ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၃၊ ၂ဝ၁၂

ပြည်သူများ လျှပ်စစ်မီး အ​ပြည့်အဝရရှိရေးအတွက် ရန်ကုန်မြို့ ဒဂုံတောင်မြို့နယ်နှင့် ဆူးလေဘုရားတို့တွင် ဖယောင်းတိုင် မီးများထွန်းညှိ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု၊ ဆုတောင်းမှုများကို မေလ ၂၃ ရက်နေ့ ည ၇ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြသည်။

ဒဂုံတောင်မြို့နယ်တွင် လူဦးရေ ၄ဝဝ ကျော် စီတန်းလမ်းလျှောက်ပြီး၊ ဆူးလေဘုရားတွင်လည်း ၅ဝဝ ခန့်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်၍ ပူဇော် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

စီတန်းလှည့်လည် ဆန္ဒပြနေစဉ်

စီတန်းလှည့်လည် ဆန္ဒပြနေစဉ်

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ဌာနဆိုင်ရာများမှ လူ ၅ ဦးထက် ပို၍ မစုဝေးကြရန် ထုတ်ပြန်ထားသည့်အတွက် လူ ၂ ဦးချင်း စီတန်းကာ တွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည် ဟုလည်း ဆန္ဒထုတ်ဖော်သူ အချို့ထံမှ သိရသည်။ ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ မရှိဘဲ အများဆန္ဒအရ တညီတညွတ်တည်း ဖြစ်သွားခြင်းဟုလည်း ဆက်လက်၍ သိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်သူများ အချို့တွင် တိုင်းပြည်ကပိုလျှံမှ ပြည်ပသို့ လျှပ်စစ်ရောင်းပါ။ သတင်းစာထဲ၌သာ မီးလာနေသည်။ သင့်ကြောင့် မီးမပျက်ပါစေနှင့် စသော စာတမ်းများ ကိုင်ဆောင်ထားသူများကိုလည်း တွေ့ ရသည်။

ဆန္ဒပြစာတမ်းများ ကိုင်ဆောင်ထားသူတို့ကိုတွေ့ရစဉ်

ဆန္ဒပြစာတမ်းများ ကိုင်ဆောင်ထားသူတို့ကိုတွေ့ရစဉ်

၎င်းဆန္ဒထုတ်ဖော်သူများတွင် အဖွဲ့အစည်းမျိုးစုံနှင့် ပြည်သူလူထုတွင် ဘုန်းတော်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးများလည်း ပါဝင်သည်ကို တွေ့ရသည်။

ထိုကဲ့သို့ လျှပ်စစ်မီး အပြည့်အဝရရှိရေးအတွက် ပြည်သူများ ဆန္ဒထုတ်ဖော်ခြင်းသည် မေလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌လည်းကောင်း၊ မေလ ၂ဝ ရက်နေ့တွင် မန္တလေး မြို့၌လည်းကောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ယနေ့ မေလ ၂၄ ရက်နေ့ တွင်လည်း ပြည်မြို့၌ နံနက် ၉ နာရီအချိန်မှ စတင်၍ လျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုနေကြသည်ဟု သတင်းရရှိပါသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်ရခြင်းသည် ရွှေလီ ဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက် ရှိသော ၂၃ဝ ကေဗွီ၊ ရွှေလီ-မန်စံ ဓာတ်အားလိုင်းအား မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် သောင်းကျန်းသူများ၏ ဖောက်ခွဲမှုကြောင့် ဓာတ်အားပို့လွှတ်မှု ရပ်ဆိုင်းခဲ့ကြောင်း၊ ဓာတ်အား ၂ဝဝ မဂ္ဂါဝပ်ကို ရရှိတော့မည် မဟုတ်သောကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုန်များ အားလုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက် ထားမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့ ဥက္ကဋ္ဌက မေလ ၁၉ ရက်နေ့တွင်  မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

ဝ၁၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*