လူမှုရေးသတင်း — ရန်ကုန်၊ ဧပြီ ၁၊ ၂ဝ၁၃

ဧရာဝတီမြစ်ကြီး ရှင်သန်ရေးမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန် အရေးကြီးကြောင်း ရွှေဖိုးခေါင်ဂျာနယ် တာဝန်ခံ အယ်ဒီတာပြောကြား

မြန်မာနိုင်ငံ အတွင်းရှိ ငှက်များ အကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအကြောင်းများကို သီးသန့် ထုတ်ဝေသော ရွှေဖိုးခေါင်ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးကျော်မျိုးနိုင် က အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေဖို့ထက် မိမိနိုင်ငံ အတွင်းက ကလေးများ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိရရှိဖို့လိုအပ်ကြောင်း မြန်မာအင် ဒီပဲန်ဒင့်သို့ ပြောသည်။

ဦးကျော်မျိုးနိုင်က “ငှက်တွေကို ဓာတ်ပုံရိုက်တဲ့ကိစ္စက လူတိုင်းရိုက် နိုင်ဖို့တော့ မလွယ်ဘူး။ ကင်မရာက လည်း အဆင့်မြင့်တဲ့ ကင်မရာဖြစ်ဖို့ လိုပါတယ်။ နောက်တစ်ခါ ခရီးသွားရင်းနဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဟာမျိုးတွေကို ရိုက်ပြီးတော့ စုပြီး ထုတ်သင့်တယ်ထင်တာပေါ့။ International မှာ အင်္ဂလိပ်လိုဖြန့်ဖို့ထက် ကိုယ့်နိုင်ငံက ကလေးတွေ သဘာဝ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အသိရ ဖို့လိုတယ်။ အထူးသဖြင့် ကျောင်းတွေ မှာ ကလေးတွေကို ဒါတွေအသိပေး၊ ပညာပေးထားဖို့ လိုတဲ့ ကိစ္စတွေ ရှိလာတယ်။ မြန်မာပြည်ဟာ အင်မတန် လှပတဲ့ သဘာဝ တရားရှိတယ်။ သဘာဝ အရင်းအမြစ်တွေရှိတယ်။ ဂေဟစနစ်မှာရှိတဲ့ ဇီဝမျိုးစုံနေထိုင်နေ တာလည်း မှန်တယ်။ ဒါပေမယ့် ဒီဟာတွေက အခုအန္တရာယ် အရမ်းရှိလာပြီ။ ဒါတွေကို မထိန်းသိမ်းရင် ရေရှည်မှာ တိုင်းပြည်ရဲ့ စည်ပင်သာ ယာဝပြောမှု၊ ဂေဟစနစ်၊ ရာသီဥတု အမျိုးစုံ ပျက်ယွင်းနိုင်တဲ့ အနေအထား ရှိတယ်”ဟု ဆိုသည်။

ထို့ပြင် “ဧရာဝတီ တည်တံ့ဖို့ ကလည်း သူ့ကို ရေပေးဝေနေတဲ့ ခါကာဘိုရာဇီတောင်က ရေခဲပြင်တွေ က ရေချိုတွေပေါ့။ အဲဒါတွေက တကယ်တမ်းကျတော့ ခါကာဘိုရာဇီ ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမလွယ် က အီမောဘွန်းနှစ်ဖက် ကွဲပြီးတော့ တောင်ပေါ်ကနေဆင်းလာတဲ့ရေက မေခ၊ မလိခဖြစ်တယ်။ အဲဒီနားက အခြားရေခဲတောင်တွေ၊ မိုးရွာတဲ့ အခါမှာ ရေစီးကမ်းပြိုဖြစ်တယ်။ တောင် ပေါ်ချောင်းတွေက အကုန်ပေါင်းပြီး တော့ နောက်ဆုံးမှာ မေခရယ်၊ မလိ ခရယ် မိန်းနှစ်ခုဖြစ် တယ်။ ပြီးတော့ ဧရာဝတီမြစ်ကြီးဖြစ်တယ်။ အဲဒီ ဧရာဝတီမြစ်ကြီးရှင်သန်ဖို့က ဒီကိစ္စ အပေါ်မှာ မူတည်နေတယ်။ ကမ္ဘာ ကြီးပူနွေးပြီး တောင်ပေါ်ရေ တိမ်ဒေသ တွေ၊ ရေအိုင်တွေက ရေနည်း လာတယ်။ ပြီးတော့ ကချင်ပြည်နယ် ဘက်မှာရှိတဲ့ သစ်တောတွေကို ခုတ် တဲ့သူတော်တော်များလာတဲ့ အခါမှာ သစ်တော ထိန်းသိမ်းမှု လိုနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်တောတွေ က ဒီထဲမှာရှိတဲ့ မြေကိုစိုစွတ်အောင် ထိန်းပြီး ရေကိုဖြည်းဖြည်းချင်း ထုတ် ချပေးပြီးတော့ မေခ၊ မလိခကို အား ဖြည့်ပေးနေရတာ။ အဲဒီတော့ သစ်တောတွေ ပျက်လာတဲ့အတွက် ဒါတွေက နည်းနည်းတော့ ပြဿနာရှိ တယ်။ ဒီဟာတွေအကုန်လုံးကို လူ ငယ်တွေသိဖို့ လိုတယ်။ ကျောင်းတွေက ကလေးတွေ သိဖို့လိုတယ်။ နောက်တစ်ခုက တန်ဖိုး ထားတတ်ဖို့ လိုတယ်။ လူတွေက အမှတ်တမဲ့ လယ်ကွင်းထဲ လှမ်းကြည်လိုက်တဲ့အခါ မှာ ရေစပ်စပ်၊ ကုန်းစပ်စပ်မှာ ငှက် တွေ အများကြီးတွေ့တယ်။ များသော အားဖြင့် လူတွေက ဖြူနေတာက ဗျိုင်း၊ မဲနေတာက မယ်ညို ဆိုပြီးတော့ ပဲသိတာ။ သေချာ မသိရင် မကွဲပြားတဲ့ကိစ္စတွေ ရှိတာများတယ်။ အမှန် ကတော့ မဟုတ်ဘူး။ ငှက်တွေက အများကြီးရှိတယ်။ ပုလိပ်ဒေသတစ် ခုတည်းမှာပဲ ငှက်ပျိုးစုံ ၃၈ မျိုး လောက် ရှိတယ်လို့ မှန်းထားတယ်။  ဂေဟစနစ် ပုံမှန်ဖြစ်နေဖို့အတွက် ငှက်တွေရှိဖို့ လိုတာ အမှန်ပဲ။ တစ်နိုင်ငံလုံးမှာ ဒီစာအုပ်နဲ့ ပညာပေးချင်တာပေါ့။ နောက်တစ်ခါ ငှက်တွေ ပျောက်ပျက် သွားပြန်ရင်လည်း တစ်ချိန်တုန်းက ဒါတွေရှိခဲ့ပါလား ဆိုတာကို ပြချင်လို့ ဒီစာအုပ်ကို ထုတ်ခဲ့တာ” ဟုဦးကျော်မျိုးနိုင်က ဆက်လက်ပြောကြား သည်။

ရွှေဖိုးခေါင်ဂျာနယ်ထုတ်ဝေရာ တွင် ကြုံရသောအခက်အခဲများနှင့် ရည်ရွယ်ချက် တို့ကို ယင်းက “ပထမ တစ်ချက် ငွေကြေး အကုန်အကျ များတယ်။ ငှက်နောက်လိုက် တဲ့အခါ ကျတော့ ဒုတိယ ပစ္စည်းတွေ လိုတယ်။ နောက်ပြန် ဝင်ငွေ မရှိဘူး။ ဥပမာ မော်ဒယ်ရိုက်တယ်ဆိုရင် မျက် နှာဖုံးဝင်ငွေရှိတယ်။ အခြားရုပ်ရှင်မှာ လိုက်ရိုက်တယ် ဆိုရင် ဝင်ငွေရှိတယ်။ ကျွန်တော့်ငှက်ကျတော့ ဘယ်ကမှဝင်ငွေ မရှိဘူး။ ကျွန်တော်တို့သွားရိုက်ရင် ပူတာအိုတို့၊ မလိခတို့၊ မုတ္တမပင်လယ် ကွေ့တို့ နေရာအစုံ သွားရိုက် ရတယ်။ ဘာလို့ငှက်တွေကို ရိုက်ရတာလဲဆို တော့ ဥပမာ ဆိုပါတော့ ကျွန်တော်တို့ ငှက်တွေမြင်နေကြတယ်။ မှန်ပြောင်း မရှိဘူး။ ကင်မရာကောင်းကောင်းနဲ့ ဆွဲမကြည့်နိုင်တော့ သူတို့ဟာ မဲမဲလုံးလုံးလေးတွေပဲ တွေ့နေရတယ်။ အခု ကျွန်တော်တို့ ရိုက်လိုက်ပြီးတော့ ပုံကြီးချဲ့ပြလိုက်တော့မှ ဒီလောက် လှပါလားလို့ ကလေးတွေက သိသွားတယ်။ အဲဒီရည်ရွယ်ချက်ပေါ့” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ယင်းရွှေဖိုးခေါင် ဂျာနယ်သည် မြန်မာပြည်တွင် တစ်ကြိမ် တစ်ခါမျှ မထွက်ဖူးသေးသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာများ ပါရှိသည့် ဂျာနယ်ဖြစ်သည်။

ဝ၈၇

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*