ဆောင်းပါး — မတ်၊ ၂ဝ၁၃

 Maxim Gorky (၁၈၆၉-၁၉၃၆)

မက္ကဇင်ဂေါ်ကီသည် ရုရှားစာရေး ဆရာနှင့် ဆိုရှယ်လစ်သရုပ်မှန် စာပေ ဝါဒထူထောင်သူဖြစ်သကဲ့သို့ တော် လှန်ရေး သမားနှင့် နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးလည်းဖြစ်သည်။ ကြမ်းတမ်းသော ပေါင်းသင်းဆက်ဆံရေးအရ သဘာဝ အခြေပြုဝါဒအသိရှိသော ဂေါ်ကီကို သူ့မိတ်ဆွေ ရုရှားစာရေးဆရာ ချက်ကော့က ဖျက်ဆီး ပစ်ထိုက် သမျှ အရာအားလုံးကို ဖျက်ဆီးတတ်သော ဖျက်ဆီးရေး သမားတစ်ဦးအဖြစ် ဖော် ညွှန်းခဲ့သည်။

အမည်ရင်း အလက်ဆီ မက္ကဇင် မိုဗစ်(ချ)ပက်ရှကော့(ဗ်)ခေါ် မက္ကဇင် ဂေါ်ကီကို ရုရှားနိုင်ငံ။ နစ်ဇနီနော့ ဗဂိုရော့ မြို့၌ ၁၈၆၉ ခုနှစ်၊ မတ် ၂၈ ရက်(ပြက္ခဒိန်ဟောင်းအရ မတ် ၁၆ ရက်)တွင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ် ကထည်းက မိဘမဲ့ဖြစ်ခဲ့သဖြင့် ကျောင်းစာသင်ကြားမှု မပြုနိုင်ခဲ့ဘဲ အလုပ်မျိုးစုံ လုပ်၍ အသက်မွေးခဲ့ရ သည်။ ဗော်လဂါ မြစ်ရိုး တစ်လျှောက် သင်္ဘောမီးထိုး သမားဘဝဖြင့် လုပ်ကိုင်နေစဉ် ရင်းနှီးခင်မင်သော သင်္ဘော ထမင်းချက် က စာသင်ပေးသဖြင့် စာတတ်မြောက် ခဲ့ရာမှ စာပေသည် သူ့ဘဝ၏ အဖော်မွန်ဖြစ်လာခဲ့သည်။ ကြမ်းရှသော ဘဝမျိုးစုံတွင် ခါးသည်းစွာ ကျင်လည်ခဲ့ရသဖြင့် ထိုအတွေ့ အကြုံများကို စာရေးသောအခါ “ခါး သည်းသူ” ဟု အဓိပ္ပာယ်ပေါက်သော “ဂေါ်ကီ” အမည်ဖြင့် ရေးသားဖြစ်ခဲ့ သည်။

အသက် ၂၄ နှစ်အရွယ်တွင် ပြည်နယ် သတင်းစာတစ်စောင်တွင် သတင်းထောက်အဖြစ် စတင်အသက် မွေးရင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် လည်း ပါဝင် ပတ်သက် ခဲ့သည်။ ဇာဘုရင် ဆန့်ကျင်ရေး တော်လှန်ရေးသမား များနှင့် ပေါင်းဖက်မှု၊ လက်ရှိလူနေ မှုစနစ်နှင့်ပတ်သက်၍ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုမှု တို့ကြောင့် ထောင်ထဲသို့ ဝင်လိုက် ထွက်လိုက်ဖြစ် ခဲ့ရသော်လည်း သူ့ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသော ခြေသလုံး အိမ်တိုင် လူလေလူလွင့်များနှင့် လူ့အဖွဲ့အစည်း ၏ အစွန့်ပယ်ခံ အခြေအနေမဲ့ ဘဝ များအား စာနာ သော အမြင်ဖြင့် ရေးသားထားသည့် ဝတ္ထုတို အနည်းငယ်ကို ရေးသားထုတ်ဝေနိုင်ခဲ့ရာ မကြာမီပင် လူကြိုက်များ ကျော်ကြား လာခဲ့ သည်။

သူ့ဝတ္ထုများမှာ ရုရှား ပြည်သူတို့၏ နှလုံးသားကို ဖမ်းဆုပ်နိုင်ခဲ့ပြီး သူ့ကို လူထုသူရဲကောင်းအဖြစ် လက်ခံလာ ခဲ့သည်။ သူကား လူလေလူလွင့်များ၊ သူခိုးသူဝှက်များ၏ အထူး အဆန်း နေ့စဉ်ဘဝ ရုန်းကန်မှုများကို အလေး ထား၍ စာနာစွာ ရေးသားခဲ့သော ပထမဆုံး ရုရှား စာရေးဆရာ ဖြစ်သည်။ နောက်ဆုံး ၁၉ဝဝ ပြည့် နှစ်တွင် သူ့သတင်းမှာ “စာပေ ပါရမီထူးကဲသည့်  ဗော်လဂါမြစ်ရိုးမှ ခြေသလုံးအိမ်တိုင် တစ်ဦး” အဖြစ် မော်စကို အနုပညာ ဇာတ်ခုံသို့ ရောက်သွားခဲ့သည်။ ချက်ကော့၏ မိတ်ဆက်ပေးမှုဖြင့် သူ၏ ပထမဆုံး ပြဇာတ် “ဘဝင်ကိုင်သော မြို့ကြီးသား (The Smug Citizen 1902)” ကို မော်စကို အနုပညာ ဇာတ်ရုံ၌ စတင် ပြခဲ့ရာ ပွင့်လင်း သော အမြင်များ ကြောင့် ဇာဘုရင့် ပုလိပ်များ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

သူ၏ ဒုတိယပြဇာတ် “အောက်ဆုံးအလွှာ”(The Lower Depths 1902) မှာ ပို၍ပင် အောင်မြင်ခဲ့သည်။ ထိုပြဇာတ်မှာ လူသားချင်း မစာနာမှု ကို ဆန့်ကျင် ကန့်ကွက်၍ လူ့အဖွဲ့အစည်း၏ မမျှတမှုများကို ဖွင့်ချထား သည်။ တစ်ဖက် တွင်လည်း တော် လှန်ရေး လှုပ်ရှားမှုများတွင် ပို၍ ထဲထဲဝင်ဝင် ပတ်သက်ခဲ့ပြီး မာ့(စ)ဝါဒီ များကို သူ့ပြဇာတ်မှ ရရှိသော ဝင်ငွေ ဖြင့် ထောက်ပံ့ခဲ့သည်။ ထို့အတွက် ကြောင့်လည်း ဂေါ်ကီသည် ထောင် ထဲသို့ ဝင်လိုက် ထွက်လိုက် လုပ်ခဲ့ရ ပြန်သည်။ ထောင်တွင်းတွင် “နေမင်း ၏ ရင်သွေးများ (The Children of the Sun) ကို ရေးခဲ့သည်။ မအောင်မြင်သော ၁၉ဝ၅ ခုနှစ် တော်လှန်ရေး အတွင်း ပါဝင်မှုကြောင့် ဂေါ်ကီသည် အမေရိက အပါအဝင် နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့ရပြီး တော် လှန်ရေးအတွက် ရန်ပုံငွေရှာခဲ့သည်။ ထို အတော အတွင်း Summer Folk 1903, Barbarians 1906, Enemies 1906, The Mother 1907, The Last Ones 1908, Queer People 1910, Vassa Zelezmiva 1910 တို့ကို ရေး သားခဲ့သည်။ အမေ (The Mother) မှာ ဂန္တဝင်ဝတ္ထု အဖြစ် အထူးကျော် ကြားသည်။

၁၉၁၃ ခုနှစ်တွင် ရုရှားသို့ ပြန် လာခွင့်ရခဲ့ပြီး လူမှုဝေဖန်ရေးစာများ ဆက်လက်ရေးသားရင်း အခြေခံ လူတန်းစား များကြားမှ အခြားစာရေးဆရာများကို စာပေအမွေများ ပို့ချပေးခဲ့သည်။ ထိုအတောအတွင်း ကိုယ်ရေး အတ္ထုပ္ပတ္တိဖြစ်သော “အရွယ်မတိုင်မီ (My Childhood 1914)” ၊ “ဘုံလယ်တစ်ခွင် (In the World 1916)” နှင့် ဘဝတက္ကသိုလ် (My University 1923)” သုံးအုပ် အပါ အဝင် အရေးကြီးသော ယဉ်ကျေးမှု နှင့် အမှတ်တရ စာပေများ ရေးသားခဲ့ သည်။

ဂေါ်ကီသည် ၁၉၁၇ ခုနှစ် ရုရှား တော်လှန်ရေးအပြီး ၁၉၂၂ ခုနှစ်မှ ၁၉၃ဝ ခုနှစ်အထိ အီတလီသို့ သွား ရောက်နေထိုင်ခဲ့သည်။ ၁၉၃ဝ ခုနှစ် တွင် ရုရှားသို့ ပြန်လည်ရောက်ရှိ လာခဲ့ရာ ဆိုရှယ်လစ်သရုပ်မှန်စာပေ၏ ဖခင်ကြီးအဖြစ် ဂုဏ်ပြုကြိုဆိုခံခဲ့ရ သည်။ ထို့နောက် ဝတ္ထုများ၊ အက် ဆေးများ၊ ဆောင်းပါး များနှင့် ပြဇာတ် များကို ဆက်လက်ရေးသားခဲ့ပြီး ၁၉၃၆ ခုနှစ်၊ ဇွန် ၁၄ ရက်တွင် အဆုတ်နာရောဂါဖြင့် ကွယ်လွန်ခဲ့ သည်။

ကိုးကား၊ အတ္ထုပ္ပတ္တိ အဘိဓာန်

(မောင်ဝံသ)

–       beltertheworld.com

–       amazon.com

–       Wikipedia, the free encyclopedia

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*