ပြည်တွင်းသတင်း — မတ် ၂၈၊ ၂ဝ၁၃

မည်သည့် ကိစ္စမဆို ကာကွယ်ခြင်းနှင့် ကျူးကျော် တိုက်ခိုက်မှုကွဲပြားအောင် ဝေဖန်စိစစ်ရန်လိုအပ်၊ သက်တမ်းနုနု ဒီမိုကရေစီခရီးအား သုညမှ ပြန်စရမည့် ရလဒ်မျိုး ထွက်လာမည်ကို မင်းကိုနိုင် စိုးရိမ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီ လာမြို့နယ်တွင်း မတ် ၂ဝ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် စပ် လျဉ်းပြီး နောက်ဆက်တွဲ ထိုကဲ့သို့ အလားသဏ္ဍန်တူ ပြဿနာများ မဖြစ် ပေါ်စေရန် မြို့တိုင်း ရွာတိုင်းတွင် လုံခြုံ ရေးကို အထူးဂရုစိုက်ရန် လိုအပ်ပြီး ထိုသို့ လုံခြုံရေးကိစ္စများလုပ်ဆောင်ရာ တွင်လည်း သံသယအခြေခံသည့် လုပ်ဆောင်မှုမျိုး မဟုတ်ဘဲ၊ ရိုးရိုးသားသား၊ မတော်တဆ ကိစ္စရပ် ဟုတ် မဟုတ်သော် လည်းကောင်း၊ ရည်ရွယ် ချက်ရှိရှိဖြင့် လုပ်ဆောင်သည့် ကိစ္စ ရပ်မျိုး ဟုတ်မဟုတ် စသည့် အချက်များကို သေသေချာချာဝေဖန် ပိုင်းခြား နိုင်ရန် လိုအပ်ပြီး ထိုသို့ဝေဖန်ပိုင်းခြား မှုမပြုနိုင်ပါက ဝါဒဖြန့်သူများဆင် ထားသည့် အကွက်ထဲ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိ သွားနိုင်ကြောင်း မိတ္ထီလာမြို့သို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က မြန်မာ အင်ဒီပဲန်ဒင့်သို့ပြောသည်။

ယင်းကဆက်လက်ပြီး “ဘယ်နေရာ မှာတော့ ဘာလုပ်သွားပြီ။ ငါတို့ တစ်အိမ်တစ်ယောက် ထွက်ကြတော့ ဆိုတာမျိုးတွေကို သေသေချာချာ ဆန်းစစ်ဖို့ လိုတယ်။ အကြံအစည် ရှိသူတွေ က အဲဒီနည်းတွေကိုသုံးပါတယ်။ ဘာမဆို ဝေဖန်စိစစ်တဲ့ စိတ်ထားတွေ ရှိစေချင်တယ်။ နောက်ပြီး ကာကွယ်တာနဲ့ ကျူးကျော် တိုက်ခိုက်တာလဲ ကွဲပြားနိုင်ရပါမယ်” ဟု ဆိုသည်။

မိတ္ထီလာသို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ လွန်ခဲ့သည့်ရက်ပိုင်း လပိုင်းကတည်းက ယင်း၏ အတွေ့အကြုံများ အရ စိုးရိမ်ပူပန်မှုများ ရှိခဲ့ပြီး ထိုစိုးရိမ်ပူပန်မှုများသည် မိတ္ထီလာတွင် စတင်ဖြစ်ပေါ် ခဲ့ခြင်းကြောင့် သွားရောက် ခဲ့ခြင်းဖြစ်သည် ဟု ပြောရာတွင် “အဓိက ကတော့ လွန်ခဲ့တဲ့ရက်ပိုင်း ကတည်းက ကျွန်တော်တို့မှာ စိုးရိမ် ပူပန်မှုတွေရှိတယ်။ အဲဒါတွေက မိတ္ထီ လာမှာ စဖြစ်တယ် ဆိုပါတော့။ အရင်က ဘယ်နေရာ ဘာဖြစ်မယ်ဆိုတာသာ အတိအကျ မသိတာ။ အုပ်စုဖွဲ့ ရိုက်နှက်တာတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ရဲ့ လူသက် ၅ဝ၊ ထောင် သက် ၂ဝ၊ နိုင်ငံရေးအသက် ၂၅  အရ ကြိုသိခဲ့တယ်။ မိတ္ထီလာမှာ စဖြစ် ပြီကြားတဲ့အခါ အတိုင်းအဆ မေးလိုက် တော့ စိုးရိမ်ပူပန် စရာဖြစ်နေတာကြောင့် သွားဖြစ်ခဲ့တာပါ” ဟု ဖြေကြား ခဲ့သည်။ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအပြင် အခြားသော ကိစ္စ ရပ်များကြောင့် ဘဝများ အသက် များ ပေးဆပ် စတေးကာ တည်ဆောက်ပြီး လမ်းကြောင်းပေါ်ရောက်အောင် ဖန် တီးယူခဲ့ရသည့် သက်တမ်းနုနု ဒီမို ကရေစီခရီးအား သုညမှ ပြန်စရမည့် ရလဒ်မျိုး ထွက်လာမည်ကို စိုးရိမ်ပူပန်မိသလို ၊ မြန်မာ တစ်မျိုး သားလုံးအား အကြမ်းဖက်သမားများဟု တံဆိပ် ကပ်ပြီး နောက်ကွယ်မှ ဝင်လာမည့် မလိုလားအပ်သည့် ပြဿနာများ အရာ များကို စိုးရိမ်ပူပန်ကြောင်း၊  မည်သို့ပင်ဖြစ်စေ ကမ္ဘာတည်သရွေ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ တိုင်းရင်းသား လူမျိုးပေါင်းစုံသည် အတူတကွ ပူးတွဲ နေထိုင်ကြရမည်ဖြစ်သောကြောင့် တစ် ယောက်နှင့် တစ်ယောက် မျိုးတုံး သတ်ဖြတ်မည်ဆိုသည့် အတွေးဆိုးများ တိုင်းရင်းသားလူမျိုးများ၏ ရင်ထဲ တွင် မည်သည့် အခါကမျှ မရှိခဲ့ဖူးကြောင်း၊ မရှိခဲ့သည့်အပေါ်တွင် စွပ်စွဲခံရပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်း တွင်ပါ နားလည်မှုလွဲကာ နောက်ဆက်တွဲ မဖြစ် သင့်သည့်အရာများဖြစ်လာပြီး ဆင်းရဲ ဒုက္ခ၊ အခက်အခဲ၊ အကျပ် အတည်း ပေါင်းစုံ ရင်ဆိုင်ရမည်ကိုလည်း စိုးရိမ် ပူပန်မိကြောင်းနှင့် မြန်မာလူမျိုးများ သည် ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံနှင့် ချစ်ချစ်ခင်ခင် အတူတကွ ယှဉ်တွဲ နေထိုင်လာသည့် အစဉ်အလာကောင်း များကို ဖျက်ပြီး တစ်ဦးနှင့် တစ်ဦး မယုံကြည်မှု သံသယ များကြောင့် မလိုအပ်သည့် ဆိုးကျိုးများ ပေါ်ပေါက် လာမည်ကို စိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော်ပြောခဲ့သည်။

မိတ္ထီလာ တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်တွင် အုပ်ချုပ်ရေးပိုင်း၏ ထိန်းချုပ်မှု အားနည်းခြင်း များကြောင့် မလိုလား အပ်ဘဲ ပြဿနာများ ပိုမိုကြီးထွား လာခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုရာတွင် “အုပ်ချုပ်ရေးပိုင်းရဲ့ထိန်းချုပ် နည်းကတော့ တော်တော်ကို အားမရစရာ ကောင်းပါတယ်။ ဓာတ်ဆီဆိုင် ကိုဝင်တော့ ကင်ဒိုဓားတစ်လက်ကိုင် ပြီး ရမ်းနေတာကို ရဲတပ်ဖွဲ့ဝင်တွေက ရပ်ကြည့်နေတယ်။ ကျွန်တော် ပြောတာက အမိန့်တစ်စုံတစ်ရာစောင့်စရာ မလိုတော့ဘူး။ တရားဥပဒေကိုလည်း ချိုးဖောက်နေပြီ၊ ဓာတ်ဆီဆိုင်ကိုလည်း ရစရာမရှိအောင် ဝင်ခုတ်နေပြီ။ အဲဒါ ကို ဘာကြောင့် ရဲတွေကကြည့်နေ တာလဲ။ ဒါတောင် ဟိုဖက်ကအုပ်စုဖွဲ့ သတ်ဖြတ်မှုတွေကို မပြောသေးဘူး။ ကျွန်တော့် သဘောက အမိန့်မလိုပါဘူး။  အမိန့်မရဘဲ ရာဇဝတ်ကောင် တစ် ယောက်ကို ဖမ်းဆီးလို့ အပြစ်ပေးမယ်  ဆိုရင် ကျွန်တော်သာဆို ကြိုးစင်ပေါ် တက်ဖို့ပဲရှိမယ်။ ဘယ်လောက်ဖြစ် မှာလဲ အလုပ်ထုတ်မှာလား၊ ရာထူးချ မှာလား၊ ဒီမှာလက်နက်ကိုင်ပြီး အတိ အလင်းရမ်းကားနေတာ မသိလို့လဲမ ဟုတ်ဘူး။ အဲဒါ သိပ်ကို သံသယ ဖြစ်စရာ ကောင်းသွားပြီ၊ မိတ္ထီလာကန်ဘောင်မှာ လူကိုသတ်ရင်သေစေနိုင်တဲ့ လက်နက်တွေကိုင်ပြီး လုံခြုံရေးတပ်ဖွဲ့ တွေ ရှေ့ကနေ အဲဒါတွေတကားကား လုပ်နေတာတွေ၊ အဆောက်အဦ ဖျက်ဆီးမယ့်သူတွေ ကလည်း ဒိုင်းလွှား ကိုင်ပြီး လုံခြုံရေးတွေကို တွန်းပြီးသွားတာတွေက အစပေါ့။ အဲဒီတော့ ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ကိုတော့ ဖြေရှင်းပုံက တစ်မျိုး၊  အခု လက်နက်ကိုင် အုပ်စုဖွဲ့ တိုက်ခိုက်မှု တွေကို ဖြေရှင်းပုံကြတော့ ဘယ်လို စကားသုံးရမလဲ အရမ်းကိုပဲ စိတ်ရှည် သည်းခံပါပေတယ်လို့ ချီးမွမ်းရမလား” ဟုသုံးသပ်ပြောဆိုခဲ့သည်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများသည် အမိန့် တစ်စုံတစ်ရာ မရရှိပါက မည်သို့သော လှုပ်ရှားမှုမျိုး ကိုမျှ ပြုလုပ်လေ့ မရှိကြောင်း  အငြိမ်းစား ရဲမှူးဟောင်း ဦးစိုင်းဖေဝင်း ကပြောရာတွင် “တပ်မတော်သားတွေ ရဲတပ်ဖွဲ့တွေက အထက် အောက် ရှိတယ်။ ကွပ်ကဲတဲ့ အမိန့် လိုအပ်တယ်။ ဖြစ်ပွားတဲ့ အနေအထား အပေါ် မူတည်ပြီး ဘယ်လို၊ ဘယ်အချိန်၊ ဘယ်သူ တွေရှိလဲ အဲဒီအနေအထားတွေ ကြည့် ပြီး လုပ်ဆောင်ပေးရတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦး အဲဒီမှာ သူ တာဝန်ကျတဲ့ နေရာမှာရှိနေရင် ဥပဒေ ကျူးလွန်ဖောက်ဖျက်သူကို ထိန်းသိမ်းပေးရတယ်။ ဒါက တာဝန်ကျပြီး အမိန့်ပေးထားတဲ့ နေရာမှာမှ လုပ်လို့ရတာ အမိန့်နဲ့ တာဝန် မပါရင် ဘာမှ မလုပ်ရဘူး ” ဟု မြန်မာ အင်ဒီပဲန်ဒင့် သို့ပြောသည်။

မိတ္ထီလာ အရေးကိစ္စမှသည် အခြား မြို့ရွာများသို့ ကူးစက်မှုမရှိစေရန် အသေအချာ သုံးသပ်ရန် လိုအပ်ကြောင်း မင်းကိုနိုင်က ဆက်လက်ပြောကြား ရာတွင် ယင်းတို့၏ စိုးရိမ်ပူပန်မှု များသည် မိတ္ထီလာတွင် ဖြစ်ပေါ်လာပြီး၊ မတော်တဆ အရောင်းအဝယ်ကိစ္စ လေးတွင် ငြင်းကြခုန်ကြရာမှ မလိုလားအပ်ဘဲ ဘာသာရေး လူမျိုးရေး ခေါင်းစဉ်အောက် ဆွဲထည့်ကာ ပြဿနာ မကြီးကြီးအောင် မည်သည့်ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည် ကို သေချာသုံးသပ်စဉ်းစားသင့်ပြီး၊ မိတ္ထီလာ တွင်လည်း ဒေသခံပြည်သူအများစု သည် အေးချမ်းစွာနေလိုကြပြီး ငြိမ်း ချမ်းစွာ အသက်မွေးဝမ်းကျောင်းပြု နေသူများဖြစ်ကြသည်။ အခင်းဖြစ်ပွား စဉ်တွင် လူရမ်းကား လူနည်းစု အုပ်စု တစ်စုမှ နေရာတကာသို့ လှည့်လည် ကာ လက်နက်ကိုင်ပြီး ရမ်းကား သောင်းကျန်း ဖျက်ဆီးမှု များပြုလုပ်နေသည် ကို ကြောက်လန့်ကြ သဖြင့် တံခါးပိတ်သူ ပိတ်၊ ထွက်ပြေးသူ ပြေးဖြစ်ကုန် ကြ ကြောင်း၊ ထိုသူများကို ဒေသခံများ ပူးပေါင်းပြီး ပြန်လည် ခုခံဖို့ ဆိုရာတွင် လည်း ဒေသခံ ပြည်သူများမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရန် လက်နက် ကိုင်သောအခါမှ အကြမ်းဖက် သမားဟု အထင်လွဲကာ ပစ်ခတ်ချေမှုန်းမှာ ကို ကြောက်ရွံ့သောကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ ထွက်မလာခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ အာဏာပိုင်များအနေဖြင့် အကြောင်း တရားကို သတ်နိုင်မှသာ အကျိုး တရားသေမည် ဖြစ်သောကြောင့် ရှို့မည့်လက်နှင့် လောင်စာကို မရုပ်သိမ်းဘဲ မီးလောင်ပြီးမှ မီးသတ်ကား ခေါ်ယူခြင်းသည် မှန်ကန်သည့် ဖြေရှင်းနည်း မဟုတ်ဘဲ ထောက်လှမ်းရေး အများကြီးမွေးထားကာ၊ သတင်းပေးသူ များဖြင့် ရပ်တည်နေသည့် အုပ်ချုပ်ရေးပိုင်းက သူများသည် မည်သည့် အကြောင်းကြောင့် တရားခံကို မတား နိုင်တာလဲဟု ပြည်သူ တစ်ယောက် အနေဖြင့် မေးလိုကြောင်း ပြောသည်။

ထို့ပြင် အထက်ပါ အဓိကရုဏ်းများ၊ အကြမ်းဖက်မှုများ အပေါ် မင်းကိုနိုင်က သုံးသပ်ပြောကြားရာတွင် လူမျိုးရေး ဘာသာရေး အဓိကရုဏ်း များဟု မည်သူကပဲ ဆိုင်းဘုတ်တင် နေပါစေ ပြည်သူများ အနေဖြင့် ထိုအရာများ ထိုစကားရပ် များကို လက်မခံဖို့ လိုအပ်ကြောင်း၊ အကြမ်းဖက်သူ များသည် မည်သည့် အသားအရောင်၊ လူမျိုးဘာသာ ကွဲပြားနေပါစေ အကြမ်း ဖက်သူမှာ အကြမ်းဖက်သူသာဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေသူ များသည် ငြိမ်းငြိမ်းချမ်းချမ်းနေသူများအဖြစ် ကွဲကွဲပြားပြား ရှုမြင်ရန် လိုအပ်သလို လူကိုသေစေနိုင်သည့် လက်နက်များ ဓာတုပစ္စည်းများ စုဆောင်းခြင်းသည် သင့်လျော်သည့်ကိစ္စမဟုတ်သောကြောင့် လက်သင့်ခံရန် မသင့်ဘဲ ပြည်သူများ အနေဖြင့် ထိုသို့ လက်နက် စုဆောင်း နေစရာ မလိုဘဲ တာဝန်ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်း၊ လုံခြုံရေး အဖွဲ့ အစည်းများ ကသာ ပြည်သူလူထုဘဝ လုံခြုံရေးကိစ္စ အပြည့်အဝ တာဝန်ယူရန် လိုအပ်ပြီး လက်နက်ကိုင် အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် မူလ တာဝန်ဖြစ်သည့် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ကို အပြည့်အဝ ယူမည်ဆိုပါက မလိုလားအပ်သည့် ပြဿနာ များ ချုပ်ငြိမ်းသွားနိုင်မည်ဖြစ်သလို တိုင်းပြည်လည်း တည်ငြိမ်အေးချမ်း မည် ဟုယူဆကြောင်းပြောသည်။

တိုင်းပြည်ရှိ ပြည်သူများလုံခြုံ ရေးနှင့် အသက်အိုးအိမ် စည်းစိမ် အကာအကွယ်ပေးရန် အာဏာပိုင် အဖွဲ့အစည်း များတွင် အပြည့်အဝ တာဝန်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိ ထမ်းဆောင်နေရသည့် တာဝန်ကို အပြည့်အဝ ထမ်းဆောင် ရန် လိုအပ်ကြောင်း မင်းကိုနိုင်က ပြောရာတွင် “ လွှတ်တော်ထဲမှာ သိပ်ဆွေးနွေးချင် ရင် အရပ်ဝတ်လဲပြီး လွှတ်တော်ထဲ ဝင်ပါ။ ယူနီဖောင်း ဝတ်လက်နက်ကိုင် အဖွဲ့အစည်း ဆိုရင် ကိုယ့်မူလတာဝန် ဖြစ်တဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို အပြည့်အဝတာဝန်ယူပါ။ အခုတော့ ကိုယ့်အလုပ် ကိုယ်မလုပ် ကိုယ့်တာဝန် ကိုယ်မယူ ကိုယ့်နေရာ ကိုယ်မနေတာတွေက ဒီကိစ္စမှာ အများကြီးပါတယ်” ဟုဆိုသည်။

ထို့ပြင် မိတ္ထီလာကိစ္စသည် တရား ဥပဒေစိုးမိုးမှုအပေါ်တွင် ပြည်သူများ၏ အယုံအကြည် ကင်းမဲ့မှုနှင့် တရားဥပဒေ နည်းကျ အဆုံးအဖြတ် ခံယူလိုသော စိတ်နည်းပါးမှုကြောင့် ဖြစ်ရသည်ဟု ဆိုရာတွင် “အခုဖြစ်ရတာက တရားဥပဒေ စိုးမိုးမှု အားနည်း တာကြောင့်လို့ဆိုနိုင်တယ်။ အစတ ကည်းက ရွှေအရောင်းအဝယ် ကိစ္စကို တရားရုံးမှာ ဖြေရှင်းသင့်တာ သာမန် အားဖြင့် သိသော်လည်း လူတွေ အသိမှာက တရားစီရင်ရေးကို အယုံအကြည် မဲ့နေတယ်။ တရားစီရင်ရေးကို မယုံ ကြတော့ ငါတို့ လက်နဲ့ဖြေရှင်း လိုက်တာသေချာပါတယ် ဆိုပြီး ဖြစ်ကုန်တာ။ ရခိုင်ကိစ္စမှာလည်း ဒါပါပဲ။ တရားခံတွေကို ကြိုးပေးကွပ်မျက် ထိရောက်တဲ့ တရားစီရင်မှု တွေပေးမယ် ဆိုရင် မိသွားပြီ။ ပြီးသွားပြီ။ မိရင် သူ့ တရား သူစီရင်မယ် ပြောမှာပေါ့။ အခု ဘာလို့ တရားခံ တောင်းတာလဲ၊ တရား စီရင်ရေးကို မယုံလို့ပေါ့။ ကျွန်တော် ကိုယ်တိုင်လဲ ထောင်ထဲမှာ နှစ် ၂ဝ ကျော်နေလာ ခဲ့တော့ သိတယ်။ ပိုက်ဆံ ရှိတဲ့ သူတွေကငွေပေးနိုင်ရင် တရား ဥပဒေ အဆုံးအမ ခံယူရရင်တောင် မတူ ကြဘူး။  ငွေမရှိတဲ့သူက ဘာမဟုတ် တဲ့ အချိန်မတော် လမ်းလျှောက်မှုလေး နဲ့ ရဲဖက်စခန်း မှာ သေသွားရတာမျိုး တွေရှိတယ်”  ဟုဆိုသည်။

တရားဥပဒေ အဆုံးအဖြတ်ကို မနာခံလိုဘဲ မိမိကိုယ်တိုင် စိတ်မြန် လက်မြန် ကိုယ်ထိ လက်ရောက် ဖြေရှင်းမှု များကြောင့် မိတ္ထီလာ ကိစ္စသည်ပိုမို ပြင်းထန်သွားရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက သုံးသပ် ရာတွင်“ပထမရွှေဆိုင်မှာ တည်းက အမှုဖွင့်ပြီးသား၊ ရဲကလည်း အမှုဖွင့်ပြီး တာနဲ့ တရားရုံးတင်လို့တော့ မရဘူး။  ဥပဒေ အကြံပေးဆီမှာ အမြန်ဆုံး အကြံ တောင်းပြီးမှ တင်ရတာ။ အဲဒီအခါ နှောင့်နှေးမှုဖြစ်တယ်ပေါ့။ နောက် ၁ နာရီကျော်အကြာ မကျေနပ်သူတွေ က ရောက်လာပြီး ကိုယ်တိုင်ကိုယ်ထိ  လက်ရောက် ဖြေရှင်း လိုက်သလို ဖြစ် သွားတာ။ ဥပဒေဘောင် ထဲကသာ သွားရင် ဒါမျိုး မဖြစ်ဘူး။ လူအုပ်စုနဲ့ ဖြစ်တာကလည်း ဥပဒေနဲ့ မညီညွတ် ဘူး။ တရားဥပဒေ အဆုံးအမ ခံယူပြီး နည်းလမ်းမကျဘူး။ အဆုံးအဖြတ်မ ကျေနပ်ဘူး ဆိုလည်း လုပ်နိုင်တာတွေ ရှိပါရက်နဲ့ တရားရုံးက အဆုံးအဖြတ်ကို မစောင့်ဘဲ ဆန္ဒစောပြီး ပြဿနာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းသလို ဖြစ်သွားတော့ မလိုလားအပ်ဘဲ ပြဿနာတွေက ပိုကြီးသွားတယ်။ ရဲကလည်း အမှုဖွင့်တာနဲ့ ဥပဒေ အကြံပေးဆီ တန်းတင်ပြီး မြန်မြန်ဆန်ဆန် လုပ်ရင် တော့ ပိုကောင်းတာ ပေါ့လေ” ဟု မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

ဝ၈၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*