ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ရန်ကုန် ဘတ်စ်အပြောင်းအလဲဟာ မျက်စိစုံလုံးမှိတ် ထောက်ခံမယ့် လော်ဘီတွေသာ မဟုတ်ရင် ဟာကွက်တွေ အများကြီးနဲ့ပါ။ ပြောစရာတွေ တောင်လို ပုံနေပါတယ်။ ယာဉ်လိုင်းတွေ မရောက်တော့တာတွေ၊ ၂ ဆင့် စီးရတာတွေ၊ လမ်းလျှောက်ရတာတွေ။ အင်မတန် အဆင့်မြင့်တဲ့ ကားကြီးတွေ လာမလိုလို ကြွားလုံးထုတ်ခဲ့သမျှ ဒိုင်နာမှ ဝိုင်ဘီအက်စ် တပ်ပြီး ပြေးဆွဲနေတဲ့ မြင်ကွင်းတွေက လိုအပ်ချက်တွေကို အလိုလို ဝန်ခံနေပါတယ်။

ပညာရှင်တွေရဲ့ ဝေဖန်ချက်တွေကို ကောက်ယူရင် လိုရာဆွဲပြော ရေးသားရာ ရောက်နေမှာမို့ ဒီအပါတ်မှာ တကယ့် ခရီးသွားစစ်စစ် ပြည်သူများကို မေးမြန်းထားတာတွေကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
ကိုကျော်သူအောင်
▬▬▬▬▬▬▬
နံရိုး ၃ ချောင်းတောင် ကျိုးသွားလောက်တယ်။ ကားစီးရတာ လူတွေက အများကြီး၊ ကားတစ်စီးနဲ့ တစ်စီးက အကြာကြီး၊ ပြီးတော့ ခရီးမတွင်ဘူး။ ပိုက်ဆံ ပိုကုန်လာတယ်။ အချိန် ပိုကုန်တာ။ ကားပြောင်းစီးရတာ များတယ်။ အရင်က တဆင့်တည်း ရောက်တယ်။ အခုက ပြောင်းပြီးစီးရတယ်။ အစိုးရဘက်က ပြောင်းလဲမှု နောက်ကွယ်က အဆင်မပြေမှုတွေကို အဆင်ပြေအောင် ပြင်သင့်တယ်။ ပြင်ပေးသင့်တယ်။

 

မနှင်းနှင်း (ကုပ္မဏီ ဝန်ထမ်း)
▬▬▬▬▬▬▬▬▬▬▬
အရင်က မနက်ပိုင်းဆို တဆင့် ၂၀၀ နဲ့ ရောက်တယ်။ ခုတော့ ဘယ်လိုစီးစီး ၄၀၀။ မနက် ညဆို ၈၀၀ အဓိက က တဆင့်ထဲနဲ့ လိုရာရောက်ရင် ပိုကောင်းတယ်။ ဒါမှမဟုတ် ၁၀၀ ၂၀၀ ၃၀၀ ပိုင်းဖြတ် ထားရင် အဆင်ပိုပြေပါတယ်လို့။ ကားလိုင်းတွေ ပိုချစေချင်တယ်။ ဒဂုံတောင်ဟာ လူဦးရေ များလွန်းလို့ပါလို့။

 

ကိုသန်းထိုက်အောင်
▬▬▬▬▬▬▬▬
အခုက အသစ်မို့လူတွေ နားမလည်သေးတာ။ လမ်းကြောင်းတွေကို နောက် ကားတွေက sticker တွေကပ်နေတော့ လမ်းပေါ်မှာ သိပ်မစုံသေးဘူးလေ။ ဒါက ဖြစ်တတ်ပါတယ်။ ဦးဖြိုးမင်းသိန်းရဲ့ ပြုပြင်မှုတွေကို အကိုက အပြည်အဝ ထောက်ခံတယ်။

 

ကိုမင်းမင်းစိုး
▬▬▬▬▬
မြောက်ဒဂုံ ဗထူးလမ်းကနေ မာလာကွေ့ကို ၁၀ ရောက်တယ်။ မနက်တော့ ၆ နာရီစီးတာဆိုတော့ အဆင်ပြေတယ်။ အပြန် ၇း၃၀ ၈ နာရီ ပြန်တာ ကားမလာလို့ ၃ ဆင့်စီး ပြန်လာတယ်။ ညက ဘယ်စီးစီး ၂၀၀ ဆိုတော့။ နောက်ပြီးတော့ရော မြောက်ဥက္ကလာ အဝိုင်းကနေ ဂန္ဓာရုံ (တစ်မှတ်တိုင်) လောက်ကို ၂၀၀ ပေးရတော့ ပြသနာအသံတွေ ရှိတယ်။ မြောက်ဒဂုံ မဟာမြိုင်ဘက် ဦးဝိစာရလမ်းဘက် မနေ့က ကားမဆွဲဘူး။ တိုက်ရိုက် မရောက်တာရယ် ကားခရယ်ပေါ့နော်။ အရင် ၁၀၇ ၁၀၈ ၃၇ သွားတဲ့နေရာတွေပေါ့။ အမတို့ဘက်ကတော့ တိုက်ရိုက် မရောက်တာ အရင်ကတည်းကပဲ ဆူးလေသွားချင် ၃၇ ပတ်စီး မင်္ဂလာဈေးဆို ၁၀၈ အင်းစိန်ဆို ၂၀၂ သာကေတဆို ၄၉ အစိမ်း စီးရတယ်။

 

ကိုသူရိန်ကျော်
▬▬▬▬▬
မနေ့ကတော့ ကားမလာလို့ ၄ ဆင့်ပြောင်းစီး လိုက်ရတယ်၊ လိုင်းနံပါတ် ၁၈ က ၂ စီးထဲရှိတော့ မဆွဲဘူးဆိုပြီး ရပ်လိုက်တာ ဒီနေ့ အခမဲ့ကား လိုက်စီးတာဟ၊ စပယ်ယာ လိုက်လုပ်လိုက်တယ်။ ပုစွန်တောင်ကနေ ၂၄ စီးတော့ ၂၀၀၊ ဈေးလေးကနေ ဇဝန ထိ ၂၀၀၊ ဇဝန ကနေ့ အဝိုင်း ထိ ၂၀၀ အဝိုင်းကနေ ၆ ကွေ့ ၂၀၀ ၆ ကွေ့ ကနေ စိုက်ပျိုးရေး ၂၀၀ ကုန်တယ် စပယ်ယာတွေက အရင်အတိုင်းဘဲ အချိုးမပြေဘူး။ စေတနာ့ ဝန်ထမ်းလုပ်နေတယ့် သူတွေကလဲ ယောင်တောင်တောင် ဒီမနက်တော့ ကားက ၂ ဆင့်ဘဲစီးရတယ်။ ပြီးတော့ ၁၅ မိနစ် လမ်းလျောက်ရတယ်။ အပြောင်းအလဲပေါ့။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*