါသည်။ ယင်းတွင် “ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ရည်ရွယ်ချက် ကောင်းများ ရှိကောင်းရှိနိုင်မည်ဖြစ် သော်လည်း ကျေးလက်ပြည်သူတို့၏ ခံစားမှုအသံကို နားထောင်ရန် ပျက် ကွက်ခဲ့ကြောင်း၊  ငွေသည် ပြည်သူတို့ စိတ်ကျေနပ်မှုရရှိရန် အခါခပ်သိမ်း မစွမ်းဆောင် နိုင်ကြောင်း ရံဖန်ရံခါတွင် ဇာတိမြို့ရွာအပေါ်ထားရှိသည့် လူတို့၏ ဂုဏ်ယူလိုစိတ်နှင့် မေတ္တာတရား တို့က ငွေကြေးဥစ္စာ အပေါ်သို့ လွှမ်းမိုး တတ်ကြောင်း ” ဖြင့် အသက် ၈၆ နှစ်အရွယ်ရှိ ဝါရင့်သတင်းစာဆရာ ကြီး ဦးဝင်းတင်၏ အေပီ သတင်းဌာနသို့ အပြောများကို ကိုးကားထား သည်။

တစ်ဖန် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၏ အာရ်အက်ဖ်အေရေဒီ ယိုသို့ ပြောကြားချက်များကိုလည်း  “ဒေသခံပြည်သူများ အနေဖြင့် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်နှင့် သဘောထားကွဲလွဲမှု များရှိသည့်တိုင် အမျိုးသားရေး မျှော်မှန်းချက်များကို မျက်ချေမပြတ် သင့် ကြောင်း၊ စီမံကိန်းမှ မည်သည့်အကျိုး ကျေးဇူးအသီးအပွင့်ကိုမျှ မမြင်ရသေး မီ ပြည်သူများအကြား ပဋိပက္ခများ ပေါ်ပေါက်လာမည်ကို စိုးရိမ်တုန်လှုပ်မိကြောင်း၊ လက်ပံတောင်းအကြပ် အတည်းမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ် ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းအား ဖြင့် ပြဿနာဖြေရှင်းနည်းလမ်းများ ကို အလေ့အကျင့် ပြုရန် လိုအပ်နေသော မိမိတို့အနေဖြင့် ထိုစိန်ခေါ်မှုကို တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ရန် အခွင့် အလမ်းကောင်းတစ်ရပ်အဖြစ် အသွင် ပြောင်းလဲပစ်ရေး အတွက် နိုးကြား ဖြတ်လတ်နေရမည် ဖြစ်ကြောင်း၊ သို့ မှသာ ကွဲပြားသောအမြင်များ ရှိလင့် ကစား သဘောတူညီချက်တစ်ရပ် ရရှိမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်အတွက် ကာလကြာရှည်စွာ လက်တွဲ တိုက်ပွဲဝင်လာခဲ့ကြသော ရဲဘော်ရဲဘက် အချင်းချင်း အချင်း များ မနေသင့်ကြောင်း၊ အထူးသဖြင့် ပြည်သူအများစုက ယုံကြည်ကိုးစား လျက်ရှိသော လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး လှုပ် ခတ်မှုများ ခံစားခဲ့ကြရသည့် နိုင်ငံ သားတို့အကြား အချင်းမများသင့် ကြောင်း” ဟု ကောက်နှုတ် ကိုးကား ထားပါသည်။

မြန်မာအင်ဒီပဲန်ဒင့်၏ မေးမြန်း မှုကိုမူ မင်းကိုနိုင်က “ကျွန်တော်တို့မှာ မူရှိပါတယ်။ စီမံကိန်းတိုင်းဟာ ပွင့် လင်း မြင်သာမှု ရှိရမယ်။ လူထုကို သိအောင် အရင် ကြေညာရမယ်။ အကျိုးအမြတ် ခွဲဝေမှုမှာလည်း ပွင့်လင်း မြင်သာရမယ်။ EIA, SIA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှုတွေ၊ လူမှုဘဝအကဲ ဖြတ်မှုတွေ ရှိရမယ်။ အဲဒါတွေက လည်း နိုင်ငံတကာ စံချိန်စံညွှန်းမီတဲ့ အဖွဲ့တွေရဲ့ စနစ်တကျ စစ်ဆေးတွေ့ ရှိချက်တွေ ဖြစ်ရမယ်။ အဲဒါတွေ အား လုံးပေါင်းပြီးတော့ ပွင့်လင်းမြင်သာမှုနဲ့ အများက လက်ခံနိုင်မှသာ ဘယ်စီ မံကိန်းမဆို ဆောင်ရွက်သင့်ပါတယ်” ဟု ဖြေကြားခဲ့သည်။

သို့သော် ဆောင်းပါးတွင် “လျော်ကြေးငွေ ထပ်ဆောင်းပေးအပ်စေပြီး စီမံကိန်းဆက်လက်ဆောင်ရွက်ခွင့် လမ်းဖွင့်ပေးခဲ့သော ကော်မရှင်၏ သဘောထား ရပ်တည်မှုသည် မြေယာသိမ်းယူမှု အများအပြား ပေါ်ပေါက်နေ သော မြန်မာနိုင်ငံတွင် အထူးသတိပြု စရာ သဘောထားတစ်ရပ် ဖြစ်လာခဲ့ သည်။ အဆိုပါကိစ္စရပ်က ဦးသိန်းစိန် အစိုးရသည် ဆင်းရဲသော ကျေးလက်ဒေသ တောင်သူလယ်သမားများအ ရေးထက် သဘာဝ သယံဇာတများ ကို ကာလကြာမြင့်စွာ ကုပ်သွေး စုပ်ယူနေခဲ့သော ခရိုနီတို့ဘက်သို့ မျက် နှာသာ ပေးခဲ့ကြောင်း ဖော်ပြလျက် ရှိသည်။

“စင်စစ်အားဖြင့်မူ လှည့်ကွက် များသော ကြေးနီတွင်းကိစ္စကို စစ် အစိုးရ အဆက်ဆက်က ဖန်တီးလုပ် ဆောင် ခဲ့ကြခြင်း ဖြစ်သည်။ စစ်တပ် အာဏာပိုင်တို့အနေနှင့် ထိုအရေးကို ယင်းတို့ကိုယ်တိုင် ဖြေရှင်းရမည် ဖြစ် သော်လည်း သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အဖွဲ့ဝင် ၃ဝ ပါ စုံစမ်းရေးကော်မရှင် ကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် တွင် ဖွဲ့စည်းပေးကာ ကြေးနီတွင်း စီမံကိန်းဆက်လက်ဆောင်ရွက်ခွင့်ပြု သင့်၊ မပြုသင့် စုံစမ်းအစီရင်ခံစေခဲ့ သည်။ “အချို့သော နိုင်ငံရေးဝေဖန် အကဲခတ်သူများကမူ ဒေါ်အောင်ဆန်းစု ကြည်ကို ဒေသခံပြည်သူများနှင့် ထိပ်တိုက်ဆုံတွေ့စေကာ ကြားညပ်မည့် အနေအထားတစ်ရပ်အတွင်းသို့ တွန်း ပို့လိုက်သော စစ်တပ်ကျောထောက် နောက်ခံပြု အစိုးရ၏ အဘိဇ္ဈာ အားကြီးသော လုပ်ရပ်ကို ရှုတ်ချပြောကြား ကြသည်။ ဤလုပ်ရပ်မှာ နိုင်ငံရေးအရ ထင်ရှားကျော်ကြား လူကြိုက်များလှသော ဒေါ်အောင်ဆန်းစုကြည် ၏ လူကြိုက်များမှုကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖျက်ဆီးနိုင်ရန် အာဏာရပါတီက လျှို့ဝှက်ထိုးနှက်မှု တစ်ရပ်အဖြစ်လည်း ဖြစ်တည်ဟန်ရှိ ပေသည် ”ဟုလည်း သုံးသပ်ဝေဖန် ထားပေသည်။

ကော်မတီ သဘောထား

အစီရင်ခံစာကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ဖော်တင်ပြသည့်နေ့ တွင်ပင် အစီရင်ခံစာအပေါ် အကောင် အထည် ဖော်ဆောင်ရွက်မည့် ကော်မ တီတစ်ရပ်ကို နိုင်ငံတော်သမ္မတက  ဖွဲ့စည်းပေးလိုက်သည်။ ထိုကော်မတီ တွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကာ ဌာန ဆိုင်ရာဝန်ကြီးများနှင့် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်၊ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့မှ တာဝန်ရှိသူများ ပါဝင် ကာ ပြင်ပပညာရှင်အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ အောင်ထွန်းသက်လည်း ပါဝင်သည်။ ကော်မတီအနေဖြင့် တုံ့ပြန်မှု အမျိုးမျိုး ရှိနေသော အစီရင်ခံစာကို အကောင်အထည် ဖော်ရမည်ဖြစ်ရာ မည်သည့်အခက်အခဲများ၊ စိန်ခေါ်မှု များကို ရင်ဆိုင်ရမည်ဟု မျှော်လင့် ထားကြောင်းနှင့် ထိုအခက်အခဲများ ကို မည်ကဲ့သို့ ကျော်လွှားသွားရန် စီစဉ် ဆုံးဖြတ်ထားပါကြောင်း ဒေါက် တာအောင်ထွန်းသက်အား မြန်မာအင် ဒီပဲန်ဒင့်ဂျာနယ်က မေးမြန်းခဲ့သည်။

ထိုအခါ ယင်းက “အစည်းအဝေး ခေါ်တာတွေ ရှိတယ်။ အကြံပြု ချက်တွေ၊ ဆွေးနွေးချက်တွေကို ယူပြီး တာဝန်ရှိသူ တွေနဲ့ ကာလတို၊ ကာလရှည် စီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင် အကောင်အထည်ဖော်စရာ ရှိတာတွေတော့ လုပ်ရမှာပဲ။ နေပြည်တော်မှာ လုပ်တဲ့ အစီရင်ခံစာ အကောင်အထည်ဖော်ရေး အစည်းအဝေး တော့ ဆရာ မတက်ဖြစ်လိုက် ဘူး။ လုပ်ဆောင်စရာရှိတာတွေလည်း စတင်လုပ်ဆောင်နေပြီ။ ပွင့်လင်းမြင် သာမှုရှိရှိနဲ့ လုပ်သင့်တာတွေ လုပ် ဆောင်ပေးသွားမယ်။ အစီရင်ခံစာ အကောင်အထည်ဖော်ရာမှာ ကြုံရမယ့် အခက်အခဲတွေကို အခက်အခဲလို့ မစဉ်းစားဘဲ အခွင့်အရေးလို့ စဉ်းစားပြီး ပြည်သူနဲ့ အစိုးရကြားမှာ နား လည်မှု ဘယ်လို တည်ဆောက်မလဲ ပေါ့။ ဆရာတို့အနေနဲ့ အမြဲတမ်း သူနိုင်-ကိုယ်နိုင် win-win ပဲ သွားချင် တယ်။ အခက်အခဲ ဆိုတာထက် အခွင့်အရေးလို့ စဉ်းစားပါတယ်။ တိုင်း ပြည်နဲ့ ပြည်သူအတွက် အကျိုးရှိပြီး  ပြည်သူနဲ့ အစိုးရကြားနားလည်မှုရှိ အောင် သိမ်မွေ့စွာ ကိုင်တွယ်ဖို့ လို ပါတယ်။ ပြည်တွင်းကရော ပြည်ပက ပါ သင်ခန်းစာတွေကို ယူပြီး ပညာ ရှင်ပီပီ ကောင်းအောင် ကိုင်တွယ်ဖြေ ရှင်းရမယ်။ အစီရင်ခံစာကလည်း ကြည့်တဲ့ သူ မြင်တာပေါ့။ အဓိက က ဖတ်ဖို့ လိုတယ်။ သုံးသပ်ဝေဖန် တာက ဝေဖန်လို့ ရတယ်။ ကောင်း တာ ရှိသလို ဆိုးတာ ရှိတယ်။ ဘယ် လိုဝေဖန်ဝေဖန် အစီရင်ခံစာကတော့  အစီရင်ခံစာပါပဲ။ အရေးကြီးတာ ကျွန်တော်တို့ ဘာတွေ လုပ်လို့ရမ လဲ။ ပြီးခဲ့တဲ့ဟာတွေကို အာရုံမထား ဘဲ ရှေ့ဆက်လုပ်ရမယ့်အရာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ တွေး ရမှာပါ။ ဒေသခံတွေနဲ့လည်း တွေ့ပြီး ဆွေးနွေးမှာပါ။ သူ့ဘက် ကိုယ့်ဘက်ရှိ တော့ နိုင်ငံတော် အတွက်လည်း ဒေသခံတွေက နားလည်ပေးဖို့ လိုပါတယ်။ ကိုယ့်ဘက် တစ်ခုတည်း ကြည့်လို့တော့ မရဘူး။ ကိုယ့်ဘက် ကြည့်သလို သူများဘက်လည်း ကြည့်ပေးတတ်ဖို့ လိုတာပေါ့”ဟု ပြန်လည်ဖြေကြားခဲ့ သည်။

မြေယာလျော်ကြေးနှင့် နောက် ဆုံးအခြေအနေ

သိမ်းဆည်းခံမြေယာများအ တွက် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်နေသော ဝမ်ပေါင်ကုမ္ပဏီက မတ် ၁၆ ရက်မှ စတင်ကာ မြေယာ လျော်ကြေးပေးနေသော်လည်း ဒေသခံ တောင်သူများဘက်က သွားရောက် ထုတ်ယူမှု နည်းနေသေးကြောင်း စီ မံကိန်းဧရိယာအတွင်းရှိ ဒေသခံတစ် ချို့က မြန်မာအင်ဒီပဲန်ဒင့် သို့ ဆက် သွယ်ပြောကြားသည်။

“တောင်သူဦးရေ ၅ဝ လောက် ရှိတဲ့ရွာတွေတောင် ၃/၄ ဦးလောက်ပဲ သွားကြပါတယ်။ ဒါပေမယ့် ဟိုမှာ ပြဿနာ ဖြစ်လို့ ပြန်လာကြတယ်လို့ ပြောပါတယ်။ ဆည်တည်းမှာတော့ ဒီနေ့ လာပြောတယ်လို့ကြားပါတယ်။ တစ်ယောက်မှတော့ လက်မခံကြသေး ပါဘူး။ သူတို့က ဆားလင်းကြီးကို လာထုတ်ဖို့ အကြောင်းကြားတယ်ဗျ။ တစ်ဦးမှမသွားကြပါဘူး။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးကလည်း ဘီဘီစီမှာ ပြောထားတယ်ပေါ့။ လူတွေတော်တော်များများ လာယူ ပါတယ်တဲ့။ တကယ်တမ်း ကျတော့ တိတိကျကျ ဆယ်ယောက်တောင် မပြည့်ပါဘူး”ဟု ဆည်တည်းကျေးရွာ ဟောင်းတောင်သူတစ်ဦးက ပြော သည်။

အဆိုပါ ဆည်တည်း ကျေးရွာဟောင်း အပါအဝင် တုံရွာဒေသခံ တောင်သူများအနေနှင့် ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ရှင်းလင်း ပြောကြားစဉ် ကလည်း အပြင်းအထန် ကန့်ကွက် ဆန္ဒပြခြင်းများဖြင့် တုန့်ပြန်ကြ သူများဖြစ်ပြီး မူလဆုံးဖြတ်ထားသည့် စီမံကိန်း အပြီးသတ်ရပ်ဆိုင်းရေးနှင့် လုပ်ငန်းဖျက်သိမ်းရေးကိုသာ အဓိက တိုက်ပွဲဝင်သွားမည်ဟု ကြေးကြော် ထားကြသူများ ဖြစ်သည်။

မြေယာလျော်ကြေးငွေ လာရောက် ထုတ်ယူမှု နည်းပါးသည့် အကြောင်းအရာများအနက် အထူးသဖြင့် စီမံကိန်းနှင့် စပ်လျဉ်းသည့် ကော်မရှင် အစီရင်ခံစာပါ အချက်အလက်များ အား ဖတ်ရှုခြင်း၊ ဖတ်ရှုပြီးနောက် နားလည်မှု နည်းပါးနေခြင်းတို့ကြောင့် ယခုကဲ့သို့ လျော်ကြေးငွေပေးအပ် သည်ကို လက်သင့်ခံမှု မရှိသေးခြင်း ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။

ယင်းတို့ ဒေသခံ တောင်သူ အများစုအနေနှင့် ဒေသတွင်း လက် ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်း မည်သို့မည်ပုံ ဆုံး ဖြတ်ရမည်ကို မဝံ့မရဲ ဖြစ်နေသေး သည့်အတွက် မြေယာလျော်ကြေး သွားရောက်ထုတ်ယူရန် ငြင်းဆန် နေခြင်းဖြစ်ကြောင်း ကျော်ရွာဒေသ ခံတစ်ဦးက “မြို့နယ်မြေစာရင်းရုံးမှာ လာထုတ်နိုင်တယ်လို့ ပြောတယ်။ရွာမှာ အများစုက စာချုပ်တွေနဲ့ ပတ် သက်ပြီး သိပ်နားလည်သေးတာ မဟုတ်ဘူး။ နောက်ပြီးတော့ အများစု ဘာလုပ်သလဲ စောင့်ကြည့်ချင်သေးတယ်။ ဒါ့ကြောင့် သွားမထုတ်ကြ သေးတာ”ဟု ဆိုသည်။

လျော်ကြေးငွေ ထုတ်ယူလိုခြင်း မရှိကြသူများထဲတွင် ပေးအပ်သည့် လျော်ကြေးငွေနှင့် ကာလပေါက်ဈေး ကွာဟချက်နှင့် အထူးသဖြင့် လယ် ယာ မြေအပြီးအပိုင် စွန့်လွှတ်ကြောင်း စာချုပ်၌ လက်မှတ်ရေးထိုးပေးရခြင်း ကိုလည်း အချို့သောဒေသခံများ ဘက်က ကျေနပ်မှုမရှိကြောင်း သိရ ပြန်သည်။

“ဟိုတုန်းကပေးထားတဲ့ သီး နှံလျော်ကြေးငွေတွေ ပြန်နှုတ်တာမျိုး တော့ မလုပ်ကြပါဘူး” ဟု အစချီပြီး လက်ရှိပြင်ပ ပေါက်ဈေးနှင့် စပ်လျဉ်းသည့် မြန်မာအင်ဒီပဲန်ဒင့် ၏ မေးခွန်းကို လျော်ကြေးငွေ ထုတ်ခဲ့သည့် ကံတော ရွာသစ်တောင်သူတစ်ဦးက “ပြင်ပ ပေါက်ဈေးထက်တော့ နည်းတာပေါ့ဗျာ” ဟု တယ်လီဖုန်း ကတစ်ဆင့်  ပြန်လည်ဖြေကြား သည်။

အချို့သော တောင်သူများသည် အမှန်တကယ် လယ်ယာပိုင်ဆိုင်သူ များဖြစ်ကြသော်လည်း အကြောင်းအ မျိုးမျိုးကြောင့် ပိုင်ဆိုင်မှုအထောက် အထား ပျောက် ပျက်နေခြင်းများ ရှိ နေကြသဖြင့် လျော်ကြေးငွေ ထုတ်ယူ လိုသော်လည်း အခက်အခဲများ ရှိနေ ကြောင်းနှင့် ကော်မရှင်အစီရင်ခံစာပါ ပိုင်ဆိုင်မှု အထောက်အထား ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း ပြန် လည်မေးခွန်းထုတ်ကြသည်။

နောက်ဆုံးရရှိသည့် သတင်းအ ရ စီမံကိန်းကြောင့် ပျက်စီးခဲ့ရသည့် မြေယာများနှင့် သိမ်းဆည်းခံမြေယာ များအတွက် ကုမ္ပဏီဘက်က သတ် မှတ် လျော်ကြေးမှာ တစ်ဧကလျှင် ၁ဝ သိန်းကျပ်မှ ၁၅ သိန်းကျပ်အထိ အစားစား ရှိကြောင်းနှင့် လက်ရှိအ ချိန်အထိ တောင်သူ ၅၂ ဦးအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း နှစ် ထောင်ကျော် ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း ရှိ လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းကြောင့် ဆုံးရှုံးခဲ့ရသည့် လယ်မြေ ဧက ၆၇၈၄ ဧကအတွက် ဝမ်ပေါင် ကုမ္ပဏီက ပေးအပ်သွားမည့် လျော်ကြေးငွေစုစုပေါင်းမှာ ငွေကျပ် သန်းပေါင်း လေးထောင့်ခြောက်ရာ ကျော်ရှိမည်ဖြစ်ကြောင်းနှင့် အသစ် ထပ်မံဖော် ထုတ်ပေးမည့် စိုက်ပျိုး မြေဧက ၁၉ဝဝ ကျော်ကိုလည်း တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ညှိနှိုင်းပြီး ပြန်လည် ဖော်ထုတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာအင်ဒီပဲန်ဒင့်သတင်းအဖွဲ့

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*