မုဒိမ်းမှုများတွင် သားကောင်ဖြစ်ခံရသည့် အသက်အရွယ် အမျိုးမျိုးသော အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု မကြုံတွေ့လျှင်ပင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အမျိုးမျိုးကို ပြင်းပြင်းထန်ထန် ခံစားရလေ့ရှိသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ တစ်ရက်လျှင် မုဒိမ်းမှု ၂ မှုကျနှုန်း ဖြစ်ပွားလျက်ရှိရာ အဆိုပါမုဒိမ်းမှု၏ သားကောင်များ ဖြစ်ရရှာသူများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကုသပေးမှုများတွင် အားနည်းချက်၊ လစ်ဟာချက်များ၊ မလုံလောက်မှုများကို မြင်တွေ့နေရသည့် အခြေအနေနှင့် ပါတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် အချို့၏ သဘောထား အမြင်များကို စုစည်းတင်ပြလိုက်ပါသည်။

ဒေါ်သဲစု​ဝေ (မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်)
▬▬▬▬▬▬▬▬
ပြောမယ်​ဆိုရင်​ အစ်​မတို့နိုင်​ငံက တခြားနိုင်​ငံ​တွေနဲ့ အမြင်​မတူတာ​တွေ ရှိတယ်​။ အဓိကက ယဉ်​​ကျေးမှု​ပေါ့။ ဗုဒ္ဓဘာသာ နိုင်​ငံဖြစ်​ပေမယ့် ယဉ်​​ကျေးမှု အပိုင်းမှာ အယူသီးတာတွေ ရှိကြတယ်​။ ဒါပေမယ့် ခေတ်​ကာလအရ ဒီသားကောင်ဖြစ်​ခံရတဲ့ အမျိုးသမီး​လေး​တွေကို ခွဲခြားဆက်​ဆံတာ မကြိုက်​ဘူး။ တတ်​နိုင်​သ​လောက်​​ ဖေးမကူညီပြီး လက်​တွဲ​ခေါ်တာမျိုး အဲ့ဒါမျိုး​တွေ​ ဖြစ်​​စေချင်​တယ်​။ ဒီကိစ္စ​တွေက ဘယ်သူမှ ဖြစ်ချင်လို့ ဖြစ်လာရတာ မဟုတ်ဘူး။ မဖြစ်​ချင်​ဘဲ ဖြစ်​သွားရတာ ကံကြမ္မာ​ကြောင့်​ပဲ​ ပြောရမလား။ ပစ်​မှတ်​ သား​ကောင်​​တွေ ဖြစ်​သွားတဲ့ အ​နေအထားမှာ ဖြစ်​သွားခဲ့ရတာ​တွေ​လေ။ ဝိုင်းဝန်း ကူညီ​ဖေးမပြီး​တော့ ​ရှေ့ဆက်​မယ့်​ ဘဝမှာ လက်​တွဲ​ခေါ်ယူရမယ်​။ မဟုတ်​ရင်​ စိတ်​ဓာတ်​ကျသွားမှာ​လေ စိတ်​ဓာတ်​ကျသွားရင်​ အသက်​ဆုံးရှုံးမယ့်​ အ​နေအထား​တွေ စိုးရိမ်​ရတယ်​။

လက်​ရှိ မြန်​မာနိုင်​ငံရဲ့ အ​နေအထားအရ ​ဆေးကုသမှု ခံယူတဲ့ အချိန်​မှာ သီးသန့်​ ထား​ပေးသင့်​တယ်​လို့ ထင်​တယ်​၊ သနားဂရုဏာထားပြီး ဝိုင်းဝန်း ​စောင့်​​ရှောက်​မယ့် သူလည်း ရှိ​ကောင်းရှိနိုင်​ပါတယ်​၊ ပြစ်​တင်​​ဝေဖန်​တဲ့ ပုဂ္ဂိုလ်​​တွေ ရှိလာမယ်​ဆိုရင်​ ဒီက​လေး​တွေ အတွက်​​ရော မိသားစု အသိုင်းအဝိုင်း အတွက်​​ရော မျက်​နှာငယ်​စရာ မျက်​နှာပူစရာ ဖြစ်​သွားမှာကို​တော့ စိုးရိမ်​တယ်​၊ လက်​ရှိ အ​နေအထားအရ သီးသန့်​ ထား​ပေးသင့်​တယ်​လို့ ထင်​တယ်​။၊

က​လေး​တွေကို လက်​ရှိ​ဆေးပညာ ဆိုင်​ရာမှာ နိုင်​ငံ​တော်​ အစိုးရက အခမဲ့ ကုသခွင့်​ အခွင့်​အ​ရေးကို ​ပေး​စေချင်​တယ်​။ ဖြစ်​ခါစ ကာလအတွင်းမှာ တတ်​နိုင်​သမျှ ကူညီ​စောင့်​​ရှောက်​ ​ပေး​စေချင်​တယ်​။ NGO ​တွေက ဘဲဖြစ်​ဖြစ်​ ဌာနပိုင်းဆိုင်​ရာကဘဲ ဖြစ်​ဖြစ်​ကူညီ​စောင့်​​ရှောက်​ ​ပေး​စေချင်​တယ်။ ​သူတို့က ဘဝတစ်​ခုလုံးကို ရင်းလိုက်​ရတဲ့ အ​နေအထားတစ်​ခုမှာ​တော့ ဘာမှ လုပ်​ကိုင်​နိုင်​မှာ​တော့ မဟုတ်​ဖူး၊ စိတ်​ဓာတ်​ကျ​နေမှာဘဲ သူတို့ကို သင်​တန်း​တွေ ​ပေးပြီး​တော့ လူ့ဘဝမှာ ​ကောင်း​ကောင်းမွန်​မွန်​ ​ကျော်​ဖြတ်​နိုင်​ဖို့ကို လုပ်​​ပေးရင်​ ​ကောင်းမယ်​လို့ ထင်​တယ်​။

ဒေါ်​စောစံညိမ်းသူ (မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်)
▬▬▬▬▬▬▬▬▬▬▬▬▬
ကျွန်​မတို့က ​​တောက်​​လျှောက်​က​တော့ အကြမ်းဖက်​ခံရတဲ့ အမျိုးသမီး​တွေ အတွက် ​​ရေရှည်​ဘဝ ရပ်​တည်​​ရေးအတွက် ​ပံ့ပိုးဖို့ လိုအပ်​တယ်​ ဆိုတာကို ​ပြော​နေတာ​တော့ ရှိတယ်။ ​ဒါ​ပေမယ့်​ လုံးဝ ထိထိ​ရောက်​​ရောက်​ ​ရေရှည်​အတွက် ပံ့ပိုးဖို့မ​ပြောနဲ့ ဥပ​ဒေ​ကြောင်းအရ အ​ရေးယူ ​ဆောင်​ရွက်​ဖို့​တောင် ​အားနည်း​နေတဲ့ အပိုင်း​တွေ ​တွေ့​နေရ​တော့ ဆက်​လက်​ပြီး​တော့ တိုက်​တွန်း နှိုး​ဆော်​တဲ့ လူ​တွေကလည်း ​တောက်​​လျှောက်​ ဆက်​လက်​ပြီး ​ဖော်​ထုတ်​​နေရမယ့်​ သ​ဘောရှိတယ်​။

နောက်​တခုက​တော့ တရားဝင်​ အ​နေနဲ့ ဥပ​ဒေတစ်​ရပ်​ အ​နေနဲ့ ရှိလာဖို့လည်း အ​ရေးကြီးတယ်​။ အဲ့ဒါ​တွေကို ထိထိ​ရောက်​​ရောက်​ ကာကွယ်​ ​စောင့်​​ရှောက်​မှုပိုင်း ဆိုင်​ရာ လုပ်​ငန်း​တွေ ပေါ်လာနိုင်​ဖို့ဆိုရင် ​​ပါလီမန်​ထဲမှာလည်း ​သေ​သေချာချာ ​ဆွေး​နွေးတင်​ပြပြီး​ ဆုံးဖြတ်​ချက်​ ချနိုင်​တဲ့ အ​နေအထားမျိုး​တွေကို လုပ်​​ဆောင်​ဖို့ ဆုံးဖြတ်​ချက်​​တွေကို လုပ်​​ဆောင်​ရမယ်​လို့ မြင်​တယ်​၊ ဒါမှလည်း တင်​ပြပြီး​တော့ ဆုံးဖြတ်​ချက်​ ဦးတည်​ချက်​ ထွက်​လာပြီး​တော့ ဒါ​တွေကို သက်​ဆိုင်​ရာက လုပ်​နိုင်​စွမ်း ရှိမရှိ ​စောင့်​ကြည့်​ပြီး​တော့ ထိ​ရောက်​​အောင်​ လုပ်​နိုင်​ဖို့အတွက် ​ဝိုင်းဝန်းပြီး တိုက်​တွန်း နှိုး​ဆော်​တာ ​ဖော်​ထုတ်​တာ​တွေ လုပ်​​နေရပါမယ်။ ​အဲ့ဒီလို မလုပ်​နိုင်​ဘူးဆိုရင်​ ဆက်​လက်​ပြီး ဒီတိုင်းဘဲရှိ​နေမှာပဲ။

အဲ့ဒါ​ကြောင့်​မို့ အခုဆိုရင် ​လက်​​တွေ့ လုပ်​​ဆောင်​နေတဲ့ ကျွန်​မတို့လို အမျိုးသမီး အဖွဲ့အစည်း​တွေက ဆိုရင်​ လူထု​တွေကို ပညာ​ပေးတဲ့ အပိုင်း​တွေ လုပ်​​နေရတာ ရှိတယ်​။ အဲ့ဒီမျိုး အကြမ်းဖက်​ခံရတဲ့ အမျိုးသမီး​တွေက ကြီးသည်​ဖြစ်​​စေ ငယ်​သည်​ဖြစ်​​စေ သူတို့နဲ့ သက်​ဆိုင်​တဲ့ မိသားစု ပတ်​ဝန်းကျင်​က ရှက်​စရာမဟုတ်​ဘူး တကယ့်​ ကျူးလွန်​တဲ့သူကသာ ရှက်​ဖွယ်​ဖြစ်​တယ်​ ဆိုတာကို ပြည်​သူလူထု သိနိုင်​ဖို့ကို အသိပညာ​ပေးမှုကို အများကြီး လုပ်​​ပေးရမယ်​။ ဒါမှဘဲ ဒီလိုမျိုးအရင်​က အရိုးစွဲ​နေတဲ့ အစဉ်​အလာ​တွေ အယူအဆ​တွေကို ဖယ်​ရှားနိုင်​မှာ ဖြစ်​တယ်​။ သူတို့က ရွံ့စရာလည်းမဟုတ်​ဘူး ရှက်​စရာလည်းမဟုတ်​ဘူး ဆိုတာကို များများစားစား ပြသနိုင်​ဖို့ အ​ရေးကြီးတယ်​လို့ ထင်​တယ်​။

ပထမပိုင်းမှာ သူတို့ကို ​နေရာသီးသန့်​ မထား​ပေးတာ​တွေကို ကျွန်​မတို့ အ​တွေ့အကြုံ အရ သီးသန့်​ထားရမယ့်​ အ​နေအထားမျိုး ​ပြော​ပေးတာ ရှိတယ်။ ​အဲ့ဒီလိုမျိုးဘဲ တခြား​နေရာမှာလည်း ထိထိ​ရောက်​​ရောက်​ ​ပေးနိုင်​မယ့်​ လူမှုအဖွဲ့အစည်း​တွေက ဝိုင်းဝန်းဖို့ လိုတယ်။ ဒီအဖွဲ့အစည်း​တွေက တစ်​​ယောက်​တည်း​ ဆောင်​ရွက်​​ပေး​နေဖို့ မလိုဘဲ​ အာဏာပိုင်​ အုပ်​ချုပ်​​ရေးပိုင်းကိုပါ ထိထိ​ရောက်​​ရောက်​ လုပ်​​ဆောင်​​ပေးဖို့ လုပ်​​ပေးရမယ်​။

သီးသန့်​ထားတယ်​ ဆိုတဲ့အပိုင်းမှာ ဘယ်​သူမဆို လာ​ရောက်​​တွေ့ဆုံနိုင်​မယ့်​ ပုံစံမျိုး​တွေ၊ အဲ့ဒါက ခံရတဲ့လူ​တွေအတွက်​ အခက်​အခဲ ရှိတာ​ပေါ့။ ​သေချာတာတစ်​ခုက သူတို့ကို ​ဆေးရုံ ​ဆေးခန်း ​ရောက်​ပြီဆိုရင်​ သီးသန့်​​နေရာ ထား​ပေးတာမျိုး လုံခြုံတဲ့​နေရာ ထား​ပေးတာမျိုး လုပ်​​ပေးပြီး တစ်​ဖက်​မှာ လူထုနဲ့ မ​တွေ့ဆုံဘဲ ထား​ပေးရမယ်။ ​ဒါမှမဟုတ်​ရင် ​လာသမျှလူ​တွေကို ခံစားချက်​ကို တကယ့်​​ဖေးမ ကူညီတဲ့လူ မဟုတ်​ဘဲ ခံစားချက်​​တွေကို ဆွ​ပေးနိုင်​တဲ့ လူမျိုးဆို သူတို့ရဲ့ ​ဝေဒနာ​တွေက သက်​သာလာတာ မဟုတ်​ဘဲ ပိုခံစားရမယ်။ အဲ့ဒီလို အ​နေအထား​တွေကို သတိထားရမှာ ဖြစ်​ပါတယ်​။

ပထမအဆင့်​ အ​နေနဲ့ တကယ်​ အကြမ်းဖက်​ခံရပြီ ဆိုရင်​ အကြမ်းဖက်​ခံရတဲ့ လူမှု အသိုင်းအဝိုင်းက သာမန်​လူမှု အသိုင်းအဝိုင်းက ဖြစ်​တယ်​။ သူတို့က တရားရုံးသွားတာတို့ ​ဆေးရုံ ​ဆေးခန်း သွားတာတို့ အရမ်း အခက်​အခဲရှိတယ်​။ အဲ့ဒါ​ကြောင့်​ လူကြီး​တွေက တဆင့်​ တခြား ကူညီ ​စောင့်​​ရှောက်​​ပေး​နေတဲ့ အဖွဲ့အစည်း​တွေနဲ့ ဆက်​စပ်​ပြီး ​ဆေးရုံ ​ဆေးခန်း ပို့တာ​တွေကို အစအဆုံး လုပ်​​ပေးရမယ်​၊ ရာဇဝတ်​​ကောင်​ကိုလည်း မြန်​မြန်​ဆန်​ဆန်​ ဖမ်းဆီးပြီး​တော့ လုပ်​​ပေးရမယ်​။ ပတ်​ဝန်းကျင်​ကလည်း ဝိုင်းဝန်း ကူညီ​ဖေးမရပါမယ်​။ ဒဏ်​ရာအနာတရ​တွေ ​ဖြေ​ဖျောက် သွားပြီဆိုရင်​​တောင်​ ဆက်​လက်​ပြီး သူ့ရဲ့ ပတ်​ဝန်းကျင်​မှာ ​ကောင်း​ကောင်း မွန်​မွန်​ ရှင်​သန်​လာနိုင်​ဖို့ အတွက်​ကို စိတ်​ပိုင်းဆိုင်​ရာ ကုစားမှု​တွေကို အမြဲ အစဉ်​တစိုက်​ လုပ်​​ပေးသွားရမှာ ဖြစ်​ပါတယ်​။

ဒေါ်ခင်​စန်းလှိုင်​ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
▬▬▬▬▬▬▬▬▬▬▬
အဓိက ကျွန်​မတို့တိုင်းပြည်​မှာ သက်​ငယ်​မုဒိန်းမှု​တွေ ပ​ပျောက်​​အောင်​ အရင်​ဆုံး ပညာ​ပေး​ရေး လုပ်​ငန်း​တွေ အရင်​ဆုံး ​ဆောင်​ရွက်​ရမှာ​လေ၊ အဓိက ကျတာက​တော့ ကျူးလွန်​တဲ့သူ​တွေ အ​ပေါ်မှာ ထိုက်​သင့်​တဲ့ ပြစ်​ဒဏ်​​တွေ ​ပေးနိုင်​ဖို့ကို အရင်​ဆုံး လုပ်​ရမယ်။ ​ပြီးရင်​​တော့ ကျူးလွန်​ခံရတဲ့ အရွယ်​မ​ရောက်​​သေးတဲ့ က​လေးငယ်​​တွေရဲ့ ဘဝ​တွေ ပြန်​လည်​ ထူ​ထောင်​​ရေးအတွက်​ရယ်​ ​နောက်​တခုက လူမှုပတ်​ဝန်းကျင်​မှာ ပြန်​လည် ​ရှင်​သန်​​ရေးအတွက်​ရယ် ​စိတ်​ဒဏ်​​ရာ​တွေကို ပြန်​လည်​ ကုစားဖို့ရာအတွက်​ ဒါ​တွေကို​တော့ နိုင်​ငံ​တော်​က စနစ်​တကျ ​ဆောင်​ရွက်​သွားရမယ့်​ ကိစ္စ​တွေဖြစ်​တယ်​။ ဒီလိုအတွက်​ကို နိုင်​ငံ​တော်​ အ​နေနဲ့ဘ တ်ဂျက်​အရ ပိုပြီးသုံးလာရမယ် ​ပိုပြီး​တော့ လူမှု​ရေး ပတ်​ဝန်းကျင်​မှာ ရှိတဲ့ CSO / NGO ​တွေ​ရော ပတ်​​ဝန်းကျင်​မှာရှိတဲ့ သူတို့ရဲ့ အသိုင်းအဝိုင်း​တွေက​ရော ဒါ​တွေကလည်း အားလုံး ဝိုင်းဝန်း​ဆောင်​ရွက်​​ပေးဖို့ လိုအပ်​တာဘဲ။ အခု ​လော​လောဆယ်​​တော့ တစ်​နိုင်​ငံလုံး အတိုင်းအတာနဲ့ ဖြစ်​​နေတာ​တွေ​တော့ ရှိတယ်။ ​ဒါ​တွေကို ဘယ်​လိုနည်းလမ်းနဲ့ ပြန်​ထူ​ထောင်​ရမလဲ ဆိုတဲ့နည်းလမ်းကို​တော့ ​လော​လောဆယ်​​တော့ အစိုးရမှာ ရှိလား မရှိလားဆိုတာက​တော့ အန်​တီက အတိအကျ​တော့ မသိဘူး​ပေါ့​လေ။

တကယ်​တမ်း​တော့ ပြည်​သူလူထုကြားထဲမှာ ပညာ​ပေးရမှာ​ပေါ့။ ​နောက်​တခုက ပြည်​သူလူထု​တွေနဲ့ ခွဲခြား မဆက်​ဆံဖို့ အတွက်​ကို သူတို့ကို ပညာ​ပေး​ရေး လုပ်​ငန်းကို စဉ်​ဆက်​မပြတ်​ လုပ်​ရမယ်​။ NGO ​တွေ CSO ​တွေ အခန်းကဏ္ဏကလည်း ပါလာမယ်​၊ ဝိုင်းဝန်းကူညီရမယ်။ ​သူတို့ရဲ့ အသိုင်းအဝိုင်း ကြားထဲမှာလည်း ဒါက ရှက်​စရာမဟုတ်​ဘူး။ ဒီကိစ္စနဲ့ ပတ်​သက်​လို့ ဘယ်​လိုဘဲဖြစ်​ဖြစ် ပြု ပြင်​​ပြောင်းလဲ ပြန်​လည်​ထူ​ထောင်​ရင် ​ပြန်​လည်​​ကောင်းမွန်​ လာနိုင်​တယ်​။ လူအသိုင်းအဝိုင်းမှာ ပြန်​လည်​ ဝင်​ဆန့်​နိုင်​ဖို့က အများကြီး လုပ်​ရဦးမှာပါ။

အဓိကက ပညာ​ပေးတဲ့ လုပ်​ငန်း​တွေ ကျယ်​ကျယ်​ပြန့်​ပြန့်​ လုပ်​​ဆောင်​ရမယ်။ ​ဒီလိုလုပ်​​ဆောင်​ဖို့က တစ်​ဦးတစ်​​ယောက်​တည်း အစိုးရ တစ်​ဖွဲ့တည်းက မဟုတ်​ဘဲနဲ့ တစ်​နိုင်​ငံလုံးမှာရှိတဲ့ ပြည်​သူလူထုက တက်​တက်​ကြွကြွ ပါဝင်​ပြီး​တော့ လူထုကို ပညာ​ပေးတာ​တွေ စည်းရုံး လှုပ်​​ဆော်​တာ​တွေ၊ ဒီလိုမဖြစ်​​အောင် ​မိဘများအ​နေနဲ့​ရော ပတ်​ဝန်းကျင်​အ​နေနဲ့​ရော ဘယ်​လို ထိန်းသိမ်း ​စောင့်​​ရှောက်​မယ်​ ကိုယ့်​ကိုယ်​ကိုယ်​ ဘယ်​လို ကာကွယ်​ရမယ်​ ဆိုတဲ့ ပညာ​ပေးဆိုတာကို ပွင့်​ပွင့်​လင်းလင်း စာသင်​တန်းကအစ ရပ်​ရွာအဆုံး ပညာ​ပေးပြီး အသိပညာ ပျံ့ပွား​အောင်​ ​ဆောင်​ရွက်​တာကို ကျယ်​ကျယ်​ပြန့်​ပြန့်​ အရင်​ဆုံး ​ဆောင်​ရွက်​​စေချင်​တယ်​။

က​လေး​တွေရဲ့ စိတ်​ဒဏ်​ရာ​တွေကို ပြန်​လည်​ကုစားဖို့ လူ့အသိုင်းအဝိုင်းမှာ ဒီလိုဖြစ်​သွားတဲ့ က​လေးအပေါ်မှာ ခွဲခြား မဆက်​ဆံဖို့ရာ အ​ရေးကြီးတယ်။ ​အခုက အန်​တီတို့ တိုင်းပြည်​မှာ တရားခံဖမ်းဖို့ကို အရင်​စဉ်းစားကြတယ်။ ​တကယ်​တမ်း​တော့ ခံလိုက်​ရတဲ့ ဒီက​လေးရယ်​ သူ့ရဲ့ မိသားစုရယ်​ကို နှစ်​သိမ့်​​ဆွေး​နွေး​ပေးဖို့က နည်း​နေတယ်​။ ဘယ်​လို ​ဖေးမကူညီမလဲ ဆိုတာမျိုး၊ ကူညီတဲ့​နေရာမှာ သနားစရာ​ကောင်းတဲ့ လူလို ကူညီတာမျိုး မဟုတ်ဘဲ မတရားခံရတယ် ​ဆိုတာကို ဝိုင်းဝန်းပြီး ​သေချာသိရှိပြီး စိတ်​ဓာတ်​ခွန်​အား​တွေနဲ့ ဘဝကို ပြန်​လည်​ သန်စွမ်း​အောင် ​မြှင့်​တင်​ဖို့ပါပဲ။

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*