ခေါင်းကြီးသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၂၉၊ ၂ဝ၁၃
အထက်ပေါင်းလောင်း ဆည် စီမံကိန်း မြင်ကွင်း

အထက်ပေါင်းလောင်း ဆည် စီမံကိန်း မြင်ကွင်း

အထက်ပေါင်းလောင်း ဆည် စီမံကိန်း မြင်ကွင်း

အထက်ပေါင်းလောင်း ဆည် စီမံကိန်း မြင်ကွင်း

စီမံကိန်းတစ်နေရာ လုပ်ငန်းခွင်မြင်ကွင်း

စီမံကိန်းတစ်နေရာ လုပ်ငန်းခွင်မြင်ကွင်း

အထက် ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် ရေဝပ်ဧရိယာ အတွင်း ကျရောက်သော ကျေးရွာများ ရွှေ့ပြောင်းရခြင်းနှင့် ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသားများ သိရှိစေရန် ဇန်နဝါရီ ၂၆ ရက်၊ နေ့လယ် ၁၁ နာရီတွင် အထက် ပေါင်းလောင်း ရှင်းလင်းဆောင်တွင် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ရှင်းလင်းတွေ့ဆုံပွဲ ရည်ရွယ် ချက်မှာ ရွှေ့ပြောင်းခံ ကျေးရွာ ၂၂ ရွာရှိ ရွာသားများ စီမံကိန်း၏ အကျိုးအမြတ် လျှပ်စစ် မဂ္ဂါဝပ် ရရှိမှု ထင်သာမြင်သာ သိရှိစေရန် ယခုကဲ့သို့ အထက်ပေါင်းလောင်း စီမံကိန်းအထိ ဖိတ်ခေါ်ကာ ရှင်းလင်းပြသပေး ရခြင်းဖြစ်ကြောင်း၊ ဒီဇိုင်းနှင့် စူးစမ်းလေ့လာရေး ညွှန်ကြားရေးမှူး အင်ဂျင်နီယာ ဦးချစ်တိုးက ဆိုသည်။

ဆက်လက်ပြီး အထက်ပေါင်း လောင်း စီမံကိန်းကို ၁၉၉၇ ခုနှစ် က စတင်တည်ဆောက်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် လုပ်ငန်းပြီးစီး ခဲ့ကြောင်း၊ အလားတူ ပေါင်းလောင်းမြစ်နှင့် ၁ဝ မိုင်ခန့် အကွာတွင်လည်း နန်းချို ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက် ပြီးဖြစ်ကြောင်းနှင့် အထက်ပေါင်းလောင်း စီမံကိန်းသည်လည်း ၁၉၆၄ ခုနှစ် ယူအန်ဒီပီ အကူအညီဖြင့် စစ်တောင်းမြစ်ဝှမ်း စူးစမ်းလေ့လာရေး အဖွဲ့မှ သတ်မှတ်လျာထားခဲ့သည့် စီမံကိန်း ဖြစ်ကြောင်း ကိုလည်း ဘူမိဗေဒဌာနခွဲ အင်ဂျင်နီယာ ဦးကျော် ငြိမ်း၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲဒုညွှန် ကြားရေးမှူး ဦးဇော်မင်းသန်း၊ ရှမ်းပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့က တက်ရောက် လာသည့် ဒေသခံရွာသားများကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် ရွှေ့ပြောင်းခံ ရွာသူရွာသားများ နစ်နာမှု မရှိစေရန် ပေးလျော်မည့် လျော်ကြေးငွေများ၊ စာသင်ကျောင်း ပြန်ဆောက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဦးဝင်းဇော်ဦးက ရှင်းလင်း ပြောကြား ရာတွင် လျော်ကြေးငွေ ပမာဏအနေဖြင့် အုန်း၊ ထန်း၊ ကွမ်းသီးတစ်ပင်လျှင် ကျပ် ၃ဝဝဝဝ၊ သရက်၊ ပိန္နဲ၊ မန်ကျည်း၊ ရှောက်၊ ဒညင်း၊ သံပရာ၊ ထောပတ်တစ်ပင် လျှင် ကျပ် ၁ဝဝဝဝ၊ မာလကာ၊ သြဇာတစ်ပင်လျှင် ကျပ် ၅ဝဝဝ နှင့် လယ်ယာမြေဖော်ထုတ်ထောက်ပံ့ကြေး အဖြစ် လယ်တစ်ဧကလျှင် ကျပ် ၉ဝဝဝဝ ဖြင့် ၅ နှစ်စာ စုစုပေါင်း ၄ သိန်း ၅ သောင်းကျပ်၊ ကိုင်းယာ တစ်ဧကလျှင် ၅ နှစ်စာကျပ် ၁ သိန်း ၅ သောင်း လက်လုပ် လက်စားများ အတွက် သီးခြားထောက်ပံ့စရိတ် ကျပ် ၃ သိန်း ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

အထက်ပေါင်းလောင်း စီမံကိန်းသည် ပျဉ်းမနားမြို့ အရှေ့ဘက် ၁၆ မိုင်အကွာ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး ၃ ခုဆုံတွင် တည်ရှိသော စီမံကိန်းဖြစ်ပြီး ရေဆင်းဧရိယာအနေဖြင့် ၉၃ စတုရန်းမိုင် ရှိပြီး အမြင့် ၁၆ဝ ပေရှိ သံမဏိ ပိုက်လိုင်းများဖြင့် သွယ်တန်း ထားရှိကာ တစ်နှစ်လျှင် ပျမ်းမျှ ယူနစ် သန်းပေါင်း ၄၅၄ သန်း ထုတ်လုပ် နိုင်မှာဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဧပြီတွင် အပြီးသတ် တည်ဆောက်သွားနိုင်မည် ဟု သိရသည်။

ဝ၈၂

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*