ခေါင်းကြီးသတင်း — ရန်ကုန်၊ ဧပြီ ၁၊ ၂ဝ၁၃

၂ဝဝ၃ ခုနှစ်က စတင်ခဲ့သော လှည်းတန်းအိမ်ယာ စီမံကိန်း၌ ဖယ်ရှားပေးခဲ့ရသော အမှတ် ၈ ရပ်ကွက် လှည်းတန်း လမ်းဆုံ၊ ကမာရွတ်မြို့ နယ် အတွင်း၌ နေထိုင်ခဲ့ကြသော မူလ မြေနှင့် အိမ်ပိုင်ရှင်များက ယင်းတို့ အား ကတိပေးထားသည့် အတိုင်း မိမိတို့ အိမ်နှင့် မြေတန်ဖိုးများအား ကာလ ပေါက်ဈေးနှင့် အညီ ပြန်လည် ပေးအပ် စေ လိုကြောင်း၊ တိုက်ခန်းများပေါ်သို့ တက်ရောက်နေထိုင်ခွင့် တို့ကို အမြန်ဆုံး ပေးအပ်စေလိုကြောင်း၊ မိမိတို့ ဖယ်ထားပေးသည်မှာလည်း ၁ဝ နှစ်ရှိ သွားပြီဖြစ်ကြောင်းတို့ကို နေ့လယ် ၂ နာရီက MJN ရုံးခန်း၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ ၌ပြောသွားခဲ့သည်။

လက်ရှိဖယ်ထားပေးရသော အိမ်ပိုင်ရှင်တစ်ဦးဖြစ်သူ မမင်းမင်းစော က ပြောပြရာ၌ “၂ဝဝ၃ ခုနှစ်၊ ဇန်နဝါရီ လက လှည်းတန်းလမ်းဆုံ မြေနေရာကို Land Mark ဖြစ်ချင်တဲ့ အတွက် အဆင့်မြင့် အိမ်ယာတွေ ဆောက်လုပ် ဖို့ အစီအစဉ် ရှိတယ်။ စီမံကိန်း ကာလကလည်း ၃ နှစ်လောက်ပဲ ကြာမှာဖြစ်တယ်။ ပြောင်းရွှေ့ဖို့ အတွက် လည်း စီစဉ်ပေးသွားမယ်လို့ ပြောဆိုခဲ့ပြီး ကျွန်မတို့ကို ဆင်မလိုက်၊ ဟံသာရိပ်မွန်တိုက်ခန်း၊ ဗန္ဓုလကွန်ဒိုနဲ့ မေတ္တာညွန့် တို့မှာ ပြန်လည် နေရာချ ထားပေးခဲ့ပါတယ်။ ဒါပေမယ့် အခု ၁ဝ နှစ်ကြာတဲ့အထိ ကျွန်မတို့ပိုင် တိုက်ခန်းများပေါ် တက်ရောက်ခွင့် မရသေးတဲ့အတွက် အခုလို မီဒီယာတွေ နဲ့ တွေ့ဆုံ ရှင်းလင်း ပြောပြရခြင်းဖြစ်ပါတယ်” ဟု ပြောကြား သွားသည်။

မြေပိုင် တစ်ဦးဖြစ်သူ မချိုမာ ကလည်း “ကျွန်မတို့ကို စလုပ်တုန်းက  ၃ နှစ်ပဲ ကြာမယ်ပြောခဲ့တယ်။ နောက်ပြီး တော့ စလုပ်တုန်းက ၂၈ ထပ် ဆောက်မယ် ပြောပြီးတော့ အခု ၈ ထပ်ပဲ ဆောက်တာ ကိုလည်း အသိ မပေးခဲ့ဘူး။ နောက်အချက်က တာဝန်ယူဆောက်လုပ်ပေးတဲ့ သူတွေ က ၂၃.၁၁.၁၂ မှာ လုပ်တဲ့ အစည်း အဝေးမှာ ပြောတာ က သူတို့ အနေနဲ့ ဒီစီမံကိန်းမှာ ရှုံးတဲ့အကြောင်း ပြောပါတယ်။ စလုပ်ကတည်းက ကျွန်မ တို့က အဆင့်မြင့် အိမ်ယာနဲ့ နေချင်လို့ ဆောက်ခိုင်းခဲ့တာ မဟုတ်ပါဘူး။ လူကြီးတွေရဲ့ LandMark ဖြစ်စေချင်တဲ့ ဆန္ဒကို လေးစားပြီးတော့ ဖယ်ပေးခဲ့တာပါ။ အခုလည်း ကျွန်မတို့ကို စိတ်ချမ်းသာအောင် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးစေ ချင်ပါတယ်” ဟု ပြောခဲ့သည်။

ရန်ကုန်တိုင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနက မူလနေထိုင်သူ ၄၉ ဦးကို ဌာနပိုင်အခန်း ၆၈ ခန်း ၌ ယနေ့ထိ အခမဲ့ နေထိုင်ခွင့်ပြုခဲ့ ကြောင်း၊ မိမိအစီအစဉ်ဖြင့် ငှားရမ်း နေထိုင်လိုသူ များကိုလည်း ၂ဝဝ၃ ခုနှစ်မှ ယနေ့ထိ အိမ်ငှားရမ်းခများကို နှစ်အလိုက် တိုးမြှင့်ပေးခဲ့ကြောင်းတို့ ကို သိရှိရပြီး ၁၅.၂.၂ဝ၁၃ ၌ နောက် ဆုံးထား၍ မူလနေထိုင်သူ များကို ပြန်လည်နေရာချထားပေးရန် ကတိပေး ခဲ့သော်လည်း ယနေ့အထိ ယခင် လူ ဟောင်းများမှာ တိုက်ခန်းများပေါ်သို့ မတက်ရောက် ရသေးသောကြောင့် ယခုကဲ့သို့ မီဒီယာနှင့် တွေ့ဆုံရှင်း လင်းရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အိမ်ယာစီမံ ညွှန်မှူး ဦးမြင့်နိုင် အား ဆက်သွယ် မေးမြန်းခဲ့ရာ၌ “ကျွန်တော်က ဝန်ကြီးရုံးကို ပြောင်းသွားပြီ။ ကျွန်တော့် လက်ထက်မှာ တုန်းက ဖြစ်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဖြေခွင့် မရှိပါဘူး” ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောခဲ့ပါသည်။

ယ-ဝ၁၄

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*