ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၈၊၂၀၁၂

ရန်ကုန်မြို့၊ ပြည်လမ်း၊ ရေကြည်အိုင်ကွေ့၊ တပ်ဦး ဘုန်းတော်ကြီးကျောင်းအနီး ၂၇ ရက်နေ့၊ နံနက် ၂း၃ဝ ခန့်တွင် ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားရာ လူ အယောက် သုံးဆယ်ကျော် ဒဏ်ရာရရှိ၍ အမျိုးသမီးခြောက်ဦး​ သေဆုံးကြောင်း၊ ယာဉ်တိမ်းမှောက်မှုတွင် ပါဝင် သော မနီနီအေးကပြောသည်။

တိမ်းမှောက်မှု ဖြစ်ပွားသောကားမှာ Myanmar Asia Optical မှန်ဘီလူးစက်ရုံ Sandaring ဌာနမှ အလုပ်သမား​ ခြောက်ဆယ်ကျော် စီးနင်းလာသော ၁ဝ၂ အထူးယာဉ်လိုင်းမှ နံပါတ်-၃ဂ/၃၁၉၁ ယာဉ်ဖြစ်သည်။

တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ သုံးဆယ်ကျော်ရှိပြီး၊ သေဆုံးသူအမျိုးသမီးခြောက်ဦးရှိ၍ ဒဏ်ရာရသူများတွင် အမျိုးသားနှစ်ဦးသာ ပါဝင်ကြောင်း ထပ်မံသိရသည်။ ဒဏ်ရာရသူများသည် မင်္ဂလာဒုံစစ်ဆေးရုံ၊ အင်းစိန်ဆေးရုံနှင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင် ဆေးကုသခံယူ လျက်ရှိကြသည်။ ရန်ကုန်​ ပြည်သူ့ဆေးရုံကြီးတွင် အမျိုးသမီး၁၈ဦးနှင့် အမျိုးသား၂ ဦး ဆေးကုသခံယူလျက်ရှိသည်။

ဖြစ်ပွားပုံမှာ ၂၆ နေ့ညနေတွင် အဆိုပါမှန်ဘီလူးစက်ရုံ၌ တစ်နှစ်တစ်ခါပြုလုပ်သော ပျော်ပွဲရွှင်ပွဲကံစမ်းမဲပွဲပြီးနောက် ညတစ်နာရီခွဲခန့်တွင် စက်ရုံ အချို့ဌာနမှ အလုပ်သမားများသည် ချောင်းသာသို့ ကားလေးစီးဖြင့်သွားကြရာ တတိယမြောက်ကားသည် ရှမ်းစုမှတ်တိုင်အနီး ဂတ်စ်ဆိုင်တွင် ဂတ်စ်ဖြည့်ပြီး အပြန်လမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားတိမ်မှောက်မှုသည် ကားအတွင်း သုံးယောက်စီးခုံဘက်အခြမ်း ဘယ်ခြမ်းသို့ ​စောင်း၍ လဲသွားခြင်းဖြစ်ပြီး တိမ်းမှောက်ပြီးချိန်တွင် ကားပေါ်၌ သစ်တစ်ပင် ပိလျက်ရှိကြောင်း တိမ်းမှောက်မှုတွင် ပါဝင်သော ဝန်ထမ်းအချို့ထံမှ သိရသည်။ သို့သော် မည်သည့်အတွက်ကြောင့် ကားတိမ်းမှောက်ခဲ့ရသည်ကိုတော့ မသိရပေ။

၀၁၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.