ပြည်တွင်းသတင်း — မြစ်ကြီးနား၊ မတ် ၁၈၊ ၂ဝ၁၃

အစိုးရနှင့် ကေအိုင်အေတို့ ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့်  လုံခြုံမှု အခြေအနေအရ ၂ နှစ် နီးပါး ရပ်ဆိုင်း ထားသော မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို မတ် ၁၈ ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

ယခုခရီးစဉ်ကို  မနောဧရာယာဉ် အသင်းမှ လိုက်ထရပ်ကား  ၁ စီး၊ ဟိုင်းလပ်ကား ၁ စီး နှင့် ဗင် ၃စီး စုစုပေါင်း ကား ၅ စီးဖြင့် ခရီးသည် ၁၅ ဦးဖြင့် စတင် စမ်းသပ်ပြေး ဆွဲခြင်းကြောင်းလည်း သိရသည်။ မတ် ၁၉ ရက်တွင် မြစ်ကြီးနားမှ ဗန်းမော်သို့ ပြန်လည် ပြေးဆွဲမည် ဖြစ်သည်။

အဆိုပါ မနောဧရာယာဉ်အသင်းမှ ဗန်းမော်- မြစ်ကြီးနား ခရီးစဉ်ပြေး ဆွဲခြင်း အခမ်းအနားအား မတ် ၁၈ ရက် နံနက် ၈ နာရီ အချိန်တွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ဗိုလ်ချုပ်ဖုန်းမြတ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော် ဆွေနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနား တွင် မြို့မိမြို့ဖများနှင့် ယာဉ်အသင်း အဖွဲ့များ စုစုပေါင်း အယောက် ၇ဝ  ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝ၇၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*