ဒါဏ်ရာရရှိခဲ့သည့် သံဃာတစ်ပါး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံများ၏ လူနေမှုဘ၀ထိခိုက်ခြင်းနှင့် အခြားသော အကျိုးဆက် များ ဖြစ်ပေါ်လာသောကြောင့် စီမံကိန်းရပ်ဆိုင်းလို သည့် ဒေသခံများသည် ကာလအတန်အကြာ ကန့်ကွက် ခဲ့ကြသည်။ စီမံကိန်းရပ်ဆိုင်ရေး အထိုင်သပိတ်စခန်းများကို သံဃာတော်များနှင့် လူထုကိုယ်တိုင် ပါဝင်ဖွင့်လှစ်ခဲ့ ကြသည်။ သို့ရာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ နိုဝင်ဘာ ၂၈ ရက် ည ၁၂ နာရီ နောက်ဆုံးထား၍ လူစုခွဲပေးရန် သို့မဟုတ်ပါက တည်ဆဲ ဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လည်း နိုဝင်ဘာ ၂၉ ရက်တွင် ထိုဒေသအရောက် လာမည်ဖြစ်ပြီး ဒေသခံတို့အား တွေ့ဆုံအားပေးမည်ဟု ကြေညာခဲ့သည်။ သို့ဖြစ်ရာ လက်ပံတောင်းတောင်   ကြေးနီ စီမံကိန်းမှ သပိတ်စခန်းခြောက်ခုအား နိုဝင်ဘာလ၂၉ ရက်နေ့  နံနက် ၃နာရီအချိန်မှ စတင်၍  လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များအသုံးပြု၍ အင်အားသုံးပြီး ဖြိုခွင်းခဲ့သည်။ ယင်းသို့ သပိတ် စခန်းခြောက်ခုအား သက်ဆိုင်ရာအာဏာပိုင်အချို့တို့က အင်းအားသုံးဖြိုခွင်းရာတွင် သပိတ်စခန်း တည်ရှိရာနေရာများ သို့  မီးလောင်စေသော ဓါတုလက်နက်တစ်မျိုးဖြင့် အင်အား သုံးနှိမ်နင်းခဲ့ခြင်းနှင့် ပတ်သက်၍ မုံရွာမြို့သို့ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အပြင်းအထန် ရှုတ်ချကြောင်း ပြောကြားလိုက် သည်။

ဆေးကုသခံယူနေသည့် သံဃာများကို ဒေါ်အောင်ဆန်းစုကြည်က ကြည့်ရှုစဉ်

နောက်ဆုံးရရှိသောသတင်းများအရ အရေးပေါ်ဆေးဝါးကုသမှုခံယူနေကြရသည့် သံဃာတော် ၂၇ ပါးရှိပြီဖြစ်ကြောင်းနှင့် တစ်ချို့လည်း ဖမ်းဆီးချုပ်နှောင်ခြင်းခံနေကြ ရကြောင်းသိရသည်။ ဒဏ်ရာရသံဃာတော်များရှိရာ မုံရွာမြို့ ပြည်သူ့ဆေး ရုံကြီးသို့ ယမန်နေ့ နိုဝင်ဘာ ၂၉ ရက် ည ၈း၂၀ မိနစ်တွင်သွားရောက်ခဲ့ပြီး အရေးပေါ်ဆေးဝါး ကုသမှု ခံယူနေကြသူများအား အားပေးနှစ်သိမ့် ဂါရ၀ပြုခဲ့သည်။

မုံရွာကြေးနီစီမံကိန်းသည် တရုတ်မြန်မာနှစ်နိုင်ငံ ကုမ္ပဏီများအချင်းချင်းအကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ စီမံကိန်းနှင့် ပတ်သက်သော ရွှေ့ပြောင်းမှုလျော်ကြေးငွေ၊ ပတ်ဝန်းကျင်ကာကွယ်ရေး နှင့် အကျိုးဝင်ငွေ ခွဲခြားရေးများကို နှစ်ဦးနှစ်ဘက် ဆွေးနွေးပြီး သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသက်ဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီပါကြောင်း၊ မြန်မာနိုင်ငံ၏ ဥပဒေများကို လေးစားမှုအခြေခံ၍ စီမံကိန်းအဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ရန် အကျိုးရှိသော အခြေအနေတည်ဆောက်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြမှုနှင့်စပ်လျဉ်း၍ ယမန်နေ့တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ခဲ့သည်။ ထို့နောက် ယင်းထုတ်ပြန်ချက်ကို ပယ်ဖျက်ကြောင်း နာရီပိုင်းအတွင်း သတင်းထုတ် ပြန်ခဲ့သည်။ မူလ ထုတ်ပြန်ချက် တွင် အချက်(၆)ချက်ပါဝင်ခဲ့သည်။ ဖော်ပြပါ ထုတ်ပြန်ချက်ကို မည်သည့် အတွက် ကြောင့် ပယ်ဖျက်ခဲ့ကြောင်း တစ်စုံတရာမသိရှိရသကဲ့သို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် သတင်း ထုတ်ပြန်ချက် တစ်စုံတရာ ကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများကို နိုဝင်ဘာ ၂၉ ရက်အစောပိုင်းက အင်အားသုံးနှိမ်နင်းမှု များကို ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် ဆန္ဒဖော်ထုတ်မှုတစ်ခုကို မန္တလေးမြို့ အိမ်တော်ရာဘုရားရှိ ၁၄ ခန်းဇရပ်ရှေ့တွင် သံဃာတော်များက ပြုလုပ်ခဲ့ကြောင်း၊ ယင်းဆန္ဒဖော်ထုတ်မှုကို နိုဝင်ဘာ ၃၀ ရက် တစ်နာရီမှ ညနေ သုံး နာရီအထိ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေကြောင်း မန္တလေးသတင်းရပ်ကွက်မှ သိရသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ၀င်းယူနတီဟိုတယ်တွင် သတင်းမီဒီယာများနှင့် နိုဝင်ဘာ ၃၀ ရက် တစ်နာရီဝန်းကျင်တွင် တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် ကော်မရှင်တစ်ခုကို ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ရွာခံများပါဝင်မည်ဖြစ်ကြောင်း၊ ကော်မရှင်မှ စုံစမ်းဆောင်ရွက်နေစဉ်တွင် ယင်းစီမံကိန်း သည် ဆက်လက် လည်ပတ်နေမည်ဖြစ်ကြောင်းနှင့် ထိုသို့လည်ပတ်နေမှသာလျှင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်ဟု သိရသည်။

သပိတ်စခန်းကို ရှင်းလင်းရာတွင် ထိခိုက်ဒဏ်ရာရရှိသူများကို သီတဂူဆရာတော်ကြီး အရှင် ဥာဏိသာရနှင့် ဒေါ်အောင် ဆန်းစုကြည် တို့မှာ သွားရောက်ကြည့်ရှု ခဲ့ကြောင်းနှင့်  အခင်းဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် သံဃာများကို ၀န်ချတောင်းပန်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု သိရသည်။ အဆိုပါ နေရာများသို့ နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌ ဦးကျော်သူလည်း ယနေ့နေ့လည်ပိုင်းက လာရောက်ကြည့်ရှု၍ ဆေးဝါးများနှင့် လိုအပ်သည်မျာကို ကူညီခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဖြိုခွင်းရာမှ ရရှိသည့် သက်သေခံပစ္စည်း

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ သပိတ်စခန်းဖြိုခွင်းရာတွင် မီးလောင်စေသော ဓာတုလက်နက် တစ်မျိုးဖြင့် အသုံးပြုခဲ့ ခြင်းနှင့် ပတ်သက်၍ လူထုခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်က အပြင်းအထန် ရှုတ်ချ လိုက်ကြောင်း နိုဝင်ဘာ ၃၀ ရက်က မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းနံဘေး သဲသောင်ပြင် တွင်ပြုလုပ်သည့် လူထုဟောပြောပွဲ ၌ ပြောကြားလိုက်သည်။ အပေးအယူလုပ်တဲ့နည်းသာလျှင် ယဉ်ကျေးတဲ့နည်းနဲ့ ဖြေရှင်းခြင်းဖြစ် ပါတယ်။ ကိုယ်နဲ့မတည့်တဲ့လူကို မီးပုံးနဲ့ပစ်တာ သေနတ်နဲ့ ပစ်တာမျိုးတော့ မလုပ်သင့်ပါဘူး ဟုယင်းကဆိုသည်။

သပိတ်စခန်းအတွင်းရှိသံဃာတော်များ အကြမ်းဖက်နှိမ်နှင်းခံရခြင်းနှင့် ပတ်သက်ရွေ့ ယင်းကဆက်လက်ပြောရာတွင် မနေ့မနက်က သံဃာတော်တွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နှင်းတယ်လို့ သိရပါတယ်။ ကျွန်မ သက်ဆိုင်ရာနဲ့တွေ့ပါတယ် ဘာကြောင့် ဒီလောက် ကြမ်းကြမ်း တမ်းတမ်း ဖြေရှင်းရတာလဲလို့ ပြည်သူအနေ နဲ့ မေးပိုင်ခွင့် ရှိပါတယ်။ ဒီလောက် ကြမ်းကြမ်းတမ်း တမ်းဖြေရှင်းဖို့ လုံးဝ မလိုအပ်ပါဘူး ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။ အာဏာပိုင် အချို့တို့၏ အကြမ်း ဖက်နှိမ်နှင်းဖြိုခွင်းခြင်းကြောင့် ပေါက်ကွဲစ ထိမှန်သူများနှင့် မီးလောင်ဒဏ်ရာ ရသူများရှိခဲ့ရာ အများစုမှာ သံဃာတော်များဖြစ်ကြသည်။ အဆိုပါ သံဃာတော်များအနက် ဒဏ်ရာပြင်းထန်သူများအား မန္တလေးမြို့အရေးပေါ် ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့ပြီး တစ်ချို့မှာ မုံရွာပြည်သူ့ဆေးရုံကြီးတွင်ပင် ဆက်လက်ကုသမှုခံယူနေကြရသည်။

လူထုခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်သည်နိုဝင်ဘာ ၃၀ ရက် နေ့တွင်  မုံရွာမြို့ ဒေသခံပြည်သူလူထုနှင့် ချင်းတွင်းမြစ်ကမ်း နံဘေးရှိ သဲသောင်ပြင်ပေါ်တွင် လူထုဟောပြောပွဲကြီးကို လူထုဆွေးနွေးပွဲ အသွင်သဏ္ဍန်ဖြင့် ပြု လုပ်၍ ဒေသခံပြည် သူများနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲ၌ အထူးသဖြင့် သံဃာတော်များ အကြမ်း ဖက်နှိမ်နှင်း ခံရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အာဏာပိုင် များနှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။ လူုထုတွေ့ ဆုံဆွေးနွေးပွဲ အပြီးတွင် ဒေါ်အောင် ဆန်းစုကြည်သည် ခေတ္တတည်းခိုနေထိုင်သော ၀င်းယူနတီ ဟိုတယ်၌ တိုင်းဒေသကြီးရဲချုပ်နှင့် တစ်ကွ ၀မ်ပေါင် ကုမ္ပဏီမှတာဝန်ရှိသူများ နှင့် မီဒီယာပါဝင်မှုမရှိဘဲ သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ဒေသခံလူထုနှင့်ပါ အဆိုပါဟိုတယ်တွင် ထပ်မံတွေ့ဆုံ၍ ရှေ့ဆက်သွားမည့် အခန်း ကဏ္ဍများ အား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဒေါ်အောင်ဆန်း စုကြည်နှင့်အဖွဲ့သည် မွန်းလွဲ သုံးနာရီ ၁၅မိနစ်တွင် မုံရွာမြို့မှပြန်လည် ထွက်ခွာခဲ့သည်။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်

ယနေ့ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် သံဃာတော်အပါး ၅၀ ကျော်မှ လာရောက် ဆန္ဒဖော်ထုတ် ခဲ့ကြပြီး တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုကြသည်။ ယင်းတောင်းဆိုချက်များမှာ ၁။ ပစ်ခပ်မှုများ၊ ဖြိုခွင်းမှုများ ချက်ခြင်းရပ်ပေးရန် ၂။ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းတွင် အကြမ်းဖက် မီးလောင်ဗုံး များဖြင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအား တိုက်ခိုက်ခဲ့သော အဖွဲ့အစည်း ပုဂ္ဂိုလ်များအား အမြန်ဆုံးဖော်ထုတ်ပြီး တရားဥပဒေအရ အမြန်ဆုံး အရေးယူပေးရန် ၃။ မီးလောင်ဗုံး ထိမှန်သော ရဟန်း သံဃာတော်များနှင့် ပြည်သူလူထုအား ကျန်းမာရေး အတွက် အန္တရာယ် ကင်းရှင်းစွာ တာဝန်ရှိ အစိုးရမှ ဆေးကုသပေးရမည် ၄။ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ရပ်တန့်ရန်အတွက် ၂၆.၁၀.၂၀၁၂နေ့ ဆူးလေဘုရား အနီးတွင်ဆန္ဒ ထုတ်ဖော်သွား သူများဖြစ်သည့် ကိုရဲလင်း၊ကိုညီညီ၊ ကိုမျိုးချစ်၊ကိုဝေဋ္ဌု ၊ဒေါ်နော်အုံးလှ ၊ဒေါ်ရှမ်းမတို့အား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၅။ သက်ဆိုင်ရာလုပ်ငန်း များ မြန်မာပြည်မှ အမြန်ဆုံး ထွက်သွားရန် စသည့်အချက်များကို သက်ဆိုင်ရာနှင့် သမ္မတဦးသိန်စိန် အစိုးရမှ တာဝန်ယူ၍ ဖြေရှင်းပေးရမည်၊ တို့ဖြစ်သည်။ ထို့နောက် စီးပွားရေး ဦးပိုင်လိမိတက် အရှေ့သို့လည်း သွားရောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၃၀ ည ၁၁ နာရီအချိန်တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင် ၂၀ ဦးကလည်း ယင်းဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း ဆက်လက် သိရပါသည်။

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*