ပြည်တွင်းသတင်း — ရန်ကုန်မြို့၊ မေ ၂၃၊ ၂ဝ၁၂

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ရွှေနံသာ​ ကျေးရွာမှ တောင်သူ လယ်သမားများသည် ၎င်းတို့နှင့် အသိမ်းခံကြရသော​    တောင်သူ လယ်သမားများ လယ်လုပ်ခွင့်ရရှိ​ရေးအတွက် ကြိုးစားကြရာတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု ​​ တစ်ရပ်ကိုလည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ နှင့်အတူ မေလ ၂၃ ည ၇း၃ဝ ခန့်တွင်​​    ပြုလုပ်ခဲ့ကြသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၏ ဆန္ဒခံယူပွဲတွင် တွေ့ရသည့် တောင်သူလယ်သမားများ

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၏ ဆန္ဒခံယူပွဲတွင် တွေ့ရသည့် တောင်သူလယ်သမားများ

တောင်သူလယ်သမား အယောက် ၂ဝ ကျော်သည် စပါးနှံများကိုင်ဆောင်၍ ကားနှစ်စီး Light Truck ဖြင့်​​    ရွှေနံ့သာကျေးရွာမှ ရန်ကုန်မြို့၊ မြို့တော်ခန်းမအထိ ဆန္ဒဖော်ထုတ်ရန်အတွက် ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ ဖော်ဆောင်ရာတွင် ဌာနဆိုင်ရာတစ်ခုမှ လူ ၅ ဦးထက် ပိုမစုရန် ကြေညာချက်တစ်စောင် ပေးပို့ထား​သောကြောင့် လယ်သမားများသည် ကားပေါ်မှပင် မဆင်းကြောင်း ဦးနေမျိုးဝေက ၎င်းစာနှင့်တကွ မီဒီယာများထံ ပြောသည်။

လယ်သူမတစ်ဦးဖြစ်သူကလည်း ““ကျွန်မတို့က စပါးနှံတွေနဲ့ ဆူးလေဘုရားပေါ်တက်ပြီး ပူဇော် ဆုတောင်းချင်တာ ခွင့်မပေးဘူး””ဟု ပြောသည်။

အဆိုပါ ရွှေနံ့သာလယ်သမားများသည် စက်မှုလယ်ယာ ဖော်ဆောင်ရန်အတွက် ၁၇.၅.၂ဝ၁၂ ရက်နေ့တွင် ““ရွှေဝါ စုပေါင်းညီညာ ကုမ္ပဏီလီမိတက်””အမည်ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရုံး အမှတ် ၃၂ ၊ နေပြည်တော်တွင် စတင်လျှောက်ထားပြီး ဖြစ်သည်ဟု ​​   လည်းကောင်း၊ ကုမ္ပဏီ မတည်ငွေသည် သိန်းရှစ်ရာကျော်ရှိနေပြီ ဟုလည်း မေလ ၂၂ ရက်နေ့​​ တော်ဝင်နှင်းဆီတွင်​​    ပြုလုပ်သော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ ဆန္ဒခံယူပွဲတွင်​​ ​တောင်သူလယ်သမားများက​​   ​ပြောသည်။

ထိုသို့ လယ်သမား ၈၅ ဦး သီးစားလျှောက်ထားသော ရက်စွဲမှာ ဧပြီလ ၄ ရက်နေ့ဖြစ်သည်။ ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်​ဇော်မှလည်း ၎င်းလ ၂၅ ရက်နေ့ တွင် သီးစားလုပ်ကိုင်ရန် လျှောက်ထားသည်ဟု လယ်သမားများမှ​​   နိုင်ငံတော်သမ္မတကြီး နှင့် ဌာနဆိုင်ရာများသို့ သီးစားလုပ်ကိုင်ခွင့် အမြန်ချထားပေးရန် တင်ပြသောစာတွင် ပါရှိသည်။

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှ တောင်သူလယ်သမား ၇၁ ဦးသည် နိုင်ငံတော်အစိုးရထံမှ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေနှင့်အညီ သီးစားခံစားခွင့် အမည်ပေါက်သူများဖြစ်သည်။ လယ်မြေဧက စုစုပေါင်း ရှစ်ရာကျော်ရှိပြီး ကွင်းအမှတ် ၅၃၁/၅၃၃ ပေါင်းကူ ရွှေနံ့သာ- ဗားလားကွင်းဖြစ်သည်။

ထိုလယ်မြေမှ လယ်သမားများသည် မိုးရာသီ ကျရောက်လာပြီဖြစ်သောကြောင့် လယ်လုပ်ခွင့် အမြန်ချထားပေးရန် ပီဒီပီပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးနေမျိုးဝေနှင့် အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်ဟု ၎င်းဆန္ဒ ထုတ်ဖော်စဉ် တောင်သူလယ်သမားများက ပြောသွားခြင်း ဖြစ်သည်။

ဝ၁၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*