ပြည်တွင်းသတင်း — ရန်ကုန်၊ ဇွန် ၂၂၊ ၂ဝ၁၂

ဗြိတိသျှကောင်စီနှင့် EL TeCS မြန်မာတို့မှ ကြီးမှူးကျင်းပသော အင်္ဂလိပ်စာဆရာ၊ ဆရာမများအတွက် နှစ်ပတ်လည်    နှီးနှောဖလှယ်ပွဲ ELT Conference for Teachers of English ကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ် ၁၁ ရက်၊ စနေနှင့် ၁၂ ရက် တနင်္ဂနွေ တို့တွင် ဆီဒိုးနား ဟိုတယ်၊ ရန်ကုန်မြို့၌ ၁၃ ကြိမ်မြောက် ကျင်းပမည် ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သိရသည်။ ဆွေးနွေးပွဲ အဓိကအကြောင်းအရာမှာ ““အပြောင်းအလဲသဘောကို လက်ခံ ကျင့်သုံးခြင်း၊ အခက်အခဲကို အခွင့်အလမ်းအဖြစ်သို့ ပြောင်းလဲယူခြင်း” (Embracing Change: Moving from Challenge to Opportunities) ဖြစ်ပြီး ELT နယ်ပယ်အတွင်း မကြာသေးမီက ဆန်းသစ်တီထွင်မှုများနှင့် ယင်းတို့အား စာသင်ခန်းအတွင်း လက်တွေ့အသုံးချမှု ဖြစ်ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ပင်တိုင်အကြောင်းအရာ(Keynot Speech) ကို ဆွေးနွေးတင်ပြမည့်သူမှာ ယူကေနိုင်ငံမှ သီးခြားလွတ်လပ်သော ထိပ်တန်းပညာရေး အတိုင်ပင်ခံ မစ္စတာ ဒေးဗစ်ဗေးလ်(Mr.David Vale) ဖြစ်ပါသည်။ ၂ ရက်ကြာ ကျင်းပပြုလုပ်မည့် ဤအခမ်းအနားတွင် အလုပ်ရုံ ဆွေးနွေးပွဲ ၄၈ ခု ပါဝင်မည်ဖြစ်ပြီး ယင်းတို့တွင် မြန်မာနိုင်ငံ သင်ကြားရေး နယ်ပယ်မှ လက်တွေ့သင်ကြားနေသော ဆရာ၊ ဆရာမများ၊ ဆရာဖြစ်သင်ကျောင်း များမှ သင်တန်းပို့ချသူများနှင့် ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ အီတလီ၊ အိန္ဒိယ၊ ထိုင်းနှင့် တရုတ်နိုင်ငံမှ ပညာရှင်များ၊ မြန်မာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူနှင့် ဆူဒန်အပါအဝင်ဗြိတိသျှကောင်စီ သင်ကြားရေးဌာန အသီးသီးမှ ပညာရှင်များက ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရ သည်။ ဤပွဲသို့ တက်ရောက်လိုသူ ဆရာ၊ ဆရာမများသည် ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်နှင့် ၂ဝ ရက်တို့တွင် နံနက် ၉း၃ဝ မှ ညနေ ၄း၃ဝ အတွင်း ကျပ် ၅ဝဝဝဝ ဖြင့် အမှတ် ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီရုံးတွင် နိုင်ငံသားကတ်(သို့) ယာဉ်မောင်းလိုင်စင် ယူဆောင်လာ၍ စာရင်းသွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဝ၃၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*