ပြည်တွင်းသတင်း — လွိုင်ကော်၊ ဇန်နဝါရီ ၅၊ ၂၀၁၇

ကယားပြည်နယ် လွိုင်ကော်မြို့ မင်းစုရပ်ကွက်၊ အုပ်စု ၁၁၊ ဆင်မင်း ငါးမုန့်ကျော် လုပ်ငန်း လုပ်ကိုင်သူများကို အမျိုးသမီးငယ် တစ်ဦးကို ညှည်းပန်း နှိပ်စက်မှုဖြင့် လွိုင်ကော်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

လွိုင်ကော်မြို့ မင်းစုရပ်ကွက်၊ အုပ်စု (၁၁)၊ အိမ်အမှတ် (မင်း/၂၅၉)၊ ဆင်မင်းငါးမုန့်ကြော်လုပ်ငန်းနေ ဦးကောင်လေးနှင့် ဒေါ်ဖြူသွယ်၏ နေအိမ်တွင် အိမ်အကူအဖြစ် ခိုင်းစေနေသော မထက် (ခ) မိထက်အား အိမ်ရှင်များမှ ညှဉ်ပန်းနှိပ်စက် ခဲ့သဖြင့် ဦးကောင်လေးနှင့် ဒေါ်ဖြူသွယ်တို့ (၂) ဦးအား စက်တင်ဘာ (၂၈)ရက်နေ့၊ လွိုင်ကော်မြို့မ ရဲစခန်းက (ပ)၁၈၁ / ၂၀၁၆ ပြစ်မှု ပုဒ်မ ၃၂၃/၂၉၄ (တုံးသော လက်နက်နှင့် နာကျင်စေမှု/ ဆဲရေး တိုင်းထွာခြင်း) တို့ဖြင့် အရေး ယူထားခြင်းဖြစ်ကြောင်း အထက်တန်းရှေ့နေ မဇင်မာထွန်းက ပြောသည်။

“အမှုကို စတင် ရုံးတင်စစ်ဆေးတာ(၄)ရက်၊ နိုဝင်ဘာ၂၀၁၆ ရက်နေ့ တရားလိုကို စတင်စစ်ဆေးတယ်။ အမှန်တကယ် စစ်တာက ၂ ချိန်းရှိပြီ”ဟု ၎င်းက ဆိုသည်။

ရိုက်နှက်ညှည်းပန်း နှိပ်စက်မှုများ ကြောင့် အကြိမ်ကြိမ် ထွက်ပြေးခဲ့ရကြောင်း နှိပ်စက်ညှည်းပန်း ခံရသူ အသက် ၂၀ အရွယ် မထက်က ပြောသည်။

“အိမ်မှုကိစ္စလည်း လုပ်ရတယ်။ ကလေးလည်း ထိန်းရတယ်။ အိမ်ကနေ (၃)ခါလောက်တော့ ထွက်ပြေးဖူးတယ်။ သူတို့ ပြန်ဖမ်းမိသွားတယ်။ ဖမ်းမိတိုင်းလည်း ရိုက်တယ်။ နောက်တခါ ထွက်ပြေးရင် ဒီထက်ပို ရိုက်မယ်လို့ လည်း ပြောတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် မထက်ကို လွိုင်ကော်မြို့ရှိ Women Safe House တွင် စောင့်ရှောက် ကူညီထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*