ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၇

လားရှိုးမြို့နယ်မှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅,၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို ဖေဖော်ဝါရီ ၁၉ ရက်က မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လားရှိုး-မူဆယ် သွား ကားလမ်း၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အဝင်မှာ မူဆယ်ဘက်မှ ယာဉ်မောင်း ကျင်ထုံ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာက အခုလို ဖမ်းဆီး ရမိခဲ့တာပါ။ မူးယစ် ဆေးဝါးတွေကို ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိ ခရီးဆောင်အိတ် အတွင်းမှ ကပ်ခွာ အိတ်တွေနဲ့ ထည့်တဲ့ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅,၀၀၀ ပြား သိမ်းဆည်း ရမိလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*