ပြည်တွင်းသတင်း — ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၇


ရဲလုပ်ငန်း ဆောင်ရွက်ရာမှာ နိုင်ငံတကာနဲ့ ဆက်ဆံ ပူးပေါင်း ဆောင်ရွက်မှသာ ပိုမိုအောင်မြင် လာနိုင်မှာဖြစ်တဲ့ အတွက် သြစတြေးလျ ရဲတပ်ဖွဲ့ အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေး တိုးမြှင့် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ ဒုတိယ ရဲချုပ် Mr.NeilGaughan က ပြောကြား လိုက်ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေး တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် သြစတြေးလျနိုင်ငံ ဒုတိယ ရဲချုပ် Mr.NeilGaughan ဦးဆောင်သော အဖွဲ့ဟာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံ လာရောက် တွေ့ဆုံရာမှာ အခုလို ပြောကြားလိုက်တာပါ။ အဲဒီ တွေဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်နဲ့ အတူ အမှတ် (၃) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး၊ ဦးစီးအရာရှိ (ပထမတန်း)၊ ဒုတိယ ရဲမှူးကြီး မြင့်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတွေ၊ အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စုမှူးနဲ့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဌာနခွဲမှူးတို့က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ ဧည့်ခန်းမမှာ တွေဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ရန်ကုန်တိုင်း ဒေသကြီးရှိ နယ်မြေ အခြေအနေနဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ဆောင်ရွက်နေမှုတွေကို ပါဝါပွိုင့်နဲ့ ရှင်းလင်း ဆွေးနွေးခဲ့ပြီး သြစတြေးလျ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နဲ့ အဖွဲ့မှလည်း ရဲလုပ်ငန်း ဆောင်ရွက်ရာမှာ နိုင်ငံတကာနဲ့ ဆက်ဆံ ပူးပေါင်း ဆောင်ရွက်မှသာ ပိုမိုအောင်မြင် လာနိုင်မှာဖြစ်တဲ့ အတွက် သြစတြေးလျ ရဲတပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေး တိုးမြှင့် ပူးပေါင်းသွားမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*