ခေါင်းကြီးသတင်း — ရန်ကုန်၊ မတ် ၂၇၊ ၂၀၁၂
လှည်းကူးမြို့နယ် NLD ပါတီ လူထုစည်းဝေးပွဲကျင်းပ

လှည်းကူးမြို့နယ် NLD ပါတီ လူထုစည်းဝေးပွဲကျင်းပ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် မတ်လ ၂၇ ရက်နေ့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူထုစည်းဝေးပွဲတစ်ရပ် ကျင်းပရာ လူထု ငါးထောင်ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

လူထုစုဝေးပွဲတွင် တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်တို့မှ ပြည်သူလူထုများ၊ လှည်းကူးမြို့နယ်မှ ပြည်သူများအပြင် စခန်းကြီးကျေးရွာ၊ စားဘူးတောင်းကျေးရွာ မုဆိုးညောင်ပင်ကျေးရွာ၊ ရဲမွန်ကျေးရွာ၊ ဒါးပိန်ကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊  ညောင်တစ်ခြမ်းနှင့် နှုတ်ခမ်းမွှေးသိုက် စသောကျေးရွာများမှ ပြည်သူလူထုများ တက်ရောက်ကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်ရွယ်ချက်များဖြစ်သော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ​ပြင်ဆင်ရေးတို့အား စာဘူးတောင်းကျေးရွာမှ ဦးကြည်စိုး၊ မုဆိုးညောင်ပင်​ကျေးရွာမှ ဦးလှအောင်၊ ဒါးပိန်ကျေးရွာမှ ဦးအောင်နိုင်ဦးတို့က အဆိုတင်သွင်းကြသည်။

ထိုအဆိုပြုချက်များကို မြို့မရပ်ကွက်မှ မဖြူဖြူလွင်၊ ရဲမွန်ကျေးရွာမှ မကေသွယ်စိုးနှင့်ကျွန်းကလေးကျေးရွာမှ ဦးသိန်းလှတို့မှ လူထု ကိုယ်စား​ ထောက်ခံစကားများ​ ပြောကြားခဲ့ပြီး လာရောက်ကြသော လူထုများက​ ထောက်ခံကြသည်။

ထို့အပြင် လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော ဦး ဖြိုးမင်းသိန်း NLD က စည်းရုံးရေး​ ​ဟောပြောသည်။ သူသည် ၁၉၈၈ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ပင်မ)ကျောင်းသား လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူအဖြစ် လည်းကောင်း၊ သန်လျင်မြို့နယ်တွင်​ မြို့နယ်လုံးဆိုင်ရာ​ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်း၍ အတွင်းရေးမှူးတာဝန်အဖြစ် လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(အောက်မြန်မာပြည်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ၂ဝ၁ဝ ခုနှစ်ပြည်ထောင်စု ဒီမိုကရေစီပါတီဥက္ကဌ တာဝန်ယူခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှုမရှိ ထိုပါတီ မှနှုတ်ထွက်ခဲ့သည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ​ပြန်လွတ်ပြီး ဒီမိုကရေစီကွန်ယက်နှင့် ပညာရေးကွန်ယက်တွင် တာဝန်ယူ၍ ယခုအခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အဖြစ်လှည်းကူးမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ထိုလူထုစည်းဝေးပွဲသို့လာသော ဘုန်းတော်ကြီးတစ်ပါးက ““မဲမပေးရပေမဲ့အားပေးဖို့လာတာ ”” ဟု လည်းကောင်း၊ နှုတ်ခမ်းမွှေးသိုက်​  ကျေးရွာမှ မဲရုံကိုယ်စားလှယ် တစ်ဦးကလည်း ““NLD ကို ဝင်မဲ့လူတွေလည်း အများကြီး၊ မဲပေးမဲ့သူတွေလည်း အများကြီး ”” ဟုပြောကြားသည်။

ညောင်တစ်ခြမ်းကျေးရွာမှပြည်သူလူထု ငါးဆယ်ခန့်လာရောက်ကြပြီးတစ် ရွာလုံး NLD ကိုမဲပေးကြမှာဟုထိုရွာမှတာဝန်ရှိသူတစ်ဦး ကလည်းပြောသည်။

၀၁၆

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.