ဆောင်းပါး — မတ် ၁၇၊ ၂ဝ၁၃

Albert Einstein

(၁၈၇၉ – ၁၉၅၅)

albert

အဲ(လ)ဘတ် အိုင်စတိုင်းသည် ၂ဝ ရာစု၏ အကြီးမြတ်ဆုံး သိပ္ပံ ပညာရှင်အဖြစ် အသိအမှတ် ပြုခံရ သော ဂျာမန်နွယ်ဖွား၊ အမေရိကန် သဘောတရားရေးရာ ရူပဗေဒပညာ ရှင်ဖြစ်ပြီး ၁၉၂၁ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်လည်းဖြစ် သည်။သူရှာဖွေဖော်ထုတ်ခဲ့သော နှိုင်းရ ဓမ္မသဘောတရား (Relativity Theory) မှာ ယနေ့ အချိန်ထိ အသုံးဝင် မှန်ကန်နေဆဲ တရားဖြစ်သည်။ နျူကလီး ယားကွဲကွာမှု (Nuclear Fission) ကို သူဖော်ထုတ်တင်ပြခဲ့သော်လည်း ထို နျူကလီးယား စွမ်းအင်ကို အသုံးချ၍ နျူကလီးယား လက်နက် ထုတ်လုပ်ခြင်းကို အပြင်းအထန် ဆန့်ကျင်ရှုံ့ချခဲ့သော စစ်ဆန့်ကျင်ရေးသမားတစ်ဦး ဖြစ်သည်။

အဲ(လ)ဘတ် အိုင်စတိုင်းကို ၁၈၇၉ ခုနှစ် မတ် ၁၄ ရက်တွင် ဂျာမန် အင်ပိုင်ယာ၊ ဝါတင်ဘတ်(ဂ)နယ်၊ အန်းမြို့၌ ဖခင်ဟာမန်းအိုင်စတိုင်းနှင့် မိခင် ပေါ်လင်း အိုင်စတိုင်းတို့က မွေးဖွားခဲ့သည်။ အသက် ၆ ပတ်သား အရွယ်တွင် မိသားစုက မြူးနစ်မြို့ သို့ ပြောင်းရွှေ့ခဲ့သဖြင့် ငယ်စဉ်က မြူးနစ်တွင် စတင်ပညာသင်ကြားခဲ့ ပြီး နောက်ပိုင်း တွင် အီတလီနိုင်ငံ၌ ဆက်လက်သင်ကြားကာ ၁၈ဝ၆ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ရှိ ဖယ်ဒရယ်ပိုလီတက္ကနစ် ကျောင်း သို့ တက်ရောက်ခဲ့သည်။ ၁၉ဝဝ ပြည့် နှစ်တွင် ရူပဗေဒဖြင့် ဘွဲ့ရခဲ့ပြီး ၁၉ဝ၅ ခုနှစ်တွင် ပါရဂူဘွဲ့ရရှိခဲ့သည်။

အိုင်စတိုင်းသည် ဝဝဝ ခုနှစ် တွင် ဇူးရစ်တက္ကသိုလ်၌ ပါမောက္ခ ဖြစ်ခဲ့ပြီး ၁၉၁၁ ခုနှစ်တွင် ချက်နိုင်ငံ တွင် ပါမောက္ခ အဖြစ် ယာယီတာဝန် ထမ်းဆောင်ကာ နောင်နှစ်တွင် ဇူးရစ် ၌ ပြန်လည် တာဝန်ယူခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဘာလင်တက္ကသိုလ်၌ ပါမောက္ခအဖြစ်နှင့် ဂျာမဏီနိုင်ငံသား ဖြစ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင်  နာဇီ ဟစ်တလာ၏ ဂျူးဆန့်ကျင်သော နိုင်ငံရေးကြောင့် ဂျာမဏီနိုင်ငံသား အဖြစ်ကို စွန့်လွှတ်၍ အမေရိကားသို့ ထွက်ပြေး ဝင်ရောက်ခဲ့ပြီး ပရင့်စတန်တက္ကသိုလ် တွင် သဘောတရားရေးရာ ရူပဗေဒ ပါမောက္ခအဖြစ် တာဝန်ယူ ခဲ့သည်။ ၁၉၄ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံသား  အဖြစ်ခံယူပြီး ၁၉၄၅ ခုနှစ်တွင် ရာထူးမှ အနားယူ ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက် လာသည့် ကမ္ဘာ့အစိုးရလှုပ်ရှားမှုတွင် အဓိက ဦးဆောင်သူတစ်ဦးဖြစ်သော အိုင်စတိုင်းကို အစ္စရေးနိုင်ငံ၏ သမ္မတ တာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ သို့ သော် ဂျေရုဆလင် ဟီးဘရူးတက္ကသိုလ်  ထူထောင်ရေးတွင် ဒေါက်တာ ချိမ်း (မ)ဝိုက်(ဇ)မင်းနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

အိုင်စတိုင်းသည် ရူပဗေဒ၏ ပြဿနာများကို အမြဲတမ်းရှာဖွေပြီး မရမက ဖြေရှင်းလေ့ရှိခဲ့သည်။ ပြဿနာ ဖြေရှင်းရာတွင် သူ့ကိုယ်ပိုင် မဟာဗျူဟာကို အသုံးပြုပြီး ပန်းတိုင်ရောက်  ရှိရေးအတွက် အရေးပါသောအဆင့် များကို တင်ကြိုမြင်နိုင်စွမ်းရှိသည်။ သူသည် ကြီးမားသော အောင်မြင်မှုများ  ရရှိလာခြင်းအပေါ်၌ ကျေနပ် မနေဘဲ နောက်တစ်ဆင့် တက်လှမ်းရန် လှေကား ထစ်များအဖြစ်သာသဘောထားခဲ့သည်။

စကြာဝဠာကြီးကို လေ့လာရာ တွင် ကာလနှင့် အာကာသကို အခြေ တည်၍ အိုင်စတိုင်းက ရှင်းလင်းပြခဲ့ သည်။ E-mc2 ဟူသော သင်္ချာညီမျှ ခြင်းသည် ယနေ့တိုင် ကျော်ကြား သော စွမ်းအင်သဘောတရားဖွင့်ဆို ချက်ဖြစ်သည်။ စွမ်းအင် (Energy) သည် ဒြပ်ထု (mass)နှင့် အလင်း အလျင်နှုန်း (c)နှစ်ဆမြှောက်၍ ရသည့် ရလဒ်နှင့် ညီမျှသည်ဟု အိုင်စတိုင်း က ဆိုသည်။ ဤညီမျှခြင်းမှ နျူကလီးယား စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့ကြ ရသည်။ ၁၉၂၁ ခုနှစ်တွင် ရူပဗေဒ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။

၁၉၃၉ ခုနှစ်တွင် အိုင်စတိုင်းက အမေရိကန်သမ္မတ ရုစဗဲ့ထံသို့ စာ ရေးပြီး နျူကလီးယားစွမ်းအင်၏ စစ်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ များကို ဖော် ပြခဲ့သည်။ တစ်ဖက်တွင် ဟစ်တလာ ၏ နာဇီဂျာမဏီက အနုမြူဗုံး ပြုလုပ် နိုင်ခြေ ကိုလည်း ထောက်ပြသတိပေး ခဲ့ရာ သူ၏ အကြောင်းကြားချက်က အမေရိကန်၏ အနုမြူဗုံး ထုတ်လုပ်ရန် ဆုံးဖြတ်ရာတွင် ဩဇာ သက်ရောက်ခဲ့ သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန် က ဂျပန်ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့များ ပေါ်သို့ အနုမြူဗုံးများ သုံးစွဲ တိုက်ခိုက်သောအခါ အိုင်စတိုင်းက အပြင်းအထန် ကန့်ကွက်ရှုံ့ချခဲ့ပြီး နောက်ပိုင်း တွင် နျူကလီးယား လက်နက်များ ဆန့်ကျင်ရေးကို တောက် လျှောက်ရေးသားဟောပြောခဲ့သည်။

အိုင်စတိုင်း၏ သုတေသနတွေ့ ရှိချက်များမှ အထူးအရေးကြီးသော မှတ်တမ်းများမှာ နှိုင်းရဓမ္မဆိုင်ရာ အထူး သဘောတရား (Special Theory of Relativity 1905)၊ နှိုင်းရဓမ္မတရား အင်္ဂလိပ်ဘာသာပြန် (Relativity 1920, 1950)၊ နှိုင်းရဓမ္မဆိုင်ရာ အထွေထွေသဘောတရား (General Theory of Relativity 1916)၊ ဘရောင်း ရွေ့လျားမှုဆိုင်ရာ သဘောတရား လေ့လာချက်များ (Investigations on Theory of Brownian Movement 1926) နှင့် ရူပဗေဒ ဆင့်ကဲဖြစ်စဉ် (The Evolution of Physics 1938) တို့ဖြစ်သည်။ သိပ္ပံစမ်းသပ်မှု မဟုတ်သော ကျမ်းများမှာ ဇီယွန်ဝါဒအကြောင်း (About Zionism 1930)၊ စစ်ဘာကြောင့်ဖြစ် (Why War 1933)၊ ကျွန်ုပ်၏ အတွေးအခေါ် (My Philosophy) နှင့်  ကျွန်ုပ်၏ နောက်ပိုင်းနှစ်ကာလများ (Out of My later Years 1950) တို့ ဖြစ်ပါသည်။

အဲ(လ)ဘတ် အိုင်းစတိုင်းသည် ၁၉၅၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် အေဩတစ် သွေးကြော ပေါက်ကွဲမှုကြောင့် အတွင်း သွေးယိုမှုဖြစ်ပွားကာ ကွယ်လွန်ခဲ့ပါသည်။

ကိုးကား၊

အတ္ထုပ္ပတ္တိ အဘိဓာန် (မောင်ဝံသ)၊

Nobleprize.org, anythings.org, Wikipedia, free encyclopedia

စိုးမြင့်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*