တိုင်းရင်းသားသတင်း — ရန်ကုန်၊ မတ် ၁၄၊ ၂ဝ၁၃

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား များနှင့် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီများ ပဋိပက္ခအပေါ် နိုင်ငံတကာ  အသိုင်း အဝိုင်းနှင့် လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနား ကပါ လူ့အခွင့်အရေး ချိုးဖောက်နေသည် ဟု စွပ်စွဲပုတ်ခတ်မှုများသည် မဖြစ်သင့်ကြောင်းနှင့် လူတိုင်းတွင် လူ့အခွင့်အရေးရှိသလို နိုင်ငံ တစ်နိုင်ငံတွင်လည်း အချုပ်အခြာအာဏာ ဆိုတာ ရှိခြင်းကြောင့် မြန်မာနိုင်ငံအား ထိုကိစ္စနှင့်ပတ်သက်၍ လက်ညှိုးမထိုး သင့်ကြောင်း ဂျပန်နိုင်ငံ၊ ကန်ဒါ တက္ကသိုလ်မှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရန်ကုန်မြို့ MICT Park တွင် မတ်လ ၁၄ ရက်က ကျင်းပပြုလုပ်သော သမိုင်းတွင် ဘင်္ဂါလီသာရှိပြီး ရိုဟင်ဂျာ မရှိ ဆိုသော အကြောင်းအရာကို အထောက် အထားဖြင့် ရှင်းလင်း ထုတ်ဖော်ပြောခဲ့သည်။

ထို့ပြင် ဘင်္ဂလီများသည် မည်သည့် နိုင်ငံကူးလက်မှတ်၊ အထောက်အထားမျှ မပါတဲ့ တရားမဝင် လာရောက် နေထိုင်ခြင်း မျိုးသာဖြစ်ပြီး ဘင်္ဂလီ များသည် ရိုဟင်ဂျာ မဟုတ်ကြောင်း သမိုင်း အထောက်အထားဖြင့် ဖြေရှင်း ပြောဆိုရာတွင် ယခုကဲ့သို့ ရခိုင်ပဋိပက္ခများ ပေါ်ပေါက်လာခြင်း သည် ကိုလိုနီစနစ်၏ ဆိုးမွေတစ်ခု ဖြစ်ပြီး ရခိုင်ပြည်နယ်သည် ကိုလိုနီ လက်အောက်တွင် အနှစ် ၁ဝဝ ကျော် နေထိုင်ခဲ့ရစဉ်အတောအတွင်း ရခိုင် ပြည်နယ် ဒေသတွင်း ဆန်စပါး စိုက်ပျိုးမှုမြှင့်တင်၍ ဥရောပသို့ ဆန် အမြာက် အမြားတင်ပို့နိုင်ရန် အင်္ဂလိပ် အစိုးရက မြေလွတ်၊ မြေရိုင်းများပါ မကျန် ခုတ်ထွင်ကာ စိုက်ပျိုးစေခဲ့သောကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီ အများစုသည် အရင်းငွေ တစ်ပြားတစ်ချပ်မှ စိုက်ထုတ်စရာမလိုဘဲ အသားတင် ငွေကျန်သည့် ရခိုင်ပြည်နယ် တွင်း စိုက်ပျိုးမှု လုပ်ငန်းကို မျက်စေ့ကျကာ တရားမဝင် လာရောက်နေထိုင်သည့် ဘင်္ဂလီများ အလုံးအရင်း တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်လာကြောင်းနှင့် ခေတ်ကာလ ကြာမြင့်လာသည်နှင့် အမျှ လူဦးရေ တစ်စထက် တစ်စ များပြားလာပြီး ယနေ့ကြုံတွေ့နေ ရသော လူဦးရေဖြင့် လွှမ်းမိုးခြင်း ဆီသို့ ဦးတည် သွားကြောင်း ပြောခဲ့သည်။

ရိုဟင်ဂျာအသုံးနှင့်ပတ်သက်၍ ဒေါက်တာအေးချမ်းက “ဘင်္ဂလီတွေက ဗမာစကား ကောင်းကောင်းမမီတော့ ရခိုင်ကိုခေါ်ရင် Roshang ဖြစ် နေတယ်။ ဂျာဆိုတာ ဘင်္ဂါလီ စကားအရ လူမျိုးစုလို့ အနက်ရတယ်။ အဲဒီကနေ ရိုဟင်ဂျာ ဖြစ်လာတာ။ ဒါဟာ အမည်လုယူ သုံးစွဲမှု ဖြစ်တယ်” ဟု ဘာသာဗေဒ ရှုထောင့်မှ ရှင်းပြခဲ့သည်။

တစ်ဖန် ဒေါက်တာအေးချမ်းက ယင်းတင်ပြခဲ့သော ရခိုင်သမိုင်းတွင် ရိုဟင်ဂျာမရှိ ဆိုသော အထောက်အထား အချက်အလက် များသည် သမိုင်းဆိုင်ရာ အထောက် အထား၊ အကိုးအကားပေါင်းများစွာ တိတိကျကျ ရှိသော ကြောင့် မည်သူမဆို လေ့လာဖတ်ရှုဆွေးနွေးဝေဖန်နိုင်ကြောင်း နှင့် ထိုသို့ သမိုင်းအထောက်အထား မှန်ကို နိုင်ငံတကာကပါ သိရှိလာ အောင် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ပြီး သမိုင်းပညာရှင် တစ်ယောက် အနေဖြင့် မူလအရင်း အမြစ်အပေါ်တွင်သာ အမြဲကိုင်စွဲပြော ဆိုခြင်းဖြစ်ကြောင်း ထပ်ဆင့်ပြော ကြားခဲ့သည်။

အထက်ပါ ရှင်းလင်းပွဲသို့ ရခိုင် တိုင်းရင်းသား လူငယ်များ၊ ရခိုင် အရပ်ဘက် အဖွဲ့အစည်းများ၊ ရခိုင် ခေါင်းဆောင် များဖြစ်သည့် ဦးဇော်အေးမောင် ၊ ဒေါက်တာ အေးမောင်နှင့် သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်း တို့ တက်ရောက်ခဲ့သလို အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများပါ တက် ရောက်ကာ အပြန်အလှန် ဆွေးနွေး မေးခွန်း ထုတ်ခဲ့ကြသည်။

ဝ၈၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*